သီချင်းများနဲ ့ရန်ဖြစ်ခြင်း

moonpoemMarch 31, 20111min18211

ချောစုခင်က ရဲ ့သီချင်းတစ်ပုဒ်က ပြောတယ် ဒါအချစ်လားကွယ် တဲ့။
ထူးအိမ်သင်နဲ ့မေဆွိကလည်း ပြန်ဖြေတယ် ရင်ခုန်ရင်အချစ်ပဲကွယ် တဲ့။
ခက်တာက ချောစုခင်က ပြနြ်ငင်းလိုက်တယ် ရင်ခုန်လိုက်တိုင်းအချစ်မှ မဟုတ်တာ
ဆိုတော့ အငဲက အချစ်က ခါး ခါးခါး လွန်းလှပါတယ်တဲ့။ ချမ်းချမ်းက အဲဒီ
အဆိုအမိန် ့ကို သဘောမတူဘူး ရန်ဖြစ်လိုက်တယ် တကယ်ဆိုရင် အချစ်ပဲလိုတာတဲ့လေ။
အဲလက်စ်နဲ ့မျိုးကျော့မြိုင်ကတော့ ထောက်ခံတယ်။
တကယ်ချစ်ရင် မာနတွေ ခဝါချပြီး အချစ်ရဲ ့အောက်မှာ ဒူးတွေ ထောက်ကျတယ်ဆိုပြီး
အချစ်သီချင်း ဆိုပြန်ရော။ ဘယ်သူတွေ ဘာပြောပြော ရိန်မိုးက အချစ်ဆိုတာဟာ
ကောင်းကင်က ငှက်တစ်ကောင်ပါပဲတဲ့။ နောက်ဆုံးတော့ ထွန်းအိန္ဒြာဗိုလ်ကပြောလိုက်တယ်
အချစ်ဆိုတာ ဖြေရှင်းမရတဲ့ပုစ္ဆာပါပဲ။ ကျွန်မကတော့ Blach Hole ရဲ ့အချစ်=အချစ်က
အရှင်းလင်းဆုံးလို ့ထင်ပါတယ်။ အားလုံးရော ဘယ်လိုထင်ကြသလဲ။

ချစ်တတ်ရင်လွမ်းတတ်တယ်ဆိုတော့အလွမ်းအကြောင်းဆက်ရအောင်။
လေးဖြူရဲ ့အလွမ်းများ အကြောင်းက နေစပြောပြမယ်လေ။ မီးမီးခဲက ဒီရင်မှာ လွမ်းတယ် လွမ်းတယ်
ငါမင်းကို လို ့မိန်းကလေးတန်မဲ့ ညည်းတွားတယ်။ မေစံပယ်ညိုရဲ ့အလွမ်းနေ ့ရက်ရှည် တွေကိုလည်း
Lဆိုင်းဇီက မလွမ်းရဲသေးဘူး မောင်ရယ်လို ့ပြောလိုက်တယ်။ ဒါပေမယ့် စိုင်းစိုင်း
ကမာနကြီးတယ်မလွမ်းလောက်ပါဘူး ဆိုတော့ ဆိုင်းဇီစိတ်ဆိုးသွားလားမသိဘူးနော်။

ကျွန်မဒီစာရေးနေတုန်းလမ်းထဲကသီချင်းဖွင့်တာကြားလိုက်ရတယ်။ မိုးမိုးကငါမှားလားမင်းမှန်လားတဲ့။ ငါ့ဘက်ကမှားတာပါ အားလုံးကအမှန်ပဲလေဆိုပြီး လင်းလင်းက တောင်းပန်နေတယ်။
ဂျီလတ်ကတော့ ဘက်မလိုက်ရှာပါဘူးနှစ်ယောက်စလုံးမှားခဲ့တယ် အချိန်လွန်မှ ပြောင်းလဲဖို ့ခက်တယ်ဆိုပြီး ရှင်းပြနေတယ်။ နောက်ဆုံးတော့အောင်လကငါမှားတာရှိရင်တောင်းပန်ပါတယ်ဆိုတဲ့ သီချင်းနဲ ့တောင်းပန်လိုက်တယ်။

