နေ့သစ်

ဘုန်းတော်ကြီးကျောင်းဆီက

အုန်းမောင်းခေါက်သံတွေတောင် ကြားနေရပြီ။

အခန်းထဲတဝိုက် မြူးနေတဲ့

ကြွက်တွေရဲ့ ခြေသံကလည်း

တဖြည်းဖြည်းနဲ့ နားစည်ကို ရိုက်ခတ်နေရဲ့။

 

ညတုန်းက မက်ခဲ့တဲ့ အိပ်မက်ကလည်း

အလင်းရောင်နဲ့အတူ အဖော်လိုက်သွားလေရဲ့။

 

ဟော..ပြောရင် ဆိုရင်

သံဃာတော်တွေတောင် ကြွလာနေပြီ။

နေ့သစ်တစ်နေ့ကို ဖြတ်သန်းဖို့

ဘူတာရုံက ရထားကလည်း အသင့်။