မတူကွဲပြားခြင်းတဲ့.လား.။ ကျွန်တော်က ဒီလိုမမြင်ဘူးဗျ.။ ကျွန်တော်တို့ နေရာဒေသဟာ ကမ္ဘာ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံရဲ့ အယူအဆ ၊အတွေးအခေါ် ယုံကြည်မှု အားလုံးကို လက်သင့်ခံထားတဲ့ နေရာဒေသ တစ်ခုလို့ပဲမြင်မိတယ်..။ ဘာကိုအဓိကထားလဲလို့ ပြောရအောင် လည်းမယ်မယ်ရရ ပြောလို့မရဘူး။ ရှေးထုံးမပယ်နဲ့ တဲ့ ။ ဒီစကားလုံးနဲ့ ချုပ်ကိုင်ထားပြီး ကိုယ့်အရင်က လုပ်ခဲ့သမျှ တွေးခဲ့သမျှ အတွေးအခေါ်အယူအဆတွေကိုလည်း ပြန်လည်ဆန်းစစ်ခြင်းမရှိပဲ လက်ခံထားကြတာပဲ..။ နတ်။ဗေဒင်။နက္ခတ္တ..။လက်မလွှတ်ဘူး။ ဒီကြားထဲ ဘာဂန္ဓာရီ ညာဂန္ဓာရီ ၀င်လာသေးတယ်။ ၀ိဇ္ဖာမှာ လိပ်စာမရှိဘူးဆိုလည်း ယုံလိုက်တာပဲ။ ပြီးတော့ စာကလေးဗေဒင်ဆိုလည်း လာဦး ထဲက..။ နောက်ရှိသေးတယ်..။ ဂဏန်းဗေဒင်တဲ့..။ ဟော ထီဗေဒင်တဲ့…။ ပေသီးနှိုက်တဲ့ ထီကိုတောင်ဗေဒင်က လက်မလွှတ်ဘူး။ ဟော ဘိုးတော်တဲ့ မယ်တော်တဲ့ လက်အုပ်လေးချီလို့..။ လာဦးမယ် အန်ကုံးတို့ ကွမ်ရင်မယ်တော်တို့..။ လက်မနှေးစေရဘူး။ လက္ခဏာ ကျပြန်တော့ အရှေ့တိုင်းကဘယ်လို..။ ကိုင်ရိုက သည့်နှယ်..။ ဟိုဆရာမသေခင်က ပေးသွားတဲ့ပညာက ဘာတဲ့ တားရော့ခ် ဆိုလား ။ ဖဲချပ်နဲ့ ဟောတဲ့ဗေဒင်တဲ့..။ ကျန်သေးတယ် အကြားအမြင်တဲ့ အောက်လမ်း အထက်လမ်းတဲ့..။ စုံလို့..။ သိုက်ဆရာ ဆိုတာလည်းရှိသေး..။ ပူဇော် ပသတဲ့ အရာတွေကလည်း များမှများ။ ထန်းရည်ခေတ်ကသေတဲ့ နတ်ကလည်း ဂျော်နီဝါးကားမှဆိုလား။ ဘဲဥကျွေးပြီးတော့ အဆဲခံလားခံရဲ့..။ တော်တော်ရှုပ်တဲ့သူတွေ..။ အင်းကွက်ဆွဲ မီးရှို့ ပြာချသောက်တဲ့သူတွေကသောက်.။ ဂိုဏ်း ဂဏတွေကပေါမှပေါ..။ အတိတ်..။နမိတ် တဲ့ တဘောင်တဲ့..။ သေတဲ့သူက ပူးပြောတယ်ဆိုတော့လည်း ယုံလိုက်တာပဲ။ သေပြီးတဲ့နောက်ဘယ်ဘယ်နှစ်ဘ၀ပြောင်းသွားပြီး မှန်းတောင်သိနိုင်တာမဟုတ်ဘူး..။ လူသေပြီးမှ သရဏဂုဏ်ထတင်ကြတာက အရူးထမှုသက်သက် ဘယ်သူကမှလည်းထောက်မပြကြဘူး..။ အိပ်မက်ကျမ်းဆိုတာလည်း ဖတ်ရသေးတယ်။ ယတြာ တဲ့ ဓါတ်ဆင်ဓါတ်ရိုက်တဲ့..။ တော်တော်အပြောကောင်း..။ သူပြောသလိုမလုပ်ရင်ပဲ ချက်ချင်းသေတော့မလို..။ သင်္ကြန်စာဆိုတာရှိသေး။ တန်ဆောင်မုန်းလပြည့်ကျော်တာနဲ့ နောက်နှစ်အတွက် ဝေ ပြီ။ အဲ..အော်ဟစ်ရောင်းကုန်ပြီ..။ ကျန်တာမှန်မမှန်တော့မသိဘူး။ စိတ်ကုန်စရာကောင်းတာက အဲဒိအထဲမှာပါတဲ့အတိုင်း သင်္ကြန်အတက်အကျ လိုက်လုပ်ရတာပဲ..။ သတိထားမိတဲ့သူတွေကတော့ ထားမိမှာပေါ့..။ ရက်သားသမီး ပြဿဒါး ရက်ရာဇာ နဂါးလှည့်တဲ့ ။ အိမ်ဆောက်တာတောင်နေ့သင့်နံသင့်တဲ့..။ ချမ်းခြောက်ထားတဲ့စကားရှိသေးတယ်။ နတ်နဲ့နဂါး မလှည့်စားနဲ့တဲ့..။ ဘာကန့်တော့ပွဲ ညာကန်တော့ပွဲနဲ့ အုန်းပွဲ ငှက်ပျောပွဲတွေကလည်း ဗုဒ္ဓဆင်းတော်တော်အောက် ရောက်လိုရောက်နဲ့..။ အဲဒိတော့ ဘာတဲ့ ထေရ၀ါဆိုတာ။ အပြင်မှာ တစ်ကယ်ရှိသေးရဲ့လား စဉ်းစားစရာဖြစ်လာပြီနော်။ စာထဲပေထဲမှာတော့ ထည်ထည်ဝင်ဝင်ရှိနေသေးတာပဲ ၀မ်းသာအားရဖတ်ရှုနေရတယ်။ ယုံကြည်မှုပဲစုံသလားမဟုတ်ဘူး။
