နှစ်သစ်ကူး သင်္ကြန်ကြီးနီးလာပြီ ဘာလုပ်ကြမှာလဲ လောဘဒေါသမောဟတွေနဲ့ သောက်စားပျော်ပါးပြီးနေကြမှာလား စိတ်အမှန်တကယ်အေးချမ်းစေမယ့် တရားဘာဝနာကို ပွါးများကြမှာလားဆိုတာကတော့ လူတိုင်းလူတိုင်းရဲ့ စိတ်သဏ္ဍန်တွေနဲ့ဆိုင်မယ်ထင်ပါတယ် တစ်ဦးနဲ့တစ်ဦး အယူအဆ အတွေးအခေါ်တွေက မတူလေတော့ ဘာကတော့ ကောင်းတယ် မကောင်းဘူးဆိုတာ ကာယကံရှင်တွေရဲ့ဆုံးဖြတ်ချက်တွေပဲပေါ့ အယူအဆအတွေးခေါ်တွေပေါ်မူတည်ပြီး လုပ်ဆောင်ချက်တွေ ရလာဘ်တွေ ကွာခြား သွားမှာ ကတော့ အသေအချာပေါ့ တတ်လို့တော့မဟုတ်ပါဘူး ကြားဖူးတဲ့စကားလေးကို ဝေမျှပေးချင်တဲ့စိတ်တစ်ခုတည်းပါ ကိုယ့်နောက်မပါမယ့် ပျော်ပါးမှု တွေအတွက် ကိုယ့်နောက် ကိုကောက်ကောက်ပါမယ့် အကုသိုလ်တရားတွေနဲ့မလဲမိကြပါစေနဲ့လို့ ဆန္ဒပြုပေးပါတယ်

About ဖိုးထောင်

has written 22 post in this Website..