ဗုဒ္ဓ၏ အရိယသစ္စာ လမ်းညွှန်

ashinariyaMarch 31, 20111min77

ဗုဒ္ဓမြတ်စွာ၏ အရိယသစ္စာတရားနှင့် ဗြဟ္မဏဝါဒ ပရ­မတ္တသစ္စာဒဿနတို့နှင့် ဗုဒ္ဓ၏ ကံ/ ဂျိန်းကံတို့အား ကွဲကွဲပြားပြား သိရှိဖို့လိုအပ်ပါတယ်။   ဒါ့ကြောင့် ဗုဒ­္ဓဓမ္မစီးဆင်းခဲ့သည့် အတိတ် သမိုင်းကို သေသေချာချာ လေ့လာနိုင်ကြပါစေ။ သမိုင်းကို မသိရင် လူအ ဖြစ်လိမ့်မယ်လို့ သမိုင်း ပညာရှင်တစ်ဦးက ဆိုထားပါတယ်။

ထပ်ပြီးတော့ သမိုင်းကို တလွဲသိနေရင် ရူးလိမ့်မယ်။ မိမိတို့ ရိုးရာစွဲ၊ ဆရာစွဲ၊ နည်းစွဲ၊ ဝါဒ စွဲများဖြင့် အသိဉာဏ်များ မပိတ်ထားကြပါနှင့်။  ဖွင့်ထားသော မျက်စိ၊ နား၊ ဉာဏ်တို့ဖြင့် နှိုင်းယှဉ် လေ့လာကြပါ။

ရှေ့ဘဝ၊ နောက်ဘဝစွဲ ဂျိန်းဝါဒ စိတ်ကူးယဉ်အယူအဆနှင့် လူ့တန်ဘိုးမဲ့အောင်၊ လူ့ဝတ္တ ရားတွေ ပျက်ကွက်အောင်  တစ်ကိုယ်ကောင်းဝါဒ ပရမတ္တသစ္စာ ဗြဟ္မဏဒဿနတို့ဖြင့်  ဖုံးလွှမ်း ခြင်း ခံနေရသော ဗုဒ္ဓ၏ ရိုးရှင်းသည့် အရိယသစ္စာနှင့် ကံကိုသိရှိနိုင်စေရန် ရည်ရွယ် ဆောင်ရွက် ထားခြင်းဖြစ်ပါတယ်။

ရှေ့ဘဝ၊ နောက်ဘဝအစွဲနှင့် ပရမတ္တသစ္စာဒဿနတို့ဖြင့် အိပ်ပျော်နေကြသော မိတ်ဆွေများ အိပ်ခြင်းမှ နိုးထနိုင်ကြပါစေ။

ဓမ္မ E-book စာအုပ်များ လေ့လာလိုပါက    http://sites.google.com/site/ sayamvasi/toe-bookspage အင်တာနက် လိပ်စာတွင် download ဖြင့် ရယူနိုင်ပါသည်။ လေ့လာဖို့အတွက် နောက်ထပ်လိပ်စာကတော့ http://myanmarengineer.org/forums/archive/index.php/t-2632.html ဖြစ်ပါတယ်။

Mp.3 အသံတရားများကို http://ariyadhamma.multiply.com/အင်တာနက် လိပ်စာတွင် download ဖြင့် ရယူနိုင်ပါသည်။

4 comments

  • bigcat

    April 1, 2011 at 2:44 am

    ရွာထဲမှာ ဆရာတော်ဦးအိန္ဒက္ကအပြင် ဆရာတော်နောက်တပါး တိုးလာလို့ ဝမ်းသာရပါသည်။ ပုံမှန်ဖတ်နေကြ ဘာသာရေးဆုံးမစာများနှင့် ရေးသားပုံမတူသော လူပြိန်းများ လူမိုက်များနှင့် ရင်းနှီးကျွမ်းဝင်မည့် စာများကို စောင့်မျှောလျက်ရိပါကြောင်း ရှိခိုဦးတင် လျောက်ထားပါသည် အရှင်ဘုရား။

