အကြံဉာဏ်တောင်းခံခြင်း……

blackloverApril 1, 20111min18628

ဘယ်လိုမှ မသိတော့လို့ အကူအညီတစ်ခုလောက်တောင်းကြည့်တာပါရှင်

အဖြစ်ကဒီလိုပါ ကောင်းလေးနဲ့ကောင်မလေးနဲ့ချစ်ကြတယ် ဒါပေမယ့် ဖြစ်လာတာကတော့ ကောင်လေးကလွန်ခဲ့တဲ့ငါးနှစ်က အသည်းအစားထိုးထားပါတယ် ဒါကိုသူက ကောင်မလေးကိုပြောမပြမိပါဘူး။ နောက်တော့ ကောင်မလေးသိသွားခဲံပါတယ် သိသွားခဲံတာကလဲ ကောင်လေးကိုအသည်းအစားထိုးပေးတဲ့ကောင်မလေးကပြောလို့ပါ နောက်ဖြစ်လာတာက အဲလိုအစားထိုးပေးရင်ကောင်လေးနဲ့အသည်းအစားထိုးပေးတဲ့ကောင်မလေးနဲ့ပေးစားကြမယ်လို့ ကတိတွေပေးခဲ့ကြတာပါပဲ အဲအကြောင်းကိုတော့ ကောင်းလေးကမသိခဲ့ပဲ ဟိုဘက်ဒီဘက် မိဘနဲ့ အသည်းအစားပေးတဲ့ကောင်မလေးပဲသိခဲံပါတယ်။ အဲဒါကိုလဲ အသည်းအစားထိုးပေးတဲ့ကောင်မလေးက ချစ်သူကောင်လေးနဲ့ကောင်မလေးကိုပြောပြမှသိကြရပါတယ် အဲမှာကောင်လေးနဲ့ကောင်မလေးဘာဆက်လုပ်ကြမလဲ။ အရမ်းချစ်ကြတဲ့ချစ်သူတွေတဲံသူတို့က မခွဲနိုင်အောင်ပေါ့….. ကောင်လေးလဲစိတ်ညစ်နေတယ် ကောင်မလေးလဲစိတ်ဓါတ်ကျနေတယ် ဟိုဘက်ကလဲစကားလွန်ထားပြီးပြီ ဘာဆက်လုပ်ကြမလဲ ကောင်လေးကတော့သူ့ချစ်သူကောင်မလေးကိုပဲယူမယ်ဟိုကောင်မလေးကိုမယူနိုင်ဘူးပြောပါတယ်….ဒါပေမယ့်အဲကောင်လေးကရောသူ့အိမ်ကိုလွန်ဆန်နိုင်ပါ့မလား ကောင်လေးမိဘတွေကရော ချစ်သူကောင်လေးနဲ့ကောင်မလေးကိုသဘောတူ တစ်ဖက်မှာစကားလွန်ထားပြီးနေပြီ အဲတော့ဘာဆက်လုပ်ကြရင်ကောင်းမလဲအကြံဉာဏ်လေးပေးကြပါအုံးနော် april fool နေ့မှာရေးလိုက်ပေမယ့် april fool မဟုတ်ပါဘူးရှင် တကယ့်အဖြစ်ပျက်လေးကိုရေးပေးထားတာပါ အကြံဉာဏ်လေးပေးစေချင်ပါရှင်………..သူငယ်ချင်းတစ်ယောက်ဖြစ်နေတာလေးပါ သူလဲဘာလုပ်ရမှန်းမသိသူ့ကိုလဲဘယ်လိုအကြံဉာဏ်ပေးရမှန်းမသိနဲ့မို့ ဖိုရမ်မှာဝင်နေကြမို့ အကူအညီလေးတောင်းကြည့်တာပါရှင် တစ်ခါမှခုလိုအကူညီမတောင်းဖူးတဲ့အတွက် အမှားပါရင်ခွင့်လွှတ်ပါရှင် ပြီးတော့ categories ကလဲဘယ်မှာတင်ရမှန်းမသိလို့ news မှာပဲတင်လိုက်တာပါရှင် အဆင်ပြေတဲ့နေရာမှာရွှေ့ပေးဖို့ပါတောင်းဆိုလိုက်ပါတယ်ရှင်………..

