wp-flake plugin

zoxnetApril 28, 20101min1793
PinkSnow1

wp-flake plugin ဆိုတာ ဘလော့ဂ် စာမျက်နှာမှာ နှင်းတွေကျနေတဲ့ ပုံစံမျိုး Effect လေးပါ။ မိတ်ဆွေတော်တော်များများက အဲဒီ ပလဂ်အင် အသုံးပြုပုံလေးကို ကျွန်တော့်ကို မေးကြပါတယ်။ သူတို့ အပါအဝင် တခြားသိချင်တဲ့ သူတွေရှိခဲ့ရင်လည်း အလွယ်တကူ သိရှိအသုံးပြုနိုင်အောင် ကျွန်တော်ပို့စ်အဖြစ် တင်လိုက်ခြင်း ဖြစ်ပါတယ်။ wp-flake plugin ရယူဖို့ အတွက်ရော၊ အသုံးပြုဖို့အတွက်ပါ အင်မတန် လွယ်ပါတယ်။ ကျွန်တော်တို့ wordpress login ဝင်ပြီး Dashboard မှာရှိနေတဲ့ Plugins ရဲ့အောက်က Add New ကို ကလစ်နှိပ်လို်က်ပါ။ အဲဒီမှာ plugin search box ကျလာရင် wp-flake ကို ရိုက်ထည့်လိုက်ပါ။ plugins တွေ တန်းစီပြီး ကျလာတာကို တွေ့ရပါမယ်။ flake ဆိုတဲ့ ပလဂ်အင်လည်း အဲဒီမှာ ပါလာပါမယ်။ အဲဒီ flake plugin ကို အင်စတောလုပ်ပါ။ အင်စတောပြီးသွားရင် တခါတည်း Activate လုပ်ပါ။ ပြီးရင် မိမိဘလော့ဂ်ရဲ့ visit site ကို နှိပ်လိုက်ရင် ဘလော့ဂ်မှာ နှင်းတွေကျနေတာကို တွေ့ရပါမယ်။ wp-flake ပလဂ်အင်လိုမျိုး နှင်းပွင့်လေးတွေကျတဲ့ တခြားပလဂ်အင်တွေလည်း အဲဒီ Search box ထဲမှာ တွေ့နိုင်ပါတယ်။ အားလုံး အဆင်ပြေပါစေ။

3 comments

  • susunosuki

    April 28, 2010 at 6:08 am

    ကျေးဇူးပါ
    ကျွန်တော်စမ်းကြည့်ဦးမယ်

  • tzl

    April 28, 2010 at 10:40 am

    How to find the plug in in Dashboard.i can’t find. pls tell me.

    • zoxnet

      April 29, 2010 at 3:59 am

      Please check it below from ” Appearance”.

      Means = click the Appearance. Then you can see it.

Leave a Reply