  • char too lan

    April 1, 2011 at 6:35 am

    ရှေ့ဘဝ၊ နောက်ဘဝစွဲ ဂျိန်းဝါဒ စိတ်ကူးယဉ်အယူအဆနှင့် လူ့တန်ဘိုးမဲ့အောင်၊ လူ့ဝတ္တ ရားတွေ ပျက်ကွက်အောင် တစ်ကိုယ်ကောင်းဝါဒ (ဘယ်လိုဝါဒမျိုးလဲ တပည့်တော် သိပါရစေ)
    ပရမတ္တသစ္စာ ဗြဟ္မဏဒဿနတို့ဖြင့် ဖုံးလွှမ်း ခြင်း ခံနေရသော (ဘယ်လိုနေရာမျိုးမှာပါလဲ တပည့်တော် သိပါရစေ)
    ဗုဒ္ဓ၏ ရိုးရှင်းသည့် အရိယသစ္စာနှင့် ကံကိုသိရှိနိုင်စေရန် ရည်ရွယ် ဆောင်ရွက် ထားခြင်းဖြစ်ပါတယ်။
    ရှေ့ဘဝ၊ နောက်ဘဝအစွဲနှင့် ပရမတ္တသစ္စာဒဿနတို့ဖြင့် အိပ်ပျော်နေကြသော မိတ်ဆွေများ (ဘယ်လိုလူမျိုးများပါလဲ တပည့်တော် သိပါရစေအရှင်ဘုရား….) အိပ်ခြင်းမှ နိုးထနိုင်ကြပါစေ။

  • ashinariya

    April 3, 2011 at 6:24 am

    ရှေ့ဘဝ၊ နောက်ဘဝစွဲ ဂျိန်းဝါဒ စိတ်ကူးယဉ်အယူအဆနှင့် လူ့တန်ဘိုးမဲ့အောင်၊ လူ့ဝတ္တ ရားတွေ ပျက်ကွက်အောင် တစ်ကိုယ်ကောင်းဝါဒ (ဘယ်လိုဝါဒမျိုးလဲ တပည့်တော် သိပါရစေ)
    ပရမတ္တသစ္စာ ဗြဟ္မဏဒဿနတို့ဖြင့် ဖုံးလွှမ်း ခြင်း ခံနေရသော (ဘယ်လိုနေရာမျိုးမှာပါလဲ တပည့်တော် သိပါရစေ)
    ဗုဒ္ဓ၏ ရိုးရှင်းသည့် အရိယသစ္စာနှင့် ကံကိုသိရှိနိုင်စေရန် ရည်ရွယ် ဆောင်ရွက် ထားခြင်းဖြစ်ပါတယ်။
    ရှေ့ဘဝ၊ နောက်ဘဝအစွဲနှင့် ပရမတ္တသစ္စာဒဿနတို့ဖြင့် အိပ်ပျော်နေကြသော မိတ်ဆွေများ (ဘယ်လိုလူမျိုးများပါလဲ တပည့်တော် သိပါရစေအရှင်ဘုရား….) အမေးအတွက်

    အကြံပေးခြင်တာက http://ariyadhamma.multiply.com တွင် ရှိသော တရားတော်များကို တစ်ပုဒ်ချင်း သေသေချာချာနာကြားကြည့်ပါ။

    မိမိအယူနဲ့ တူမတူ တိုက်ကြည့်ပြီး နာကြားတာထက် ဟောကြားထားသည့်ဆရာတော်၏ ဆိုလိုချက်ကို ထိထိမိမိ သိရှိအောင် နာကြားပေးပါ။

    အိပ်ခြင်းမှ နိုးထနိုင်ကြပါစေ။

  • meengelay

    April 3, 2011 at 9:01 am

    ကျေးဇူးတင်ပါတယ်..

Comments are closed.