ကျန်းမာရေးဆိုင်ရာအတွက် အသေးစားတယ်လီဖုန်းဝန်ဆောင်မှုစင်တာမကြာမီဖွင့်မည်

klnApril 28, 20101min903

အများပြည်သူနှင့်သက်ဆိုင်သော ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို တယ်လီဖုန်းနှင့်ပင် ဝန်ဆောင်မှုပေးနိုင်မည့် အသေးစားတယ်လီဖုန်းဝန်ဆောင်မှုစင်တာ( Mini Call Centre ) တစ်ခုကို ကြိုတင်ငွေချေစနစ် ( Prepaid Card) အသုံးပြုကာ မကြာမီစတင်တော့မည်ဖြစ်ကြောင်းအဆိုပါဝန်ဆောင်မှုကို ဆောင်ရွက်မည့် Blue Ocean ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးထွန်းထွန်းနိုင်ကပြောသည်။ တယ်လီဖုန်းဆက်သွယ်မှုရရှိမည့် မည်သည့်နေရာမှမဆိုအသုံးပြုနိုင်မည့်ယင်းဝန်ဆောင်မှုကို ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သော Blue Ocean မှ ပြည်ပနိုင်ငံများတွင် အဆိုပါဝန်ဆောင်မှုကို ဆောင်ရွက်လုပ်ကိုင်နေသော အတွေ့အကြုံရှိ i Topia ကုမ္ပဏီနှင့်ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်းသိရသည်။ Blue Ocean နှင့် i topia တို့ပူးပေါင်းဆောင်ရွက်မည့် အဆိုပါ Mini Call Centre အား Medical Helpline ဟူသော အမည်ဖြင့် စတင်မည်ဖြစ်ပြီး ယင်း၏ ရည်ရွယ်ချက်မှာ လူအားလုံးနှင့်သက်ဆိုင်သောကျန်းမာရေးကိစ္စရပ်များကို မိမိတို့နေအိ်မ်သို့မဟုတ် တယ်လီဖုန်းဆက်သွယ်မှုရရှိသည့်နေရာမှ ပင် (ဆေးရုံ၊ ဆေးခန်းနှင့် ဆရာဝန်များဆီသို့ ကိုယ်တိုင်သွားရောက်စရာမလိုဘဲ) ကျန်းမာရေးဆိုင်ရာ သိလိုသောကိစ္စရပ်များကို Mini Call Centre တွင် ဆွေးနွေးတိုင်ပင်ခြင်းများ အလွယ်တကူ ပြုလုပ်နိုင်ရန်အတွက် ဟုသိရသည်။ Blue Ocean အနေဖြင့် ဖုန်းဆက်သူမှ မေးမြန်းလာသော ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ အတွက်ပြည်တွင်းရှိ ပုဂ္ဂလိကနှင့် အစိုးရဆေးရုံ၊ ဆေးခန်းများ၊ ဆရာဝန်များနှင့် ချိတ်ဆက်ထားမည်ဟုသိရသည်။ မကြာမီ စတင်ဝန်ဆောင်မှုပေးနိုင်တော့မည်ဟုဆိုသော အဆိုပါ Mini Call Centre တွင် နောက်ပိုင်း၌ ဗေဒင် နက္ခတ်များနှင့်ဆိုင်သော အကြောင်းအရာများ၊ စိုက်ပျိုးရေးနှင့်ပတ်သက်သော အချက်အလက်များ၊ လူထုဆက်သွယ်ရေးနှင့် သွားလာရေးဆိုင်ရာအကြောင်းအရာများနှင့် ပြည်တွင်းဥပဒေရေးရာကိစ္စရပ်များကို တိုးချဲ့၍ ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ www.khitlunge.org.mm

3 comments

  • etone

    April 28, 2010 at 6:17 am

    ဒီထက်ပိုပြီးပြည့်ပြည့်စုံစုံလေးပြောပြလို့ရမလား ။ job vacancy announcement တွေရောလုပ်ထားသေးလား ။

  • susunosuki

    April 28, 2010 at 6:21 am

    ကောင်းတဲ့သတင်းပါပဲ
    ကျွန်တော်တို့ကျန်းမာရေး ကိုဈေးသက်သာသာနဲ့ဆွေးနွေးနိုင်တော့မယ်

  • marnat

    July 13, 2010 at 1:57 pm

    တိုးတက်မှုတစ်ခုပေါ့

Leave a Reply