ဖေ့ဘောက်စ် က Community Pages အသစ်ကိုစမ်းသပ်နေ

susunosukiApril 28, 20101min400

အင်တာနက်လူမှု့ကွန်ယက် ဝဘ်ဆိုဒ်ကြီးface book ဟာ ၎င်းတို့ရဲ့ fan pages ပုံစံမျိုး Community Pages လို့ခေါ်တဲ့feature အသစ်တစ်ခုကို စတင်ဖို့ရှိနေကြောင်းကြေငြာလိုက်ပါတယ်။အဆိုပါ Community Pages ဟာခေါင်းစဉ်တပ်ပေးထားတဲ့အကြောင်းအရာတစ်ခုနဲ့ပတ်သက်လို့ user တွေအကြား အသိ်ပညာတွေ ၊ စိတ်ကူးအမြင်တွေကို မျှဝေနိုင်ဖို့ရည်ရွယ်ထားတာပါ။ဥပမာ Page မှာ ဟင်းချက်ခြင်းလို့ခေါင်းစဉ်တပ်ထားရင် အဆိုပါအကြောင်းနဲ့ပတ်သက်လို့wikipedia ကဆောင်းပါးတွေအပါအဝင် user တွေရဲ့စိတ်ကူးအမြင်တွေ၊အတွေ့အကြံးတွေကိုပါဖော်ပြဖလှယ်နိုင်မှာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်လို့ face book က“သင်ဟာဟင်းချက်ခြင်း သို့မဟုတ် ဘာသာစကားတစ်ကိုလေ့လာခြင်းစတဲ့ ခေါင်းစဉ်အောက်မှာ face book ထဲကကိုယ့်အသိုင်းအဝိုင်းတွေနဲ့အတူအတွေ့အကြုံတွေအသိပညာတွေပါမျှဝေနိုင်တော့မှာပါ။ကျွန်ုပ်တို့ဟယယခုတော့Wikipedia သတင်းအချက်အလက်တွေကိုစတင်အသုံးပြုပြီးလုပ်ဆောင်နေပါတယ်။ဒါပေမယ့်ဒီခေါင်းစဉ်တွေနဲ့ပတ်သက်လို့စိတ်ဝင်တစားရေးသားမယ့်sign up လုပ်ပြီးဝေမျှမယ်အခြား user တွေကိုလည်းရှာဖွေနေပါတယ်။
ဒါပေမယ့် face book ဟာယခု Community Pages ကိုစမ်းသပ်ဆဲ အဆင့်မှာပဲရှိနေသေးကြောင်းသိရပြီးအောင်မြင်မှု့ရဖို့ရာဆက်လုပ်စရာတွေရှိသေးကြောင်းသိရပါတယ်။
သတင်း-အင်တာနက်သတင်းဂျာနယ်