ပုရိသကိုယ်ဝန်ဆောင်

myuemyueApril 6, 20111min18516


မနေ့က တီဗွီကြည့်နေကြရင်း ချာနယ်အိတ်မှာ ရေနဂါးလေးတွေအကြောင်းပြပါတယ်.. အတူတူကြည့်နေတဲ့ ဦးလေးက ပြောပြလို့ ထူးဆန်းတာလေးတစ်ခု သိလိုက်ရတယ်.. ရေနဂါးတွေမှာ အထီးကောင်လေးတွေက ကိုယ်ဝန်ဆောင်ကြသတဲ့.. သေသေချာချာလေး အသေးစိပ်သိချင်လို့ ဝီကီမှာရှာဖတ်ပြီး သိသမျှလေးမျှဝေပေးလိုက်ပါတယ်..

SEAHORSE လို့ခေါ်တဲ့ ရေနဂါးလေးတွေဟာ မျိုးနွယ်ပေါင်း ၄ဝကျော်ရှိကြပြီး အပူပိုင်းပင်လယ်တွေရဲ့ ရေတိမ်ပိုင်းမှာ အများဆုံးတွေ့ရတတ်ပါတယ်.. ရေညှိရေမှော်တွေ သန္တာကျောက်တန်းတွေကြားမှာ အနေများပြီး ဒီရေတောတွေထဲမှာလဲ တွေ့ရတတ်ပါတယ်.. တခါတလေတော့ ဥရောပဘက်ကို နယ်ချဲ့တတ်ကြပါသေးတယ်.. အထီးကောင်လေးတွေက နေထိုင်ရာနေရာရဲ့ ၁မီတာပါတ်လည်အတွင်းသာ လှည့်လည်သွားလာတတ်ပြီး အမလေးတွေကတော့ မီတာ၁၀ဝပါတ်ဝန်းကျင်လောက်ကို လှည့်လည်နေတတ်တယ်ဆိုပဲ.. ဗိုင်းကောင်းကျောက်ဖိဆိုတဲ့စကားက ရေနဂါးထီးကလေးတွေအတွက်ဖြစ်မယ်နော်..

ရေနဂါးလေးတွေဟာ အရိုးမာငါးမျိုးဖြစ်ပေမယ့် အကြေးခွံတော့မရှိကြပါဘူး.. အရိုးမာမာကြီးပေါ်မှာ အရေခွံပါးပါးလေးပဲဖုံးအုပ်ထားတဲ့ အသားမရှိသူလေးတွေပါတဲ့.. ငါးမော်ဒယ်လေးတွေပေါ့.. ရေကို မတ်တပ်ကူးကြပါတယ်..သူတို့ခေါင်းပါ်မှာ သရဖူပုံစံလေးလဲ ပါတတ်သေးတယ်တဲ့.. အဲဒီသရဖူလေးက တကောင်နဲ့တကောင်လုံးဝမတူကြပါဘူး.. လူတွေရဲ့လက်ဗွေရာလိုပေါ့.. တကောင်ကို ပုံစံတမျိုးစီပါတဲ့.. ငါးမျိုုးပေမယ့် ရေကူးတော့မမြန်ကြပါဘူး.. သူတို့မျက်စိရဲ့ နောက်နားလေးက ရေယက်လေးတစ်ခုတည်းကိုသုံးပြီး ကူးရတာဆိုတော့ သိပ်မမြန်ဘူးပေါ့.. များသောအားဖြင့် သူတို့အမြီးလေးတွေကို တနေရာရာမှာချိတ်ပြီး နားနေတတ်ကြပါတယ်.. သူတို့ရဲ့အစာကတော့ ငါးသေးသေးလေးတွေ ပုဇွန်သေးသေးလေးတွေနဲ့ ရေညှိရေမှော်လေးတွေပါ..