မှတ်ချက်၊ အရမ်းအရေးကြီနေပါတယ်ရှင်………….

28 comments

  • ogre

    April 1, 2011 at 5:22 am

    korea က KBS ကုမ္ပဏီ..ကိုမေးပေးထားမယ်…
    မြန်မာTVမှာပြတဲ..ကိုရီယားကားအတိုင်းပဲ…
    သူတို့ဆီကဒါရိုက်တာပြောတဲအတိုင်းပြန်ပြောပေးမယ်နော်….

  • blacklover

    April 1, 2011 at 5:30 am

    မနောက်ပါနဲ့ရှင် တကယ်ပြောနေတာပါရှင်…ဘာဆက်လုပ်ရမလဲအကူအညီလေးတောင်းတာပါရှင် ကျွန်မတော့သူငယ်ချင်း2ယောက်ကို ပြောလိုက်ပါတယ် လက်ထက်စာချုုပ်မှာလက်မှတ်ထိုးထားလိုက်ပါလို့ ကိုယ်အကြံဉာဏ်ပေးလိုက်တာ ထိရောက်မလားတော့တကယ်မသိတာပါရှင် ပေးလိုက်တာကလဲကောင်းရောကောင်းရဲ့လားလဲမသိတော့ပါဘူးရှင်… တကယ့်ဖြစ်ပျက်ပါ အဲဒါကြောင့်ပြောကြတာကြားဖူးပါတယ် အပြင်လက်တွေ့ဘဝက ဝတ္တုတွေထဲထက် ဆန်းကြယ်တယ်ဆိုတာကိုလေ………………..

  • ogre

    April 1, 2011 at 6:09 am

    လွယ်လွယ်လေးပါ…ခိုးသာပြေးခိုင်းလိုက်…
    ဟိုဟာဒီဟာတွေထောက်ထားစဉ်းစားနေရင်
    ဟိုလိုလိုဒီလိုလိုဖြစ်နေမယ်…
    ခိုးသာပြေးပါတော့လို့

  • search123

    April 1, 2011 at 9:49 am

    Korea ဇာတလြမြးကှညြ့နရသေလိုပါပဲ။

  • MaMa

    April 1, 2011 at 10:03 am

    အသဲအစားပေးတဲ့ကောင်မလေးကို နှစ်ဖက်မိဘများက ကောင်လေးနဲ့ ပေးစားမယ်လို့ ဂတိပေးထားတယ်ဆိုပေမယ့် အကယ်လို့များ operation က မအောင်မြင်ခဲ့ရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့အတွေးနဲ့ ဖြေရှင်းကြည့်ပါလား။

  • nozomi

    April 1, 2011 at 10:12 am

    ဘယ်နိုင်ငံမှာလဲဗျာ မြန်မာနိုင်ငံမှာတော့ ဥဏှောက်သေတဲ့လူဆီက အသည်းနဲ့အစားထိုးတဲ့ လှိုင်သာယာကတစ်ယောက်ရယ် ယောက်ဖအသည်းတချမ်းယူတဲ့ တစ်ယောက်ရယ် နှစ်ယောက်ပဲရှိသေးလားလို့

  • ဆူး

    April 1, 2011 at 1:37 pm

    အသဲအစားထိုးတဲ့ ကောင်မလေးက အဲလောက်တောင် အသည်းအသန် ဖြစ်နေတာလား။ သေချာ မေးမြန်းပြီး မျက်နှာစုံညီ တိုင်ပင်ကြပေါ့။ အဖြေတခုတော့ ထွက်လာမှာပါ။

