ဒီနေ့မနက် …ငါးနာရီ လေးဆယ်လောက်အချိန် … မနက်အိပ်ကောင်းတုန်းရှိသေးတယ် … ဆူဆူညံညံအသံကြောင့် နိုးသွားရပါတယ်… ။ နဂိုကတည်းက စပ်စုတတ်သူမို့ … ၀ရံတာထွက်ကာ ဟိုဟိုဒီဒီကြည့်တော့…လူတွေ တစ်စုံတစ်ခုကို အားပြုကာ သယ်နေကြတယ်… ဒိုင်နာကားပေါ်ကို တွန်းတင်နေကြပါတယ်… ။

အိပ်ချင်နေတဲ့မျက်လုံးအစုံကို ပွတ်သပ်ရင်း စပ်စုစိတ်က ထိန်းမရတော့… သူတို့ဘာကိုမပြီး ကားပေါ်တင်နေသလဲ ကြည့်တာ…အားပါးပါး… နည်းတဲ့ ငါးကြီးမဟုတ်ဘူး… ။ ကိုယ်တိုင် မမြင်ရလျှင်တောင် ဒီလောက်ကြီးတဲ့ငါး ဒီကမ်းနားမှာ ဖမ်းမိတာ ယုံမှာ မဟုတ်ဘူး… ဗျက်ကိုက ငါးပေခြောက်ပေလောက်ရှိမယ် … အရှည်ကတော့  ခုနှစ်ပေ ၊ ရှစ်ပေလောက်ရှိမယ် ထင်တယ်… ဝေးနေတော့ မှန်းကြည့်တာ …။စံပြငါးဈေးနားကနေ သယ်လာတာတွေ့တာပါ… လူတွေ အများကြီးဝိုင်းမတာတောင် မနည်းမရတယ်… ။ ကိုယ်လုံးကလည်း ချွဲကျိနေတော့ မရခက်တာပေါ့ … ။

ငါးလိတ်ကျောက်ဆိုတဲ့ငါးက သိကြတဲ့ အတိုင်းပဲလေ… အတော် အဖိုးတန်တာကိုး… အရေခွံကနေ အရိုးထိ အသုံးတည့်တယ်လေ… ဒီတော့လည်း …ငါးဖမ်းလုပ်သားတွေ အတင်းကာရော ၀ိုင်းဖမ်းကြတယ်ထင်ပါရဲ့… ကားကလည်း သူ့ရဲ့ ဗျက်နဲ့ ယှဉ် လျှင် သေးတဲ့အခါ… သနားစရာ ငါးလေးခမျာ တွန့်ခေါက်စွာနဲ့ ပါသွားရလေရဲ့… ။ ကျမထင်ပါတယ်… အရှင်မိပြီးမှ သေသွားတယ်လို့ … ။ ငါးက လတ်လတ်ဆတ်ဆတ်ကြီးရှိတုန်းမို့ပါ… ။ ငါးလိတ်ကျောက် သားရေနဲ့ လုပ်တဲ့ အိပ်တွေ ၊ဖိနပ်တွေဆို ဈေးက ကြီးမှကြီးပဲ… ။ လူတွေများ အရှင်ဖမ်းပြီး ပြတိုက်ပို့လျှင်တောင် နောက်ပိုင်း ဒီလို ငါးမျိုးဆက်တွေ ကျန်ဦးမယ်… အခုတော့… သူ့ခမျာ ရှော ရှာပြီ ထင်ပါရဲ့… ။ မလှုပ်နိုင်တော့ပါဘူး … ။

ငါးကြီးခမျာ …မျက်စိလည်ပြီး မြစ်ထဲရောက်လာကာမှ အသက်ထွက်ရရှာတယ်… ။ အောက်ဆင်း ဓါတ်ပုံရိုက်ရအောင် night dress နဲ့ မျက်နှာ မသစ်ရသေးတာ မို့ … အဝေးကနေ လှမ်းရိုက်လိုက်ရတာ …ဒီလောက်ပဲ ရတော့တယ်

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!