သူတို့ရဲ့ မျိုးပွားပုံက စိတ်ဝင်စားစရာအကောင်းဆုံးပါပဲ.. သူတို့ချင်း ချစ်တင်းမနှောခင် ၂ကောင်သား တော်တော်ကြာကြာလေး အတူတူရှိနေတတ်ကြတယ်.. အမြီးချင်းချိတ်ပြီး ဘေးချင်းယှဉ်ရက် ရေကူးသွားနေတတ်ကြတယ်.. အဲဒီနောက် အထီးကောင်လေးက သားဥအိတ်လေးကိုဖွင့်ပေးလိုက်တဲ့အခါ အမကောင်လေးက သူ့ဥတွေကို အိတ်ထဲထည့်ပေးလိုက်တယ်.. နောက်တော့ အထီးကောင်လေးက ကိုယ်ဝန်ဆောင်ရတော့တာပေါ့.. ၂လလောက်ကြာအောင် ကိုယ်ဝန်ဆောင်ပြီးတဲ့နောက် အကောင်လေးတွေပေါက်လာတာပေါ့.. သားပေါက်လေးတွေကိုလဲ အဖေကြီးကပဲ စောင့်ရှောက်ရပါတယ်.. သူတို့တွေရှာဖွေစားသောက်နေထိုင်တတ်လာတဲ့အထိပေါ့.. ထူးဆန်းပါပေ့ရေနဂါးရယ်..

Pregnant Seahorse

ကလေးတော့လိုချင်တယ်.. ကိုယ်ဝန်တော့မဆောင်ချင်ဘူးလို့ ပြောတတ်ကြတဲ့မမတွေကို ရေနဂါးနဲ့ယူပေါ့လို့ပဲ ပြောရမလိုလို… ကျွန်မတို့ဖေဖေ ပုလဲနဲ့ငါးမှာလုပ်တုန်းက သင်္ဘောတခေါက်ပြန်ဝင်လာပြီးဆို ရေနဂါးခြောက်လေးတွေ ပြန်ပါလာတတ်တယ်.. လှတဲ့ကောင်လေးတွေကို ရွှေချ.. မျက်လုံးနေရာမှာကျောက်နီလေးထည့်လိုက်ရင် လက်ဆောင်ရေနဂါးရုပ်လှလှလေးရတာကိုး.. တရုတ်တိုင်းရင်ဆေးဖော်ရာမှာလဲ ရေနဂါးခြောက်လေးတွေကို သုံးကြပါတယ်.. ထူးထူးခြားခြား မျိုးပွားကြတဲ့ ပုရိသကိုယ်ဝန်သည် ရေနဂါးလေးတွေအကြောင်း မသိသေးရင်သိရအောင်မျှဝေပေးတာပါ.. လွဲနေတာများရှိခဲ့ရင် ဘာသာပြန်သူကျွန်မအလွဲသာ ဖြစ်ပါကြောင်း..

 

(ဘလော့မှာ  တင်ပြီးသားလေးပါ..)

16 comments

  • babymay

    April 6, 2011 at 2:05 am

    ရေနဂါးလေးတွေကို အထီးအမဘယ်လိုခွဲလဲ။ ကိုယ်ဝန်ဆောင်တတ်တဲ့ ကောင်လေးကို အမ လို့သတ်မှတ်လို့မရဘူးလား။

    • myuemyue

      April 6, 2011 at 5:34 am

      အထီးအမခွဲတာက သူတို့တွေရဲ့ မျိုးပွားအင်္ဂါတွေကို ကြည့်ပြီးခွဲတာထင်ပါရဲ့.. ဥအုနိုင်တာက အမလေးတွေလေ.. အထီးလေးတွေက ကိုယ်ဝန်ဆောင်ပေးတာ ထူးဆန်းတာတော့အမှန်ပဲ..

  • Shwe Tike Soe

    April 6, 2011 at 2:09 am

    ဗဟုသုတလေးတွေမျှဝေပေးလို. ကျေးဇူးတင်ပါတယ်
    နောက်လဲ ဆက်ရေးပါအုံး အားပေးနေပါမယ်….

