ကျေးဇူးပြုပြီး ဖြေပေးပါ။

moonpoemApril 3, 20111min1385

လေးဖြူက အဖေသီချင်းကိုဆိုတယ်။ ရဲလေး ကထိပ်ဆုံးက အမေသီချင်းကိုဆိုတယ်။ပြီးတော့
၆နာရီဆိုရင် ပြန်လာပေးပါအဖေဆိုတာနဲ ့နာမည်ကြီးသွားတယ်။ သိချင်တာကဘာကြောင့်
အမျိုးသားအဆိုတော်တွေကပဲ အဖေ၊အမေ သီချင်းတွေကို ဆိုနေပြီး အမျိုးသမီး အဆိုတော်တွေက မဆိုကြသေးတာလဲ။

မိန်းကလေးအဆိုတော်တွေက ကိုကြီးကိုကြီး၊ မရဲ ့မောင်လေး၊ ချစ်သောဦးရယ်ဆိုပြီး ဆိုကြတယ်။
ဘာကြောင့် ယောက်ျားလေး အဆိုတော်တွေက မမှမချစ်ရင်ဘဝပျက်သွားနိုင်တယ်။ ညီမလေးရယ်
စိုးရိမ်တယ်၊ ကောင်မလေး၊ ကလေးရယ် လို ့သာဆိုကြတယ် ဘာကြောင့် ချစ်သောဒေါ်လေးဆိုပြီး
မဆိုကြသေးတာလဲ။

ယောက်ျားလေးအဆိုတော်တွေထဲမှာ မျိုးကြီး၊ဖြိုးကြီး၊ ဟဲလေး၊ရဲလေးဆိုပြီးရှိပေမယ့် မိန်းကလေးအဆိုတော်တွေထဲမှာ ဘာလို ့ဆင်တူနာမည်မရှိသေးတာလဲဟင်။
မသိလို့နော် မေးကြည့်တာပါ။

5 comments

  • ogre

    April 3, 2011 at 8:50 am

    အမျိုးသမီးအဆိုတော်တွေက..အမေအရွယ်တွေရဲအမုန်းခံနေရပြီး
    အဖေအရွယ်တွေရဲ့ချစ်ချင်းခံနေရလို့..အမေအဖေသီချင်းမဆိုတာပါ
    အဖေအရွယ်တွေကို..ကိုကြီးခေါ်ရင်ခေါ်မခေါ်ရင်..ဦးခေါ်နေရလို့ ..ကိုကြီးနဲ့ဦး…သီချင်းဆိုတာပါ
    မရဲ့မောင်လေးကတော့ကိုကြီးအပြင်..မောင်လေးတွေပါရှိနေလို့ပါ
    ယောက်ျားလေးအဆိုတော်တွေထဲမှာ မျိုးကြီး၊ဖြိုးကြီး၊ ဟဲလေး၊ရဲလေးဆိုပြီးရှိပေမယ်
    မိန်းခလေးအနေနဲ့.. ဆွေကြီး/တုပ်ကြီး….အပြဲလေး/အကွဲလေး…ဆိုပြီနာမည်ပေးရင်
    ယင်ကောင်တွေအုံမှာစိုးလို့နေမှာပါ…တွေးမိသလောက်ပြောကြည်တာပါ..
    လွန်တာရှိဝန်တာမိပါ….;p

  • poeaung6

    April 3, 2011 at 8:58 am

    ရှိပါတယ် ခင်ဘုန်း ရှင်ဘုန်း အမျိုးသမီးအဆိုတော်တွေက အားလုံးရောရာ မိဘသီချင်းတွေဆိုပါတယ် ရှင်းရှင်း နဲ့ နန်းစုရတီစိုး ပါ ဒေါ်လေးကတော့ ချစ်ဖိုမကောင်းလိုဖြစ်မယ်ထင်တယ် ဟဲဟဲ

  • juttue.gyi

    April 3, 2011 at 12:11 pm

    ဟုတ်တယ်ဗျာ ဒါမျိုးက မဖြစ်သင့်ဘူး ခင်ဗျားတို့ ချီးစား(စဉ်းစား) ကြည့်လေဗျာ ပြောသင့်တယ် ဟီးးးးးး နောက်တစ်ခါဆို ချစ်ဒေါ်လေး သီချင်းရေးအုန်းမှနဲ့ တူတယ် ရဲလေးတို့လို နမ်မည်ကြီးအောင်လို့။ (နမ်မည်များကြီးချင်ကြရင် ရဲလေးလို ၆နာရီမှာ ပြန်လာပေးပါ အဖေရယ်လို့ အော်နေစရာမလိုဘူး နမ်မည်ကြီးချင်တာများဖြင့် လွယ်လွယ်လေး တံဗျပ်စီးကို ထုံးသာသုပ်ရေးလိုက် နည်းတဲ့နမ်မည်မဟုတ်ဘူး ဟီးးးးး စတာနော် တကယ်မထင်နဲ့ဗျာ)

  • bigcat

    April 4, 2011 at 12:14 am

    ၁။ မိဘထက် ရည်းစားကို ပိုချစ်လို့ပါ..
    ၂။ တူမလောက် ချစ်စရာ မကောင်းလို့ပါ…
    ၃။ မီမီလေး – နီနီလေး၊ ကဗျာလမင်း – ကဗျာဘွဲ့မှူး

  • မမလေး

    April 7, 2011 at 6:43 pm

    မိဘထက်တော့ ရည်းစားကို ပိုမချစ်နိုင်ပါဘူး … မနေ့တစ်နေ့ကမှတွေ့တဲ့လူနဲ့ မလဲလှယ်နိုင်ပေါင် … မိဘ သေရင်အစားမရဘူး … ရည်းစားသေရင်နောက်တစ်ယောက်ရှာလို့ရတယ် … အသဲကွဲလည်းခဏပေါ့ …

Leave a Reply