နေပြည်တော် ရေပန်းဥယျာဉ်

ဆူးMarch 31, 20111min1216

ရေပန်းဥယျာဉ်ထဲ မှာ ကင်မရာ တလုံးကို အခွန် ၂၀၀ဝ တောင်းလို့ မပေးချင်လို့ ဘာမှ မရိုက်ဘဲ နေခဲ့တာ.. အတွင်းက ရေပန်းတွေကတော့ သိပ်တော့ ထူးဆန်းလှတယ် မဟုတ်ပေမဲ့.. လှေကြီးကိုတော့ အမှတ်တရ ရိုက်ယူခဲ့တယ်။ သတင်းအနေနဲ့တော့ သိပြီးသား ဖြစ်မှာပါ။ အခုမှ တွေ့လို့ ရိုက်လာတာ.. အားပေးကြအုန်းပေါ့။

သင်္ကန်းနက် လှေသမိုင်း
သင်္ကန်းနက် လှေတော်ကို နေပြည်တော် လွတ်တော် အဆောက်အအုံ အနီး ငလိုက်ချောင်းနှင့် ချောင်းမကြီး ဆုံရာ နေရာတွင် ဘီစီ ၂၀၀ရ မတ်လ ၂ရက်တွေ့တွင် တွေ့ရှိခဲ့သည်။
အလျား ၄၃ပေ အနံ ၂ပေ၆လက်မ လုံးပတ် ၁ဝပေ ရှိသော သင်္ကန်းနက် တစ်ပင်တည်းကိုသာ ထွင်းလုပ်ထားသော ရှေးဟောင်းလှေတော်ကြီး ဖြစ်ပါသည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၅ဝ ခန့်က ကုန်းဘောင်မင်းဆက် ပုဂံမင်းလက်ထက်က ပျဉ်းမနား ဒေသတွင် စံမြန်းစဉ်က တည်ဆောက် အသုံးပြုခဲ့သော လှေတော်များ အနက် တစ်ခုဖြစ်ကြောင်း သမိုင်း အထောက်အထားများ အရ သိရှိရပါသည်။

6 comments

  • weiwei

    March 31, 2011 at 2:59 pm

    ညဘက်လဲ ဖွင့်ထားတာလား?
    မရောက်ဖူးသေးဘူး … ဝင်ကြေးဘယ်လောက်ယူသလဲ ?

    • manawphyulay

      July 26, 2011 at 11:57 am

      လူဝင်ကြေးက ၂၀ဝ ၊ ကားဝင်ကြေးက ၅၀ဝ ဖြစ်ပြီး ကင်မရာခွန်ကတော့ တစ်ထောင် ပေးခဲ့ရပါတယ်။ ဥယျာဉ်ပိတ်ချိန်ကတော့ ည ၉ နာရီဖြစ်ပါတယ်။

  • ဆူး

    March 31, 2011 at 3:21 pm

    ညဘက် အရမ်းစည်ကားတယ်။ ည ၁ဝနာရီ အထိဖွင့်တယ် ထင်တယ်။ ဆူး ရောက်တဲ့ အချိန် ည ၈ခွဲ ဖြစ်နေပြီ။ လူတွေက တနေကုန် လည်ပတ်ပြီး ပူနေတာ ရေပန်းဥယျာဉ်ထဲမှာ ရေတွေ ဆော့ပြီး ရေချိုး နေကြတယ်။ ကလေးတွေကလည်းကစားစရာ မျိုးစုံနဲ့ တော်တော် စည်တယ်။

  • MaMa

    April 1, 2011 at 3:24 am

    ရေဆော့ပြီး အဝတ်အစားလဲဖို့နေရာကော ရှိလား။ စင်္ကာပူက Wild Wild Wet မှာဆို သင်္ကြန်ကျသလိုပဲ။ ရေကို မျိုးစုံဆော့လို့ရတယ်။ အဲဒီမှာဆို တစ်ကိုယ်လုံး ရွှဲရွွှှဲစိုပဲ။ ပြီးရင် ရေချိုးဖို့၊ အဝတ်အစားလဲဖို့ နေရာတွေလည်း အများကြီးပဲ။ ဲပြီးရင် စားသောက်ဆိုင်တန်းနဲ့ စတိုးဆိုင်တွေလည်း ရှိတယ်။ အပန်းဖြေစခန်းတစ်ခု ပီပြင်တယ်။

  • Gong Zhu

    April 1, 2011 at 6:06 am

    တော်တော်ကို မိုက်တာလား … သွားလည်ချင်သားတော့ … ဟိုတယ်က တစ်ညကိုဘယ်လောက်လဲ … Royal Naypyidaw hotel ကလေ …

  • ဆူး

    April 1, 2011 at 12:55 pm

    ရေဆော့နေတဲ့ နေရာတွေ တော့ တော်တော် များတယ်။ ကလေးတွေ လူကြီးတွေ တော်တော် ပျော်နေကြတာဘဲ။ ရာသီဥတုကလည်း ပူတော့ ရေပန်းက ထွက်တွေကော ရေကန်တွေကော လျောစီးတွေကော ဆော့ပြီး အအေးဓါတ်ယူနေကြတာ။ ဓါတ်ပုံတော့ အခွန်မဆောင်ထားလို့ မရိုက်ခဲ့ဘူး။ အခုဟာက လူရှင်းတုန်း မှတ်လမ်းယူခဲ့တဲ့ သဘောပါဘဲ။

Leave a Reply