အမောပြေ ရယ်စရာ အတိုအထွာ

အမဲလိုက် မုဆိုးနှစ်ယောက်ဟာ သစ်တောအုပ်တစ်ခုထဲကို ရောက်နေပါတယ်။ အဲဒီမုဆိုးနှစ်ယောက်ထဲမှ တစ်ယောက်ကတော့ မြေပြင်ပေါ်မှာ လဲကျနေပါတယ်။ သူ့ပုံစံက အသက်ရှူနေလို့တောင် မထင်ရတော့ပါဘူး။ ပြီးတော့ သူ့မျက်လုံးတွေကလည်း ပြူးထွက်နေပါတယ်။ ဒါကြောင့် တခြား မုဆိုးက သူ့ဖုန်းကို ထုတ်လိုက်ပြီး အရေးပေါ်ဌာနကို လှမ်းဆက်ပါတယ်။ သူက ဖုန်းကိုင်တဲ့ သူကို အရေးတကြီးဟန်နဲ့ `ကျွန်တော့် သူငယ်ချင်း သေနေပါတယ်။ ကျွန်တော် ဘာလုပ်လို့ ရနိုင်ပါလဲ´ လို့ မေးပါတယ်။

အဲဒီအခါ ဖုန်းကိုင်တဲ့ သူက အေးဆေးစွာနဲ့ ပြန်ပြောပါတယ်။ `ဒါက လွယ်ပါတယ်။ ကျွန်တော့် အနေနဲ့လည်း ကူညီပေးနိုင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ သူ သေလား၊ မသေလားဆိုတာ သေချာအောင် ကြည့်ပါဦး´

ခဏကြာ တိတ်ဆိတ်သွားပါတယ်။ နောက်တော့ သေနတ်ပစ်သံ တစ်ချက် ထွက်ပေါ်လာပါတယ်။ အဲဒီ မုဆိုးရဲ့ အသံက ဖုန်းလိုင်းပေါ်မှာ ပြန်ပေါ်လာပါတယ်။ ပြီးတော့မှ သူက ပြောလိုက်ပါတယ်။ `အဆင်ပြေသွားပါပြီ။ ခုကော ဘာဆက် လုပ်ရဦးမှာလဲ´ လို့။