ဟိုအရင် ကျန်ကျောင်းခောတ်ကလည်း ကျန်ကျောင်းမို့..။ခု ကိုရီးယားခေတ်ကျတော့လည်း ကိုရီးယားနှယ်..။ စကားအပြောအဆို အမူအရာ က အစ။ အ၀တ်အစားအဆုံး။ လိုက်မတုတာ မလေ့လာတာက သူတို့တွေ ဘာပညာတွေသင်သလဲ။ ဘာလုပ်ငန်းတွေလုပ်ကြပြီး ဘယ်လောက်ဝင်ငွေရှိလဲ။ မသိမသိ။။ အစားအသောက် အ၀တ်အစားအနေအထိုင် သူတို့မသိတာမရှိ။ ဒီဗွီဒီ ရောင်းတဲ့ ဆိုင်သွားကြည့် ပေါသလိုက်သမျှ ဇာတ်ကားတွေ တစ်သက်လုံးကြည့်လို့တောင်ကုန်မှာမဟုတ်ဘူး။ ဒါကိုပဲ အလုအယက် ရွေးနေတဲ့ ကောင်မလေးတွေ..။ ကောင်လေးတွေက လည်းကိုရီးယားတာပဲ..။ သူတို့က အခန်းတံခါးပိတ်ကြည့်ရတဲ့ ဇာတ်လမ်းမျိုးရွေးတာ..။ ဒစ်စ်ပြားမြင်လိုက်တာနဲ့ ဒါကြည့်ပြီးသားလား အသစ်လားသိနေတယ်ဆိုပဲ..။ ဟော လ္ဘက်ရည်ဆိုင်အ၀င်မှာကြားလိုက်သေးတယ်။ အမေရိကန် စစ်စတန်နော်တဲ့..။ သဘောကကိုယ်စားတာကိုယ်ရှင်းပေါ့..။ အိမ်း ရုပ်ရှင်တွေ ဗွီဒီယိုတွေကြည့်ဦးမလား အရင်က မြန်မာကားကြည့်ပြီးရင် အိန္ဒိယ ကကား ကြည့်စရာမလိုဘူး။ ခု ကိုရီးယားကားကြည့်စရာမလိုဘူး။ အဲ ကိုရီးယားကားက ကြည့်ပြီးသားဆိုတော့ မြန်မာကားလက်လွှတ်ထားလို့ရပြီ။ ဒီလောက်ပဲ ။တော်ပြီ။ ကိုယ့်လူတွေ သောက်သုံးမကျတာနဲ့ အခြား ဘာသာတွေလူတွေ သွားထိခိုက်လို့မဖြစ်ချေဘူး။ တော်ကြာ သူကြီးက ဆူနေဦးမယ်။
ကျွန်တော်တို့နေရာလေးဟာ ပန်းပေါင်းစုံပင့်နေတဲ့နေရာလေးပါ..။ ပန်းပင်တွေကိုတော့ ရေလောင်းပေါင်းသင်လုပ်မဲ့သူမရှိပါဘူး။ ခြောက်တဲ့အပင်ကခြောက် သေတဲ့အပင်ကသေနဲ့ မိုးရွာတော့ မိုးေ၇နဲ့ရောပြီး ပုတ်အဲ့အဲ့ ထွက်နေတဲ့နေရာကလည်း နံစော်နေတာပါပဲ..။ ဘယ်သူမှ လာပြီး မရှင်းလင်းကြပါဘူး။ ပန်းပင်သစ်တွေကိုသာ ဟိုကယူလာ ဒီကယူလာပြီး စိုက်သွားကြတာ။ အပင်ရှင်အောင်လေး ပြုစုသွားပြီး ထားခဲ့ရော…။ အဲဒိပန်းက မွှေးတဲ့ ပန်းဖြစ်ချင်ဖြစ်မယ်။ နံတဲ့ပန်းဖြစ်ချင်ဖြစ်မယ်။ မူးမော်စေတဲ့ပန်းဖြစ်ချင်ဖြစ်မယ်။ အဆိပ်ပါချင်ပါလာမယ်။ ဘာကိုမှဂရုမစိုက်ကြဘူး။ လုပ်ချင်တာလုပ်ပြီး ဖြစ်ချင်တာဖြစ်နေကြ..။ လိုချင်တာရအောင်ယူပြီး ပေးရမဲ့ဝန်ဆောင်မှုကိုကျတော့ သူတစ်ပါးလွဲချ။ ကောင်းကြသေးရဲ့လား? ။ ဒီအထဲကျွန်တော်လည်းပါခဲ့တာပဲ။ ဒါပေမဲ့ တာဝန်ကိုသိလိုက်ချိန်မှာ အရမ်းနောက်ကျနေသလို ဘယ်လိုမှထိန်းသိမ်းမနိုင်ဖြစ်နေပြီ။ ဒါကို သဘောပေါက်တဲ့သူက နဲနဲရယ်။ အများဖြစ်သလိုလိုက်ဖြစ်ကြတာပေါ့ဆိုတဲ့သူတွေကြားမှာ အသက်ရှုရတာ တောင်မ၀ချင်တော့ဘူးးးး။ ဟူးးးးးးးးး

နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010