ရေပန်းဥယျာဉ်ထဲ မှာ ကင်မရာ တလုံးကို အခွန် ၂၀၀၀ တောင်းလို့ မပေးချင်လို့ ဘာမှ မရိုက်ဘဲ နေခဲ့တာ.. အတွင်းက ရေပန်းတွေကတော့ သိပ်တော့ ထူးဆန်းလှတယ် မဟုတ်ပေမဲ့.. လှေကြီးကိုတော့ အမှတ်တရ ရိုက်ယူခဲ့တယ်။ သတင်းအနေနဲ့တော့ သိပြီးသား ဖြစ်မှာပါ။ အခုမှ တွေ့လို့ ရိုက်လာတာ.. အားပေးကြအုန်းပေါ့။

သင်္ကန်းနက် လှေသမိုင်း
သင်္ကန်းနက် လှေတော်ကို နေပြည်တော် လွတ်တော် အဆောက်အအုံ အနီး ငလိုက်ချောင်းနှင့် ချောင်းမကြီး ဆုံရာ နေရာတွင် ဘီစီ ၂၀၀၇ မတ်လ ၂ရက်တွေ့တွင် တွေ့ရှိခဲ့သည်။
အလျား ၄၃ပေ အနံ ၂ပေ၆လက်မ လုံးပတ် ၁၀ပေ ရှိသော သင်္ကန်းနက် တစ်ပင်တည်းကိုသာ ထွင်းလုပ်ထားသော ရှေးဟောင်းလှေတော်ကြီး ဖြစ်ပါသည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ ခန့်က ကုန်းဘောင်မင်းဆက် ပုဂံမင်းလက်ထက်က ပျဉ်းမနား ဒေသတွင် စံမြန်းစဉ်က တည်ဆောက် အသုံးပြုခဲ့သော လှေတော်များ အနက် တစ်ခုဖြစ်ကြောင်း သမိုင်း အထောက်အထားများ အရ သိရှိရပါသည်။

About ဆူး

has written 398 post in this Website..