သူငယ်ချင်းရေ လက်ဘက်ရည်ဆိုင်ကို သွားကြပါစို့ကွယ်

ပန်းနုApril 5, 20111min19917

လက်ဘက်ရည်ဆိုင်မှာ တစ်ယောက်တည်းမထိုင်ရဲတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးပါတယ်။
လက်ဘက်ရည်ဆိုင်က အစားအစာတွေကိုကြိုက်ပေမယ့် တစ်ယောက်တည်းထိုင်ရမှာကို ကြောက်နေမိတယ်။
ဒီလိုနဲ့ တစ်ရက်မှာ သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိပြီးပြောဖြစ်တယ်။
ငါ လက်ဘက်ရည်ဆိုင်မထိုင်ရဲဘူး။
နင်ကျတော့ထိုင်ရဲတယ် အဲဒါ ဘယ်လိုစိတ်ထားလေးနဲ့ထိုင်လဲပေါ့။
သူကပြောတယ် နင်ကရော ဘာလို့မထိုင်ရဲတာလဲတဲ့။
လက်ဘက်ရည်ဆိုင်ရှေ့က ဖြတ်လျှောက်ရင်တောင် တခါတခါ အစအနောက်ခံရတာ အဲဒီထဲဝင်ထိုင်ဖို့ဆိုတာ မတွေးရဲဘူး။
အဲဒါတော့ ကိုယ်ရွေးတဲ့ဆိုင်ပေါ်မူတည်ပါတယ်တဲ့။
ပြီးတော့ ကိုယ့်စိတ်ပေါ်မှာလည်းမူတည်ပါတယ်တဲ့။
ဝင်ရမှ ကြောက်တယ်ဆိုတာက တစ်ယောက်ကများ ကိုယ့်ကိုကြည့်နေမလား စနောက်မလားလို့ စိုးရိမ်စိတ်ရှိလို့ပါ။
ဘယ်သူမှ အချိန်ကုန်ခံပြီးကိုယ့်ကို ကြည့်မနေပါဘူး သူတို့လဲ စားဖို့သောက်ဖို့ရည်ရွယ်ချက်နဲ့လာတယ် ကိုယ်လဲစားဖို့သောက်ဖို့ ရည်ရွယ်ချက်နဲ့လာတယ်။
ဒါကြောင့် ရဲရဲကြီးသာ ဝင်လိုက်ပါတဲ့။
သူငယ်ချင်းရဲ့အားပေးစကားကြောင့် အခုတော့ လက်ဘက်ရည်ဆိုင်ထဲမှာ ရဲရဲထိုင်ဝံ့သွားပါပြီ။
ဒါပေမယ့် တချို့ကိစ္စတွေမှာတော့ အခုထိ တွန့်ဆုတ်တွန့်ဆုတ်နဲ့ လူတောမတိုးရဲသလို ခံစားရသေးတယ်။
ရွာထဲက မမတွေကို အားကျပါတယ်။ ခရီးတွေသွားရင် ဗဟုသုတွေလဲရင်း ရဲတင်းတဲ့စိတ်ဓါတ်ရှိတာကိုလည်း တင်ထားတဲ့ပို့စ်တွေကနေတဆင့် ခံစားမိတယ်။
အိပ်မက်လဲ ဘယ်တော့များမှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမလဲမသိတော့ပါ။

17 comments

  • naywoonni

    April 5, 2011 at 2:02 pm

    လ္ဘက်ရည်ဆိုင်ထဲ ဝင်ထိုင်သလိုပဲ စိတ်ထဲမှာထားကြည့်ပေါ့။ အင်း မိန်းကလေးဆိုတာက ရဲတင်းလွန်းရင်လည်း ….. မကောင်းဆိုတော့ သိပ်တော့ အရဲမကိုးနဲ့ပေါ့လေ… နော့ ဆရာလုပ်ကြည့်တာ 😛

    • akswe

      April 5, 2011 at 2:47 pm

      အဘနီကပြောတယ်(မိန်းကလေးဆိုတာက ရဲတင်းလွန်းရင်လည်း ….. မကောင်းဆိုတော့ )
      အိပ်မက်ရေ.. သမီး ပေါက်ဆိန်ယူသွား.. ဒါဆိုလဘက်ရည်ဆိုင်ထိုင်လို.ရပြီ။

  • Gong Zhu

    April 5, 2011 at 6:20 pm

    နောက်ခါ လက်ဖက်ရည်ဆိုင်သွားရင် ရဲတင်းနဲ့ ပေါက်ဆိန်ယူသွားမယ်နော် … မျက်လုံးထဲမှာ မြင်ကြည့်ကြည့်လိုက်တာ ရယ်ရတယ် … ဟားဟား