  • blacklover

    April 1, 2011 at 2:07 pm

    ဟုတ်ကဲ့ နောက်ဆုံးရရှိတဲ့သတင်းကတော့ စိတ်မကောင်းစရာပါပဲရှင် အသဲအစားထိုးပေးတဲ့ကောင်မလေးက ချစ်သူကောင်မလေးဆီကိုဖုန်းဆက်ပါတယ် ကောင်လေးက ချစ်သူကောင်မလေးကိုအရမ်းချစ်တာသိတော့ သူနောက်ဆုတ်ပေးပါ့မယ်ဆိုပြီးပြောပါတယ် ဒါပေမယ့်မှာစရာရှိပါတယ်ဆိုပြီးပြောသွားပါတယ်…အဲဒါကတော့ ကောင်လေးကတကယ်တန်းဖြစ်တာက ကင်ဆာပါတဲ့ရောဂါကမပျောက်သေးပါဘူးတဲ့လေ အလွန်ဆုံးခံ 5နှစ် 6နှစ်လို့ပြောပါတယ်အဲဒါက 2006 တုံးကပါ။ အသည်းပေးခဲ့တဲ့ကောင်မလေးကလဲကောင်လေးကို အသဲပေးလောက်အောင်ထိ ကိုချစ်ခဲ့တာပါတဲ့…ကောင်လေးကိုအားလုံးက ညာထားကြတာပါတဲ့လေ……….
    ကောင်လေးလဲအဲအကြောင်းကိုသိသွားခဲ့ပါတယ် ချစ်သူကောင်မလေးကတော့ယူမယ်ဘယ်လောက်နေရနေရ ပြုစုပေးမယ်ဆိုပြီးဆုံးဖြတ်ပါတယ် ဒါပေမယ့်ကောင်လေးကလက်မခံပါဘူးရှင် ဘာဆက်ဖြစ်မယ်ဆိုတာတော့ အားလုံးစောင့်ကြည့်ရပါမယ်ရှင် တကယ်ကိုစိတ်မကောင်းပါဘူး……ဝတ္တုထဲကဟာတွေတောင်ဒီလောက်ထူးခြားဆန်းကြယ်နေပါ့မလားလို့တောင်တွေးမိပါတယ်ရှင် အော်လောကကြီးလောကကြီး…………

  • padonmar

    April 1, 2011 at 2:19 pm

    နှစ်ယောက်လုံးနဲ့ မောင်နှစ်မတွေလို ကောင်လေး အသက်ရှင်သရွေ့ နေသွားလိုက်ပေါ့၊
    ကောင်မလေးတွေက ကောင်လေးကို တကယ်ချစ်ရင် လက်မထပ်ရလည်း ပြုစုပေးလို့ရရမှာပေါ့၊
    ကိုယ့်ချစ်သူ သက်တောင့်သက်သာနေသွားရရင် ဝမ်းသာသင့်ပါတယ်၊

  • antimoe

    April 1, 2011 at 2:27 pm

    လွန်ခဲ့တဲ့၁၅နှစ်က…မိန်းမနှစ်ယောက်ကြား..ဗျာများခဲ့တဲ့..
    ယောက်ျားတစ်ယောက်နဲ့..ဆုံခဲ့ဖူးပါတယ်။
    အန်တီမိုးကတော့..ကျန်ခဲ့တဲ့သူပေါ့။
    ချန်ခဲ့တဲ့သူထက်..အလိုက်တသိကျန်ခဲ့တဲ့သူက..ပိုမေ့စွမ်းပါတယ်..

    >>သိသွားခဲ့တာကလဲ..ကောင်လေးကိုအသည်းအစားထိုးပေးတဲ့
    ကောင်မလေးကပြောလို့ပါ ။….လို့ဆိုထားတော့…
    အသဲလှူခဲ့တဲ့ကောင်မလေးက..ကောင်လေးအပေါ်မေတ္တာသက်ဝင်နေတဲ့
    သဘောဆိုရင်တော့..ကိုယ်ကိုဝေမျှခဲ့လို့..ကွဲခဲ့တဲ့အသဲကို..ထပ်မခွဲသင့်ပါ။
    …..လို့….တွေးပါတယ်။