တော်ပါပြီ ကျွန်မ သီချင်းတွေ ဆက်နားမထောင်တာပဲ ကောင်းပါတယ်။ တစ်ယောက်တစ်မျိုးစီ
စိတ်ထဲရှိတာ ခံစားရတာတွေ ရေးချတယ်ဆိုတော့ တူမှာလည်း မဟုတ်ပါဘူး။

11 comments

  • naywoonni

    March 31, 2011 at 5:37 am

    ချစ်ကောင်းက အစတုန်းက ချစ်ဖူးတယ် ချစ်ဖူးတယ်နဲ့အော်နေပြီး နောက်ကျတော့မှ ဒါဟာ အချစ်တဲ့လားတဲ့ လေ……. ဘယ်လိုလုပ်မလဲ?

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 31, 2011 at 6:00 am

    အဲလက်စ်က ငါမင်းကိုသတ်ချင်တယ် ပြောတော့
    ပလေးဘွိုင်းသန်နိုင်က ကြပ်ပေးတယ် မချစ်ရင်အသသတ်တဲ့

  • juttue.gyi

    March 31, 2011 at 10:24 am

    အဟီးးးးး ကျတော်ကျတော့ ဘာဘူရဲ့ လက်မ
    “မနဲ့တူတာဆိုလို့ လက်မဘဲရှိတယ်ဗျို့”.

  • naywoonni

    March 31, 2011 at 3:07 pm

    ကို(ဦး)ကျော်က အချစ်နဲ့ အချစ်ကိုယူမယ် ရောင်ပြန်ဟတ်တဲ့ အချစ်ရှိလားဆိုတော့ ဂျက်မြသောင်းက မချစ်နဲ့မချစ်နဲ့ မှားမယ်တဲ့..။ ဘယ်နှာကြီးလဲ

  • kopauk mandalay

    March 31, 2011 at 4:38 pm

    နောက်ဆုံးကြတော့ ငြိမ်းငြိမ်းအိ ရောမခိုင်ရယ်ရော ဝန်ခံလိုက်ကြပါတယ်။
    မချစ်ရင်မနေနိုင်တာက လွဲလို့ …………………………………………….

  • nature

    March 31, 2011 at 5:10 pm

    စိတ်ကူးလေးကောင်းပါတယ်၊သီချင်းခေါင်းစဉ်တွေတော်တော်သိတာပဲ၊ moonpoem ကအသက်ငယ်မယ်ထင်တယ်၊သီချင်းလည်းတော်တော်စိတ်ဝင်စားပုံရတယ်။

  • Gong Zhu

    April 1, 2011 at 8:24 am

    ဆုန်သင်းပါရ်က အကြင်နာတစ်ကယ်စစ်ရင် အသွားနဲ့အပြန်ရှိမှာတဲ့ … ကောင်မလေးက ရည်းစားစကားပြောလို့ပါးချရင် ကိုယ်ကပြန်ချပစ်လိုက် … အသွားနဲ့အပြန်ရှိအောင်လို့ … 😛

  • nature

    April 1, 2011 at 5:27 pm

    ကာအိန္ဒြေဖျက်ဆီးမှုနဲ့ အရေးယူခံနေရဦးမယ်။

  • char too lan

    April 2, 2011 at 5:09 am

    ပါသွားရင်တော့ တကယ်မလွမ်းလောက်ပါဘူး
    ဂျက်မြသောင်းလိုပဲပြောလိုက်တော့မယ် နောက်လူမြည်းရင် ချိုပါစေ လို့………..

  • kokoover

    December 6, 2011 at 10:37 pm

    နည်းနည်းလေးတော့လွဲနေတယ်
    လွဲလွဲလေးလည်းကောင်းပါတယ်
    စိတ်ကျေနပ်ရည်ပြီးတာပဲ……ကိုငှက် ဆိုထားတယ်နော့

  • ဒီပိုစ်ထင်တာဘဲ နောက်တစ်ယောက်က ဒီရွာထဲမှာဘဲပြန်တင်တာ။
    ဖော်ဝပ်မေးကနေရတာပါ ခရက်ဒစ်မမေးမိလို့ပါနဲ့ပြီးသွားတယ်ထင်တာဘဲ။
    ကျနော်အမှတ်မမှားဘူးဆိုရင်ပေါ့.။

Leave a Reply