ဥပ္ပါတသန္တိ စေတီ

ဆူးMarch 31, 20113min2258


အဝေးတစ်နေရာ ကနေဘုရားကြီးကို မြင်တွေ့ရတာ ဖြစ်ပါတယ်။


null


ဘုရားပေါ်ကနေ မြင်တွေ့ရတဲ့ ကားရပ်နားကွင်း


အောင်မြေ နေရာ ဖြစ်ပါတယ်။


ဟိုးအဝေးက မြင်နေရတဲ့ လွမ်းတောင်က စေတီလေး ဖြစ်ပါတယ်။


ဖြူဖြူ အတန်းလေးက လွတ်တော် အဆောင်အုံ ဖြစ်ပါတယ်။ ကင်မရာ ဇွန်းရသလောက် ဆွဲရိုက်ပေမဲ့ သိပ်မမြင်ရဘူး ဖြစ်နေတယ်။


လမ်းမီးတွေ ထိန်ထိန်ငြီးနေတဲ့ လမ်းမကြီး တွေ နဲ့ အဆောက်အအုံတွေကို ရိုက်ယူထားတာ ဖြစ်ပါတယ်။

ဘုရား အတွင်း ပတ်လမ်း မှ ပုံအချို့…


သူအိုသူနာ ရဟန်း မြင်ပြီး တောထွက်တော်မူခန်း


တောထွက်တဲ့ အခန်း


ဘုရားမဖြစ်ခင် ၆နှစ် ကျင့်စဉ် အခါ ဒုက္ခရ စရိယာ ကျင့်ခဲ့တာကို ပြတဲ့ အကွက် ဖြစ်ပါတယ်။


မာန်နတ် စစ်တပ် ကို အောင်တော်မူခန်း


အလည်အတွင်းမှာ ရှိတဲ့ ဘုရားဖြစ်ပါတယ်။

8 comments

  • Gong Zhu

    April 1, 2011 at 6:05 am

    နေပြည်တော်ကလား … တော်တော်သပါယ်တယ်နော် ..

  • MaMa

    April 1, 2011 at 1:44 pm

    ပန်းချီပုံတွေက ဘာနဲ့လုပ်ထားတာလဲ။ ဘယ်သူ့လက်ရာလဲ မသိဘူးနော်။

  • ဆူး

    April 1, 2011 at 2:08 pm

    စကျင်ကျောက်မှာ ထွင်းထားတာပါ။ အတော် အဖိုးတန်မယ် ထင်ပါတယ်။ လက်ရာတွေကလည်း အရမ်းကို သေသပ်လှပါတယ်။

  • weiwei

    July 3, 2011 at 3:25 pm

    အထဲကို ဝင်သွားတာနဲ့ အေးချမ်းတဲ့ ခံစားမှုကို ခံစားရပါတယ် … အပြင်မှာတော့ တော်တော်ပူတယ် …

    • ဆူး

      July 3, 2011 at 3:35 pm

      ဆူး က ညနေပိုင်း ရောက်သွားတာ ဆိုတော့ လူတွေ တော်တော် များများ ရှိတယ်။ ညဘက် ဘုရားပေါ်မှာ မပူတော့ဘူး။

  • fatty

    July 3, 2011 at 3:41 pm

    မရောက်ဖူးသေးဘူး = မရောက်သေး + မဖူးရသေး
    ကျေးဇူးတင်ပါတယ် ကုသိုလ်ရေးလေးတွေတင်ပေးတာ။

  • shweminthar

    July 3, 2011 at 4:25 pm

    ညဘက် ဆိုတော့ ဘုရားရင်ပြင်တော်မှာ အေးနေမှာဘဲနော်
    လေလဲ တော်တော် တိုက်မှာ….
    ဘုရားရင်ပြင်ပေါ်မှာ တစ်ယောက်တည်းလူသူမရှိတဲ့အချိန် နေချင်မိတယ်။
    ဆယ်အိမ်ကြားကိုးအိမ်ကြား ဘုရားစာ အော်ရွတ်တတ်သူများနှင့်ဝေးရာမှာ ခေါင်းလောင်းသံလေးတွေ နားထောင်ရင်း တစ်ယောက်တည်း အေးအေးချမ်းချမ်းနေချင်တယ်။

  • mozillamedia

    July 4, 2011 at 5:24 pm

    ခေတ်မှီပါတယ်…. အကောင်းဆုံးတွေ ရွေးလုပ်ထားမှန်းလည်း သိသာပါတယ်……
    ဒါပေမယ့်….ဒါပေမယ့်….. ရွှေတိဂုံပေါ်က အေးချမ်းမှုမျိုးတော့ မရပါဘူး…..
    အာဏာရှင်နဲ့ ကြောက်ရွံ့ခြင်းတွေ ရောပြွန်းနေတဲ့ အငွေအသက် တွေတင်ကျန် နေဆဲပါ….
    ရန်ကုန်ဘုရားမှာ သန့်ရှင်းရေးက ဝန်ထမ်းသာမက သဒ္ဒါရှင် တွေရဲ့ လုပ်အားတွေပါ ပါလို့ ကြည်လင်တဲ့သန့်ရှင်းမှုမျိုး ရှိနေပြီး…. နေပြည်တော်ဘုရားမှာက ဝန်ထမ်းတွေ ကိုဇွတ်အတင်း ခိုင်းထားတဲ့ပုံရှိပြီး ….. သန့်ရှင်းရေးလစ်ဟာ မှုတွေ ကို ကြည့်လေကြည့်လေ တွေ့လေတွေ့လေပါပဲ…..

Leave a Reply