  • antimoe

    April 1, 2011 at 2:31 pm

    အပေါ်က…မန်းတာနောက်ကျသွားတယ်….
    စိတ်မကောင်းစရာပါပဲ။

  • shweminthar

    April 1, 2011 at 3:05 pm

    အကြံတစ်ခုတော့ ပေးချင်တယ်။ ဘဝ နဲ့ ချီပြီးဆုံးဖြတ်ရမယ့် အခြေအနေမို့လို့ ကိုယ်တိုင်သာဆုံးဖြတ်စေချင်တယ်။ ကျနော် ပေးနိုင်မယ့် အကြံကတော့ တွေဝေ မနေပါနဲ့။
    နောက်ပြန်လှည့်မကြည့်ပါနဲ့။

  • nigimi77

    April 1, 2011 at 3:18 pm

    တော်တော်ကို လူကျင့်ဝတ်နဲ ့မညီညွတ်တဲ့ မြန်မာ ရုပ်ရှင်ကို ကြည့်ရသလိုပဲ အဲဒီ ဇာတ်လမ်းက။

  • noob

    April 1, 2011 at 4:42 pm

    ဟွန်းမတရာဘူး ရုပ်ရှင်ထဲမှာကျတော့ အသည်းအစားထိုးပေးရင် ဒါရိုက်တာက ကြည်ကျပ်ပြီး မင်းသမီးနဲ ့(နင်ငိုပြီးဇာတ်သိမ်းမယ်ပေါ့) ညှိလိုက်တယ် ဒီမှာကျတော့ နှစ်ယောက်တည်းနဲတိုင်ပတ်နေတာ အသည်းအစားထိုးပေးတာနဲ ပဲသူကိုယူရမှာလား ရုပ်ရှင်ထဲမှာလို ညှိကြည်ပါလား (တယောက်ယောက်စွန် ့လွတ်ကြည်ပါလား ) နိုမို ့ဆိုရင် ရုပ်ရှင်ထဲ မှာထက် ငိုချိန်ပိုကြာလိမ်မယ်

  • nature

    April 1, 2011 at 5:24 pm

    ဒါရိုက်တာကဇတ်လမ်းပြောင်းရေးလိုက်ပြီထင်တယ်။

  • bigcat

    April 2, 2011 at 1:20 am

    ကောင်လေးပျော်သွားအောင် ကောင်မလေးနှစ်ယောက်စလုံး သူနဲ့ယူလိုက်ကြပါလား။ ကျန်းမာရေးကောင်းဖို့ပဲလိုတယ်။

  • winkyawaung

    April 2, 2011 at 3:20 am

    ဟုတ်ပါတယ်။ နှစ်ယောက်လုံး ယူလိုက်တာ ကောင်းမယ်ထင်ပါတယ်။

  • monmon

    April 2, 2011 at 10:32 am

    တကယ်တမ်း ကင်ဆာဖြစ်နေတာဆိုရင်.. ဘယ်သူနဲ့မှ မယူတာ မကောင်းဘူးလား… သံယောဇဉ်တွေ ပိုဖြစ်အောင် မလုပ်သင့်ပါဘူး….
    ကောင်မလေးနှစ်ယောက်စလုံး သူငယ်ချင်းလိုပဲ ကောင်လေးကို ပြုစုပေးလိုက်ရင် ပိုကောင်းမယ်ထင်တယ်…

  • kai

    April 2, 2011 at 10:44 am

    ဇတ်လမ်းကလည်း..ရုပ်ရှင်ဇတ်လမ်းကျနေတာပဲ..။
    ထားပါတော့..။

    ကျုပ်သာဆိုရင်တော့ .. နောက် …၅နှစ်-၁ဝနှစ် ကောင်လေးသေပြိးနောက်ပိုင်းအချိန်ကို အာရုံပြုခိုင်းပြီး အားလုံးထိုင်စဉ်းစားခိုင်းမယ်..။
    ဆိုတော့..။
    ကောင်လေးမသေခင်မှာ ဒုက္ခပေါင်းစုံနဲ့.. စိတ်ဒဏ်ရာပေါင်းစုံနဲ့… လူနာလည်းပြုစုရဦးမယ်..။
    နောက်တော့လည်း… မုဆိုးမ ဖြစ်မှာပဲ..။
    ကံဆိုးရင်.. ကလေးတယောက်နဲ့ မုဆိုးမဖြစ်ချင်သလား..လို့ပါပဲ..။

