နေပြည်တော် လွှတ်တော် အဆောက် အဦးနောက်ဖက် လျိုထဲ၌ မီးလောင်ကျွမ်းမှုဖြစ်ပွါး

၂၂.၃.၂၀၁၁ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်က နေပြည်တော် လွှတ်တော် အဆောက်အဦး အနောက်ဖက် လျိူထဲ၌ အပူကြောင့် ကားဓါတ်ဆီ မှတဆင့် မီးလောင်မှုတစ်ခုဖြစ်ပွါးခဲ့ရာ ဆောက်လုပ်ရေး ကုမ္မဏီ လုပ်ငန်းခွင်အချို့နှင့် ဝန်ထမ်းအိမ်ယာများ မီးလောင်ကျွမ်း သွားခဲ့ကြောင်း နေပြည်တော်နေသူ တစ်ဦးမှတဆင့် သိရသည်။ အဆိုပါ မီးမှာ ညနေ ၆ နာရီခွဲခန့်မှ ငြိမ်းသတ် ပြီးဆီးသွားခဲ့ခြင်း ဖြစ်သည်။

 

မီးလောင်ကျွမ်းမှုကြောင့် မပြေးနိုင်သော သက်ကြီးရွယ်အို နှင့် ကလေးသူငယ်ပေါင်း ၂ဝ ခန့် သေဆုံးခဲ့သည်ဟု သီးခြား အတည်ပြုချက် မရသေးသော သတင်းအရ သိရသည်။

မီးလောင်ကျွမ်းသည့် လျိုမှာ မီးသတ်ကား ဝင်/ထွက် မရနိုင်သော လမ်းကျဉ်းသည့် အနေအထားကြောင့် ယခုကဲ့သို့ ပျက်စီးမှု ကြီးမား ခဲ့ခြင်း ဖြစ်သော်လည်း လွှတ်တော် အဆောက်အဦးကိုမူ လောင်ကျွမ်းခဲ့ခြင်း မရှိပေ။

mmdailynews မှထပ်ဆင့်တင်ပြခြင်းဖြစ်ပါသည်။