ရပ်ကွတ်ထဲမှာပြောင်းလဲကုန်ပြီ

shanMarch 30, 20111min692

ဒီနေ့မှာ ရပ်ကွက်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဆိုင်းဘုတ်တွေဖြုတ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဆိုတဲ့ ဆိုင်းဘုတ်တင်ကြမှာ ဖြစ်ပါတယ်။ မနက်ဖြန် ၃၀.၃.၂၀၁၁ နေ့ နံနက် ၈း၅၅ မိနစ်မှာ တပြိုင်တည်း ပြောင်းလဲမယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးမှူးတွေကိုတော့ ပြည်သူတွေကိုအနိုင်ကျင့်နေတဲ့ လက်ရှိဥက္ကဋ္ဌတွေကိုပဲ ပြန်လည်ခန့်ထားမှာဖြစ်ပြီး လွှဲ ပြောင်းပုံကတော့ လက်ရှိ ရယက အဖွဲ့ဝင်များကိုဖယ်ရှားမယ်၊ အဆိုပါအဖွဲ့ဝင်များက လက်ရှိဥက္ကဋ္ဌကိုပဲ စာရင်းဇယား လွှဲပြောင်းပေးအပ်၊ အာဏာလွှဲပြောင်းမှာဖြစ်လို့ ပြည်သူတွေကို လှည့်စားတဲ့လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်နေကြပါတယ်။
လက်ရှိအဖွဲ့ဝင်တွေကလည်း ပြည်သူများဆီက မတရားရယူပြီး ချမ်းသာနေတဲ့ ဥက္ကဋ္ဌတွေကိုတော့ ပြန်လည်ခန့်ထားပြီး သူတို့ကို ဖယ်ပစ်လို့ မကျေမနပ်ဖြစ်နေကြတယ်။ ကြံ့ဖွံ့ပါတီမှာ အာဏာလိုချင်သူတွေကလည်း ၁၈ နှစ်လုံးလုံး ဘာခိုင်း ခိုင်း ကိုယ့်စရိတ်ကိုယ်စား လုပ်ပေးခဲ့တာ၊ အခု သူတို့က ကိုယ့်အခြေအနေကိုယ်သဘောပေါက်ပြီး ပါတီက သူတို့အပေါ် သစ္စာမရှိဘူး၊ သစ္စာမရှိတဲ့ပါတီက ထွက်မယ်ဆိုတဲ့ အသံတွေလည်း ဆူညံနေပါတယ်။
သူတို့ အသိနောက်ကျတယ်ထင်ပါ တယ်။ လက်ရှိ ဥက္ကဋ္ဌတွေကတော့ သူတိုကရှာဖွေထားတဲ့ ငွေထဲက တဦးကို သိန်း ၂ဝ လောက်ကုန်တယ်လို့ သိရပါ တယ်။ မယက ဥက္ကဋ္ဌကြီးနဲ့ ကြံ့ဖွံ့အတွင်းရေးမှူးကို ပေးရတဲ့စရိတ်၊ ဂေါက်ရိုက်ဖို့ပေးရတဲ့ စရိတ်၊ မယက ဥက္ကဋ္ဌ အိမ် ဆောက်ဖို့ ထောက်ပံ့ရတဲ့စရိတ်တွေနဲ့ဆို ဒီနေရာလေးရဘို့ သိန်း ၃ဝ လောက်ကုန်တယ်လို့ ၆၊ ၈၊ ၉၊ ၃၊ ကျောင်းကုန်း ကျေးရွာနဲ့ ၁ ရပ်ကွက်ဥက္ကဋ္ဌ တွေက ညည်းနေတာကို ပြည်သူတွေကြားမှာ ပြောစရာ သတင်းတခု ဖြစ်နေပါတယ်။ဒါပေမယ့် ၁ နှစ်မရှာရပါဘူးရယ်လို့ ကြုံးဝါးနေကြပြန်တော့ ပြည်သူတွေခမျာ လန့်ဖြန့်ပြီး သူတို့ကို ပြောင်းလဲမှုတွေလုပ် ပေးမယ်လို့ နိုဝင်ဘာ ရ ရက်မတိုင်မီက ရွေးကောက်ပွဲအနိုင်ရဖို့ ကတိတွေပေါ့ပေါ့ပေးသွားတဲ့ ကြံ့ဖွံ့ပါတီကို သူတို့မှာ ပေါ များစွာရှိတဲ့ တခုတည်းသောမေတ္တာပဲ ပို့နေကြောင်းပါ။
ပြည်သူတွေခမျာ မပြီးသေးတဲ့ တဝက်တပျက်လမ်းတွေပေါ်မှာ ဝမ်းရေးအတွက် မနည်းရုန်းကန်နေချိန်မှာ ရွှေပြည်သာ က အမတ်တွေနဲ့ ကြံ့ဖွံ့ပါတီလူကြီးမင်းများက အခွင့်အရေးတွေတောင်းပြီး မြေကွက်တွေ၊ အိမ်တွေ၊ လုပ်ငန်းတွေနဲ့ အ ဆင်ပြေနေကြောင်းပါ။ ဒါပေမယ့် မကြာခင်မှာပဲ ကြံ့ဖွံ့ပါတီက အခွင့်အရေးသမားတွေနဲ့ မမျှတမှုကြောင့် ခံပြင်းနေ တဲ့ အောက်ခြေပါတီဝင်များအကြား တင်မာမှုတွေရှိနေတာကတော့ အသေအချာပါပဲ ခင်ဗျာ။

ရန်ကုန်သားတဦး

2 comments

  • bigcat

    March 31, 2011 at 3:44 am

    အတိုက်အခံ အမတ်ဆိုသူများ သတင်းလည်းလုပ်ပါအုံး ကိုရှမ်းရေ…

  • Maung Dae`

    March 31, 2011 at 4:32 am

    ရွှေပြည်သာ ၅/၁ ရပ်ကွက် မှာရှိတဲ့ စိန်ချယ်လမ်းကို ကွန်ကရစ်ခင်းပေးမယ်ဆိုပြီး ရွေးကောက်ပွဲမတိုင်ခင်ကတည်းကိုက တစ်အိမ်ကို ၄သောင်း တစ်ချို့အိမ်တွေကို တစ်သိန်း ကောက်သွားတာ.. အခုသဲပဲလာခင်းထားတယ်.. ရပ်ကွက်ဥက္ကဌဆိုတဲ့ ငနဲသားကလည်း သောက်သုံးမကျ သုံးမရတဲ့ကောင်.. ပိုက်ဆံမရှိတဲ့အိမ်တွေကိုပဲ လိုက်ညှစ်တောင်းနေတယ်.. အခုတော့ လမ်းတွေက သဲတွေနဲ့ဖြစ်နေတော့ စက်ဘီး စီးရအဆင်မပြေဘူး.. လမ်းလျှောက်ရင်လည်း ဖိနပ်ထဲ သဲတွေဝင်.. ဒါပေမယ့် ခွေးတွေ ကြောင်တွေ ရှိတဲ့အိမ်တွေ အတွက်ကတော့ ကောင်းပါတယ်.. ခွေးလေးတွေကြောင်လေးတွေ အီအီး ပါလို့ကောင်းသွားတာပေါ့…

Leave a Reply