    အဲဒါကို ခံနိုင်တဲ့သူ ယူပေါ့..။
    အနည်းဆုံး တယောက်ကတော့ နောက်ဆုတ်ပေးမှာသေချာတယ်..။
    ကံကောင်းရင် ..၃ယောက်လုံး နောက်ဆုတ်သွားလိမ့်မယ်..။

    ကျုပ်သာ အာဏာရှိတဲ့ ပြောရေးဆိုခွင့်နေရာမှာဆိုရင်တော့ .. ဘယ်သူ့..ဘယ်သူကိုမှ ပေးမယူခိုင်းဘူး..။
    မကြာခင်သေမဲ့လူသားတဦးဟာ.. ကျန်ရစ်သူတွေကို .. ဒဏ်ရာတွေနဲ့မထားခဲ့သင့်ဘူး..။
    ဒါက..လူသားရဲ့ အခြေခံစောင့်သိရမဲ့ ဝတ္တရားပဲ..။

  • ဆူး

    April 2, 2011 at 12:51 pm

    အဝေးက လူ အတွေးနဲ့ အနီးက လူ အတွေး မတူဘူးဆိုတာ သိပါတယ်။
    အားလုံးက အဝေးက လူ အတွေးနဲ့ မယူနဲ့ သေရင် မုဆိုးမ ဖြစ်မှာဘဲလို့ တွေးကြတယ်။
    တခါတရံ လူတွေ ကြားထဲမှာ မမြင်နိုင်တဲ့ သံယောဇဉ်က ၁ရက်ဘဲ နေရရင်လည်း နေရပါစေ ယူမှာဘဲ။ သေတဲ့ အထိ သစ္စာရှိမယ်ဆိုတဲ့ လူတွေကလည်း ရှိတတ်ကြတယ်။
    ဘယ်လို လူမျိုးတွေလဲ ဆိုတာတော့ မသိဘူး။ သစ္စာတရား လက်ကိုင်ထားတဲ့ လူသားတွေကတော့ အခုခေတ်မှာ တော်တော် ကို ရှားပါးနေပါပြီ။ မျိုးတုန်းပျောက်ကွယ် လုနီးပါး ဖြစ်နေတဲ့ မျိုးဆက်တွေလိုပါဘဲ။ လူငယ်တွေ ဖြစ်ကြတော့ သေသွားပြီး နှစ်အနည်းငယ် အတွင်းမှာ အသစ်တွေ တွေ့ပြီး ပျော်ရွင်တဲ့ ဘဝကို ထပ်ဆင့် လျောက်နိုင်ကြမယ် လျောက်သွားကြလိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိ ခံစားနေသူတွေ အတွက်တော့ စိတ်မကောင်းပေမဲ့.. အသည်းပေးတဲ့ လူ အတွက် ပြန်လှည့်စဉ်းစားပေးသင့်တယ်။ ဘုရားလောင်း လို ပါရမီ ဖြည့်တဲ့ အနေနဲ့ ဘာမှ မမျှော်လင့်ပါဘူး ဆိုတာ တော့ မဖြစ်နိုင်ပါဘူး။
    ခပ်ရိုင်းရိုင်း ပြောရရင်.. အသည်းတောင် ပေးတယ်ဆိုတော့ သူက အနစ်နာ ခံနိုင်လို့ပေါ့.. အသည်းမပေးဘဲ ချစ်နေတဲ့ လက်တွဲဖော်ဆိုတဲ့ အမျိုးသမီးကကော.. သူ့အတွက် အိပ်ဆေး အလုံး ၂၀ဝ လောက် တခါတည်း မော့ပြီး ဇတ်လမ်းထွင်နိုင်မလား လက်တွေ့ အနေနဲ့ သက်သေပြသွားတဲ့ လူ ကို ဘေးချိတ်ပြီး နှစ်ယောက်သား ပျော်နေချင်တဲ့ စိတ်ဘဲ မွေးနေတာ တစ်ကိုယ်ကောင်း ဆန်လွန်းတယ်။ အသည်းမရရင် သေမလား ရှင်မလား ဘယ်သူပြောနိုင်မလဲ.. အသည်းနဲ့ အသက်ဆက်နေရတဲ့ လူကလည်း ကျေးဇူးမကန်းသင့်ဘူး။