  • တညင်သား

    April 6, 2011 at 2:18 am

    ကြားဘူးတာတော့ ဆီနိုဒါ လို့ ခေါ်လားပဲ အခု ရေးပြတော့ မြန်မာတွေ အသံထွက် မှားတာပဲနေမှာနော်…

    • myuemyue

      April 6, 2011 at 5:41 am

      ဆီနိုဒါလို့ခေါ်တာက အင်္ဂလိပ်လိုတော့မဟုတ်လောက်ဘူး.. တခြားဘာသာစကားတမျိုးမျိုး ဖြစ်မယ်ထင်တယ်.. း)

  • etone

    April 6, 2011 at 2:22 am

    ဖတ်ရတာ ဗဟုသုတရပါတယ် …. အထီးက ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးတယ်ဆိုတော့ လူတွေ သတ်မှတ်ခဲ့ပုံများ မှားခဲ့လို့လား မသိဘူး ။ အထီးနဲ့ အမ ဘယ်လို အသွင်ပြင်တွေ ကွဲလည်း ဆိုတာ ဆက်သိခွင့်ရလျှင်ကောင်းမှာ … ။
    ချောင်းသာ သွားတုန်းက ရေနဂါးခြောက်လေးတွေ ရောင်းတယ် လာဘ်ပွင့်တယ်လို့ ပြောတာပဲ… အသည်းယားလို့ ဝယ်မလာခဲ့ဘူး ။

    • myuemyue

      April 6, 2011 at 5:35 am

      အထီးအမခွဲတာက သူတို့တွေရဲ့ မျိုးပွားအင်္ဂါတွေကို ကြည့်ပြီးခွဲတာထင်ပါရဲ့.. ဥအုနိုင်တာက အမလေးတွေလေ.. အထီးလေးတွေက ကိုယ်ဝန်ဆောင်ပေးတာ ထူးဆန်းတာတော့အမှန်ပဲ.. 🙂

  • chindwinsayargyi

    April 6, 2011 at 6:47 am

    ရေနဂါးလေးတွေကလူတွေထက်တောင်ဂရုစိုက်တတ်ကြတာဘဲနော်။
    ဆက်လက်ရေးပါဦး။

  • နွယ်ပင်

    April 6, 2011 at 7:27 am

    အခုလို ဗဟုသုတလေးတွေမျှဝေပေးတာ ကျေးဇူးပါ … ဆက်ရေးပါဦး အားပေးနေပါတယ် ..

  • greatwhiterose

    April 6, 2011 at 7:32 am

    အံ့ဩဖို့ကောင်းတယ်နော်။
    အခုလိုသိတာလေးတွေဝေမျှပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

  • dream

    April 6, 2011 at 7:39 am

    ဗဟုသုတရပါတယ်။
    တခါတခါ အကောင်လေးတွေရဲ့ ထူးခြားချက်လေးတွေဖတ်ရတာ အတော်အံ့ဩဖို့ကောင်းပါတယ်။
    ခြင်အထီးက မကိုက်တတ်ဖူးဆိုတာ အသက် ၂ဝ ကျော်မှ သိပါတယ် 😀