  • dream

    April 6, 2011 at 2:37 am

    ရဲတင်းနဲ့ ပေါက်ဆိန်နဲ့တင် လုံလောက်ပြီလား
    တခြားဘာတွေယူသွားရဦးမလဲဟင် 🙂

    • akswe

      April 6, 2011 at 4:34 pm

      ဘတို့ငယ်ငယ် ကတော. လဘက်ရည်ဆိုင်ထိုင်မယ်ဆိုရင် မပါမဖြစ် အဆောင်အနေနဲ့
      နံချပ်ကူ ၊သံလက်သီး ၊စက်ဘီးချိန်းကြိုး၊ ပလပ်စတစ်ပိုက်၊ရာဘာဒုတ်၊လိပ်ကျောက်မြီး စတာလေးတွေဆောင်ရတယ်။
      ကျောင်းကပြသနာ ရီးစားလု သူများနှစ်မစာပေး ဘောလုံးပိုက်ဆံကြေးကန်ရှုံး အဲဒါတွေ ကို
      ညဘက် လဘက်ရည်ဆိုင်မှာ ပဲစာရင်းရှင်းကြတာများတယ်…ဟီးဟီး။

  • eros

    April 6, 2011 at 2:55 am

    အပျင်းပြေကစားလို့ ရအောင် AK 47 တလက် ကိုင်သွားပါ။

  • dream

    April 6, 2011 at 6:16 am

    @eros အဲဒါဆိုရင် လက်ဘက်ရည်ဆိုင်မသွားတော့ဘူး ရွှေဆိုင်ပဲသွားတော့မယ် 😛

  • akswe

    April 6, 2011 at 2:51 pm

    AK47 ,ယူမတွားနဲ. akswe ကိုခေါ်တွား…
    မှာတီးပလိုက်မယ်

    ဘယ်….ညာ..
    ချိုစိမ်. ပေါ.ကျ ပြစ်လဲ ..မလိုင်များများ…နို.စိမ်းကဲကဲ
    အရှို.နှစ်လုံး .. အကင်နှစ်ချပ်… အပေါက်တစ်စုံ….စမူတစ်ဘန်း…အီကြာတစ်တွဲ
    တူးနံ ထောမယ်….
    ပြောရင်းသွားရေကျလာပြီ…. အဟင့်….ဂလု

    • ဆူး

      April 6, 2011 at 5:06 pm

      မလိုင်များများ တစ်ရှူးလုံးတွေ လာချနေမယ် သတိထားနော်။

  • juttue.gyi

    April 6, 2011 at 3:38 pm

    ကျတာ်တို့ဆီလာခဲ့ဗျာ အရိပ်စစ်ဆိုင်ကို ကျတော်တို့မြို့မှာတော့ အဲဒီဆိုင်ဘဲ ထိုင်လို့ကောင်းတာ ဒကာကိုတော့ အိပ်မက်လေးပေါ့ ဟုတ်ဘူးလား

  • မမလေး

    April 6, 2011 at 6:17 pm

    ဟုတ်ပါ့ … တရုတ်တန်းမှာ နွားနို့ကျိုနေတာ မွှေးနေတာပဲ … သောက်တော့သောက်ချင်တယ် တစ်ရှူးတွေဖြစ်မှာစိုးလို့ မသောက်ရဲဘူး …

  • kai

    April 6, 2011 at 6:41 pm

    သွား..သွား..ရအောင်ထိုင်ခဲ့..။
    ထိုင်နေတဲ့နေရာကနေ.. လျှောက်နေတဲ့သူတွေရဲ့…ဓါတ်ပုံရိုက်ပြီး .ရွာထဲစာပြန်လာရေး..ဆုပေးမယ်..။ 🙂

  • dream

    April 7, 2011 at 2:20 am

    သူကြီးရေ ဒီတခါ အိပ်မက် လက်ဘက်ရည်ဆိုင်ထိုင်ရင်
    ရွာသူရွာသားတွေ အများကြီးနဲ့ထိုင်မှာမို့လို့
    ဆုပေးရင် များများပေးပါနော်

  • winkyawaung

    April 7, 2011 at 6:59 am

    အင်း.. ဝါဝါမြင်တိုင်း ရွှေအစစ်လို့မထင်လိုက်ပါနဲ့ ကိုယ့်ချစ်သူရယ်အစား ဖြူဖြူမြင်တိုင်း နွားနို့ထဲက မလှိုင်အစစ်လို့ မထင်လိုက်ပါနဲ့ ဒို့ချစ်သူရယ်..။ လို့ အော်ဆိုရမယ့် ခေတ်ပါဗျာ……။ အတုတွေ ကြီးစိုးနေကြတာကိုးနော့။

  • ဆူး

    April 7, 2011 at 12:09 pm

    သီးလေးသီး ဆိုတဲ့ သံချပ် ထဲက..
    အီးအီးကုန်းတဲ့ စက္ကူစုပ် မလိုင် ဖြစ်အောင် လုပ်…

  • မမလေး

    April 7, 2011 at 4:35 pm

    မမဆူးကလည်းလုပ်ပြီ … နွားနို့နံ့တောင်မခံချင်အောင်လုပ်ပြီ …

  • ဆူး

    April 7, 2011 at 4:52 pm

    ဆူး ပြောတာ မဟုတ်ပါ..သီးလေးသီး သံချပ် ထဲမှာ ဆိုတာ.. နားထဲ စွဲနေလို့.. ချ ရေးလိုက်တာ..

Leave a Reply