လွတ်မြောက်ဆဲ မြန်မာ ကလေးများ စိုးရိမ် (ကူညီနိုင်သူများ ကူညီပေးကြပါ)

BayoteApril 28, 20101min702

Source : http://www.htwd.info/2010/04/26042010.html

မလေးရှားနိုင်ငံ ကလန်တန်းပြည်နယ် တန္တာမေရ လူဝင်မှုစခန်း ထဲတွင် ဖမ်းဆီး ထိမ်သိမ်း ခံနေဆဲ ဖြစ်သော မြန်မာ ကလေးငယ် ၆ ဦးတို ့အား လူကုန် ကူးသူများ က ခြ်ိမ်ခြောက် ပြောဆို သလို ချော့မော့ ပြောဆိုခြင်း ရှိနေကြောင်း သိရှိ ရသည်။ ယမန်နေ့က ဖမ်းဆီး ထိမ်းသိမ်း ခံထားရသူများ အနက် အသက် အကြီးဆုံး ဖြစ်သည့် ၁၄ နှစ် အရွယ် မင်းယုစန်းအား မလေးရှားမှ လူကုန် ကူသူ များက ဖုန်းဆက် လာခဲ့သည်။ “ကျနော်ကို ကျော်သူလင်းရဲ့ သူဌေး မဲလုံး က ဖုန်းဆက် လာတယ်၊ နင်တို ့သတင်းတွေ ၊ ဗမာပြည်က တီဗွီထဲ မှာရော၊ သတင်းစာ တွေမှာပါ ထွက်နေ ပြီတဲ့၊ ကျနော်တို ့အတွင်းထဲ ကနေ အပြင်ကို ဆက်သွယ် နေတာကို သူတို့ သိရှိ ထားပြီး ဖြစ်တယ်ပေါ့။ ကျနော် တို့ကို လာကယ် ထုတ်တဲ့ အဖွဲ ့တွေနဲ ့လိုက် မသွားနဲ ့လိုက်သွားရင် သူတို ့ရောင်းစား လိမ့်မယ် ဆို ပြီးတော့ ပြောပါတယ် ၊ ကျနော်တို့ သွားမယ် ဆိုရင် မြန်မာသံရုံးကို သူတို့ လေယာဉ် စရိတ် ပေးပြီး ပြန်ပို ့ပေးမယ် ဆိုပြီးတော့လည်း ပြောပါတယ်” ဟု မင်းယုစန်း က ပြောသည်။

အဆိုပါ ကလေးငယ်များ သတင်း အချက် အလက်များအား ပေးပို့ ကူညီနေသူ တစ်ဦးက“ ဒီကလေး တွေကို မြန်မြန် လွတ်မြောက် သွားစေ ချင်ပါတယ် ။ အစောင့် တွေက တစ်ဆင့် ကြားရ တာက အမျိုးသမီးဆောင်မှာ နေတဲ့ အသက် ၁ဝ နှစ်အရွယ် မအေးမြထွေးကို လာမယ့် မေလ ၅ ရက်နေ ့မှာ အမျိုးသမီး တစ်ယောက် လာထုတ် မယ်လို ့ကြားတယ်။ နောက်ထပ်ပြီး ရောင်းစား ခံရမှာကို စိုးရိမ် ပါတယ်”ဟု ပြောသည်။

မင်းယုစန်းမှာ မူဆလင် တစ်ဦး ဖြစ်ပြီး ကျန်ကလေး ၅ ဦးတို ့မှာ ဗမာ ကလေးငယ်များ ဖြစ်ကြသည်။ ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အသင်း နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဦးမျိုးနိုင်က “ ကျနော်တို့ အပူ တပြင်း ဆောင်ရွက် နေပါတယ် ။ မလေးရှားက လူ့အခွင့်အရေး လှုပ်ရှား သူတွေက တဆင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးနဲ ့တိုက်ရိုက် ဆက်စပ် ဆောင်ရွက် နေပါတယ်။ မက် ဖေါင်ဒေးရှင်း ဒါရိုက်တာ တို့နဲ ့ညှိနှိုင်းပြီးတော့ ပေါ့လေ။ ကလေး မိဘတွေ ဘက်က ဘာမှ ဆက်သွယ် လာတာ မရှိတော့ မလေးရှားက ရှေ့နေ တို့ကိုပဲ ပြန်ပြီးတော့ ဘယ်လို လုပ်ရင် အဆင်ပြေ မလဲလို ့ပြန်တိုင်ပင် နေကြပါတယ်။ ဘာပဲ ပြောပြော ကလေးတွေ မကြာခင် လွတ်လာ ပြီးတော့ မိဘတွေ ဆီကို ပြန်ရောက်မယ်လို့တော့ မျှော်လင့် ပါတယ်” ဟုပြောသည်။