  • blacklover

    April 2, 2011 at 1:47 pm

    ဆူးပြောတာလဲမှန်ပါတယ် လောလောဆယ်သက်သေပြသွားတဲ့ကောင်မလေးအတွက် သူတို့ထည့်တော့စဉ်းစားသင့်တာပေါ့နော်……… ဒါပေမယ့်ကောင်လေးနဲ့ချစ်သူကောင်မလေးကလဲ အဲကြောင်းကိုသိရဲ့နဲ့ကြိုက်ခဲံတာမဟုတ်တော့သူတို့ကိုလဲ အပြစ်တင်လို့မရဘူနော်။ ချစ်သူကောင်မလေးက နောက်ဆုတ်ပေးလိုက်ရင်ကော ကောင်လေးကချစ်သူနဲ့ခွဲရလို့ပျော်ရွှင်ပါ့မလား… အသဲပေးထားတဲ့ကောင်မလေးကရော နှလုံးသားမပါတဲ့အချစ်ကိုယူရတော့သူပျော်ရွှင်ပါ့မလား အဲလိုဆိုခံစားရမှာက 2ယောက်ပါ….. ဒါပေမယ့်kai ပြောသလိုပါပဲ ဘယ်သူမှမယူပဲ ဖြူဖြူစင်နဲ့ကောင်မလေး2ယောက်က ကောင်လေးရဲ့နောက်ဆုံးအချိန်ထိစောင့်ရှောက်ပေးရင်တော့ အကောင်းဆုံးပါပဲ…………

  • nature

    April 2, 2011 at 2:10 pm

    အသည်းအစားထိုးကုထုံးဟာအောင်မြင်ဘို့မလွယ်ဘူး၊ အစားထိုးပြီးသွားရင်လဲသာမန်လူတယောက်လို လုပ်ကိုင်စားလို့မလွယ်ဘူးလို့
    ကြားဘူးပါတယ်၊

  • bigcat

    April 2, 2011 at 6:06 pm

    အင်း.. လစ်ဗင်းတူဂဲသားဆိုလည်း မဆိုးပါဘူး။
    ကိုကြောင်ကြီးကိုလည်း အသည်းလာပေးကြပါဗျို့။ ကြေးအိုးလုပ်စားမလို့ဟာ ဝက်အသည်းကုန်နေလို့။

  • blacklover

    April 3, 2011 at 9:50 am

    ဟုတ်ကဲ့ ယုံပါလို့ဇွတ်မတိုက်တွန်းပါဘူးရှင် ဒါပေမယ့်ဒါကတကယ့်အဖြစ်ပျက်တွေပါ ပြီးတော့ခုလက်ရှိဖြစ်နေဆဲပါ…. မန်းလေးမှာပါရှင်…ဖြစ်နေတာက…………..

  • ငှက်ကြီး

    April 3, 2011 at 1:17 pm

    အဓိပ္ပါယ်မရှိတာတွေကို ရေးကြီးခွင်ကျယ်လုပ်ပြီးတော့…..
    အားလုံးဟာ တစ်နေ့ရှင်ခွဲမကွဲရင် သေခွဲကွဲရမဲ့သူချည်းပဲ…အရေးမပါတာ။

  • ငှက်ကြီး

    April 3, 2011 at 1:18 pm

    ကိုယ့်ကိုယ်ကိုထက်ပိုပြီး ဘယ်သူ ့မှ ပိုမချစ်နိုင်ဘူး။

  • ဆူး

    April 3, 2011 at 2:36 pm

    တော်လိုက်တဲ့ ဘကြီးငှက်.. တရားသဘောတွေ တော်တော် သိနေပြီ.. ဟီးဟီး.. မတွေ့တာကြာပြီနော်.. ဘယ်တွေ ပျောက်နေလဲ.. ငှက် အသိုက်ပြောင်းနေလို့လား။

Leave a Reply