ကိုယ်တွေ့ပါဗျာ…

လူတလုံး ဘုန်းကြီးဝတ်ပြီး ထွက်လာတော့ တော်တော်ကို ၀ လာတာဗျ…

ပေါင်ကို ၁၃၆ ဖြစ်နေတာ… ဗိုက်ကလဲ ထွက်လာတယ်… တချို့ဆို မထီလေးစားဆက်ဆံလာတယ်…

ဘယ်တော့ မွေးမှာလဲ… ကလေးအဖေကျနေတာပဲတို့… လူများက နှာတဇျားသာအောင် တော်တယ်… နင်ကျတော့ ဗိုက်တလုံးသာအောင် တော်တယ်ဆိုပြီး…

အဲဒါနဲ့ လူတလုံးလဲ တင်းပြီး…

ပိန်အောင်လုပ်လိုက်တာ…

၃ ၄ ၅ ရက်မှာပဲ  ၅ ပေါင်လောက်ကျသွားတယ်… ဗိုက်ကတော့ သိသာတယ်ဗျ…

လုပ်နည်းက လွယ်တယ်…

မနက်ပိုင်းကို Soft ဘဲ စားတယ်… မုန့်ဟင်းခါး၊ ခေါက်ဆွဲသုပ် တပွဲလောက်ပဲ… အရင်ကဆို

လူတလုံးက ထမင်းကြမ်းနဲ့ ကြိတ်နေကျလေ… လက်ဖက်ရည်တော့ ထပ်မသောက်နဲ့ …

ဒီလောက်စားရင်တော်ပေါ့…

နေ့လည်စာတော့ ၀ အောင် စား… တအား တော့ ၀ အောင် မစားနဲ့… ၂ ခါ ခွဲစား…

၁၁ နာရီတခါ၊  ၄ နာရီ တခါ …

ညစာတော့ မစား ရပါ…

အဲဒီအစား ပေါင်မုန့် အကြမ်းကို နို့နဲ့ တို့စားရင် စား…

မဟုတ်ရင် ကြက်ဥ တလုံးကို ကြော်ပြီး  ပေါင်မုန့်နဲ့ စားပါ…

အဲဒါကလည်း  ၆နာရီခွဲလောက် နောက်ဆုံးထားစားပါ…

မဟုတ်ရင် ၇ နာရီ ၈ နာရီလောက်ဆို အိပ်ချိန်နဲ့ နီးပြီလေ…

ဒါဆို အဆီတက်မှာ… အဲဒါကိုမှ ဗိုက်ဆာရင်တော့ အဆီမတက်မယ့် အစာကို နည်းနည်းချင်း

စားကြည့်ပေါ့… လူတလုံးကတော့ ယတိပြတ်ပဲ… နာကြည်းချက်ကလည်း ရှိနေတာကိုး… လူကို

ကလေး အဖေလို့ ပြောတာလောက် တင်းတာမရှိဘူးဗျ… ဟဲ… လိုတိုးပိုလျှော့လေးပေါ့…

အရေးကြီးတာက ပုံမှန် လိုအပ်တဲ့ ကယ်လိုရီထက်တော့ မနည်းစေနဲ့ပေါ့…

ပြီးရင် အားကစား .. ယောကျာင်္းလေးတွေကတော့ ဒိုက်ထိုးပေါ့… တနိုင်ပါပဲ…

မိန်းကလေးတွေကတော့ လမ်းလေး ပါလေး နည်းနည်းလျှောက်…

ရေများများသောက်…

သိသာပါတယ်… လုပ်ကြည့်ပါ… ကိုယ်တွေ့မို့ပါ…

ခုလဲ လူတလုံး အဲဒီအတိုင်း ကျင့်သုံးနေတုန်းပါ…

လိုတိုးပိုလျှော့ကတော့ ကိုယ့်ဖာသာချိန်ပါ…

ကိုယ်လိုတဲ့ ၀ိတ်ကိုရောက်ရင် ညစာကို ပြန်စားပါ… အိပ်ချိန်နဲ့ မနီးပါစေနဲ့… စားပြီး

လမ်းနည်းနည်း လျှောက်ဖို့လည်း မမေ့ပါနဲ့…  သံပုရာရည်လည်း ပြန်သောက်လို့ရပါပြီ…

ဝိတ်လျှော့နေတုန်းတော့ သံပုရာရည်မသောက်ပါနဲ့…

အဆင်ပြေပြေနဲ့ ပိန်နိုင်ကျပါစေ…

About lu ta lone

lu ta lone has written 261 post in this Website..