ကလေး တစ်ဦးချင်း စီတို့၏ ပြောပြချက် အရ လူကုန်ကူသူ များမှာ မူဆလင် ဘာဝင်များ ဖြစ်ပြီး အချို့ကို လေယာဉ် အချို့ကို ရန်ကုန်မှ ရထားများဖြင့် ကော့သောင်း သို ့ရောက်ရှိအောင် ခေါ်ဆောင် လာခဲ့ပြီး ကော့သောင်းမှ တဆင့် လက်ဆင့်ကမ်း လူကုန်ကူကာ မလေးရှား နိုင်ငံသို ့ရောက်ရှိ လာခဲ့ကြောင်း သိရှိ ရသည်။

မလေးရှားနိုင်ငံ တန္တာမေရ စခန်းတွင် ဖမ်းဆီး ခံနေရသည့် မြန်မာကလေး ၆ ဦး၏ အချက် အလက် များမှာ
စဉ် အမည် အသက် ထောင်အမှတ် မိဘအမည် နေရပ်လိပ်စာ
မအေးမြထွေး ၁ဝ နှစ် ၅၃၃၂၆ ဦးဖိုးသိန်း ၊ ဒေါ်ကုလားမ ဘုရားလမ်း ၊ ရွှေဘုံသာရပ်ကွက် ၊ မတ္တရာမြို့ ၊ မန္တလေးတိုင်း။
ကျော်သူလင်း ၁၂ နှစ် ၅၃၅၄၆ ဦးဇော်လင်း၊ဒေါ်အေးမြစိန် ဘုရားလမ်း ၊ ရွှေဘုံသာရပ်ကွက် ၊ မတ္တရာမြို့ ၊ မန္တလေးတိုင်း။
တင်မျိုးထက် ၁၂ နှစ် ၅၃၃၂၉ ဦးဖိုးညီ၊ဒေါ်ခင်လေးရည် ပျဉ်ပုံကြီးကျေးရွာ ၊ ကျောက်ကုန်းမြို့နယ် ၊ ဧရာဝတီတိုင်း။
နေလင်းဦး ၁၂ နှစ် ၅၃၅၄၄ ဦးလွင်မြင့်၊ဒေါ်စန္ဒာဌေး နဝဒေးပတ်လမ်း ၊ ၇/ရပ်ကွက် ၊ လှိုင်သာယာ ၊ ရန်ကုန်တိုင်း။
အောင်ကိုဝင်း ၁၂ နှစ် ၅၃၅၄၉ ဦးသာလှိုင်၊ဒေါ်မျိုးမျိုးစိန် နဝဒေးပတ်လမ်း ၊ ၇/ရပ်ကွက် ၊ လှိုင်သာယာ ၊ ရန်ကုန်တိုင်း။
မင်းယုစန်း ၁၄ နှစ် ၅၃၅၄၅ ဦးယုလွင်၊ဒေါ်နုနုခင် သက်ငြိမ်ရပ်ကွက် ၊ ဒလ ၊ အမက ၁၄ အနီး ၊ ရန်ကုန်တိုင်း။

2 comments

  • susunosuki

    April 28, 2010 at 3:58 pm

    ကူညီနိုင်သူတွေကူညီကြပါလို့မေတ္တာရပ်ခံချင်ပါတယ်
    ကလေးဆိုတာအနာဂတ်ရဲံဖန်ဆင်းရှင်တွေပါ

  • မြန်မာမလေး

    April 29, 2010 at 4:36 pm

    ူကြားရတာ တကယ့်ကို စိတ်မကောင်းဖြစ်မိပါတယ်။ လူကုန်ကူးမှူတွေ အမြန်ဆုံး ပပျောက်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်

Leave a Reply