ကွန်ပျူတာမှာ Customize Tab ပျောက်နေပါသလား။

Folder တစ်ခုအတွက် Properites Window မှာ Customize Tab ကို မတွေ့တော့ဘူးဆိုရင် သင်အနေနဲ့ လုပ်ဖို့ လိုအပ်တာက ဒီပြသနာကို ဖြေရှင်းကို Registry ကို ဝင်ပြီး ပြင်ရပါတော့။ ဥပမာ အောက်မှာ ပြထားတဲ့ ပုံက Folder တစ်ခုကို ညာကလစ်တစ်ချက်နှိပ်ပြီး Properties ကို ဝင်တဲ့ အခါ Tab တွေထဲက Customize ကို တွေ့ရတာပါ။ တကယ်လို့ သင့် ကွန်ပျူတာမှာ အဲဒီလို ပါမလာဘူးဆိုရင်တော့…။ ဒါပေမယ့် တစ်ခုပြောစရာ ရှိပါတယ်။ အဲဒီ Customize Tab က Folder တွေမှသာ ပါတာပါ။ တခြားသော Drive တို့၊ Libraries တို့၊ Desktop တို့မှာတော့ ပါဝင်ခြင်း မရှိပါဘူး။

အဲဒီလို အဖြစ်မျိုး ကြုံတွေ့နေရရင် ဖြေရှင်းတတ်အောင် ဆိုပြီး ရေးပေးလိုက်တာပါ။ ဒါကြောင့် အရင်ဆုံး Registry Editor ဖွင့်ဖို့ လိုအပ်ပါတယ်။ Registry Editor ကို Start ထဲက Run box မှာ regedit လို့ ရိုက်ပြီး ဖွင့်နိုင်ပါတယ်။ Registry Editor ပွင့်လာပြီဆိုရင် အောက်မှာ ပေးထားတဲ့ လင့်ခ်အတိုင်း တဆင့်ချင်းသွားပါ။

HKEY_CLASSES_ROOT\Directory\Shellex\PropertySheetHandlers

အထက်ပါ လင့်ခ်အတိုင်း သွားပြီးပြီဆိုရင်တော့ သူ့ရဲ့ အောက်မှာ {ef43ecfe-2ab9-4632-bf21-58909dd177f0} ဆိုတဲ့ Subkey ကို ရှာကြည့်လိုက်ပါ။ ဒါပေမယ့် အဲဒီနေရာမှာ မတွေ့ဘူးဆိုရင်တော့ Registry Editor ရဲ့ Edit ကနေ Newကို သွားပြီး အထက်မှာ ဖော်ပြထားတဲ့ Subkey နာမည်ကို ရိုက်ပြီး Key တစ်ခု ဖန်တီးပေးလိုက်ပါ။

နောက်တဆင့်က HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer ဆိုတဲ့ လင့်ခ်အတိုင်းသွားလိုက်ပါ။ ပြီးတော့ Registry Editor ရဲ့ ညာဖက်က Panel မှာ NoCustomizeThisFolder ဆိုတဲ့ နာမည်ကို ရှာပြီး ကလစ်နှစ်ချက်နှိပ်ပြီး ဖွင့်ပါ။ နောက်ပြီး Value data အကွက်ထဲမှာ 0 လို့ ရိုက်ထည့်ပြီး OK ပေးလိုက်ပါ။ ပြီးရင် NoCustomizeWebView နဲ့ ClassicShell ဆိုတဲ့ နာမည်များကို ရှာဖွင့်ပြီး Value data ကို 0 လို့ ပေးလိုက်ပါ။ တကယ်လို့ သင့် ကွန်ပျူတာရဲ့ Registry Editor မှာ အဲဒီ နာမည်များ မပါနေဘူးဆိုရင် ဒီအဆင့်ကို ကျော်သွားနိုင်ပါတယ်။

နောက်ဆုံးအဆင့်အနေနဲ့ အောက်မှာ ပေးထားတဲ့ လင့်ခ်အတိုင်း သွားလိုက်ပါ။

HKEY_LOCAL_MACHINE\Software\Microsoft\Windows\CurrentVersion\Policies\Explorer

အထက်ပါ လင့်ခ်အတိုင်း ရောက်သွားတဲ့ အခါ Explorer  ရဲ့ Default key ကို တွေ့ရပါလိမ့်မယ်။ ဒါဆိုရင် သူ့ကို ကလစ်နှစ်ချက် နှိပ်ပြီး ဖွင့်ပေးလိုက်ပါ။ ပြီးတော့ သူရဲ့ Value data အကွက်ထဲမှာ 3 လို့ ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အဲဒီ 3 ကို ဖျက်ပြီး 0 လို့ ရိုက်ပြီး OK ပေးလိုက်ပါ။

ဒီအဆင့်များအားလုံးကို လုပ်ဆောင်သွားပြီးပြီဆိုရင်တော့ သင့် ကွန်ပျူတာကို Restart ချပေးဖို့လည်း မမေ့နဲ့ ဦးနော်..။

One comment

  • MTY

    March 30, 2011 at 6:07 pm

    ကျေးဇူးတင်ပါတယ်

Leave a Reply