  • evolution

    April 6, 2011 at 10:09 am

    သတ္တလောကမှာ မျိုးဆက်သစ်အတွက် အထီးတွေကတာဝန်ခွဲယူရတာ ရေနဂါးလေးတွေအပါအဝင်အများကြီးရှိကြပါတယ်။ မြန်မာလိုရေနဂါးလေးတွေပေါ့ ၊ အင်္ဂလိပ်လိုကတော့ ဆီနိုဒါ လို့အသံထွက်မလားဘဲ၊ တရုတ်တွကတော့ sea horse ရေမြင်းလို့လဲခေါ်တယ်ဆိုပဲ။ သူ့မျက်နှာကမြင်းရုပ်ကလေးနဲ့ဆင်လို့လားတော့မသိဘူးနော်။
    ရေသတ္တဝါထဲက မှထပ်ပြီးရွေးထုတ်ပြရရင် ကျတော်တို့ အလှမွေးနေကြတဲ့ ဖိုက်တာငါး betta fish ၊ လပ်ကီးဖစ်တို့ကလဲဒီအမျိုးအစားထဲမှာ ပါဝင်ကြပါတယ်။ ဖိုက်တာငါးလေးတွေကိုသားဖေါက်ဖူးတဲ့သူတွေသိပါလိမ့်မယ်။ ကြည့်လို့လဲအရမ်းလှပါတယ်။ ငါးမလေးကဥ ဥချင်လာလို့ ငါးထီးလေးနားကိုလာတဲ့အခါမှာ ငါထီးလေးက သူ့ကိုယ်ကိုကွေးပြီးငါးမလေးကိုပိုက်ထွေးသလိုရစ်ပတ်လိုက်ပါတယ်။ အဲဒိမှာငါးမလေးကဥလေးတွေကိုဥချလိုက်တဲ့အခါမှာ ငါးထီးလေးကငါးမလေးကိုလွှတ်ထားခဲ့ပြီးဥလေးတွေကိုလိုက်ကောက်တတ်ပါတယ်။ ရလာတဲ့ဥလေးတွေကို ပါးစပ်နဲ့ငုံပြီးတော့သူကိုယ်တိုင်လုပ်ထားတဲ့ အမြုပ်အသိုက်လေးထဲကိုသွားတင်ထားတက်ကြပါတယ်။ ငါးထီးလေးမကောက်မိဘဲကျန်ခဲ့တဲ့ဥလေးတွေကိုတော့ ငါးမလေးက စားပါတယ်။ ဥလေးတွေ ဥလို့ကုန်သွားတဲ့အခါမှာတော့ ငါးထီးလေးက ငါးမလေးကိုတာ့တာပြလိုက်ပါတယ်။ သူကောက်ထားတဲ့ဥလေးတွေကိုလာစားမှာဆိုးလို့ပါ။ သူကိုယ်တိုင်ပဲအဲဒိဥလေးတွေကို အကောင်ပေါက်တဲ့အထိ အောက်ကျလိုက် ပြန်ကောက်တင်လိုက်၊ နေရာရွှေ့လိုက်နဲ့ စောင့်ရှောက်ပါတယ်။ ကျတော်တို့ တစ်ချို့ရေမြောင်းတွေမှာရှိတတ်တဲ့ ငါးဖျင်းစလတ်လေးတွေကလဲ အဲလိုပါပဲ။
    လပ်ကီးဖစ်ကတော့ ငါးမလေးဥထားတဲ့ဥလေးတွေကို တစ်လခွဲလောက်ကြာအောင်ပါးစပ်ထဲထဲ့ငုံထားရတယ်လို့ဆိုပါတယ်။ အကောင်ပေါက်တော့လဲ လွှတ်ပေးကြည့်လိုက်၊ ရေထဲယက်ကန်ယက်ကန်ဖြစ်နေရင်ပြန်ငုံထားလိုက်ဆိုဘဲ၊ ကြားဖူးဖတ်ဖူးသလောက်ပြန်ပြောပြတာပါ။ ဘယ်နှစ်ကောင်စားမိသလဲတော့မသိဘူးပေါ့နော်။
    ကုန်းသတ္တဝါထည်းမှာဆိုရင်လည်း ရေတစ်ပိုင်းကုန်းတစ်ပိုင်းဖြစ်နေတဲ့ ပင်ကွင်းငှက်လေးတွေရှိပါသေးတယ်။ ငှက်မလေးက ဥ ဥပြီးသွားတဲ့အခါမှာ ငှက်ထီးလေးက အကောင်ပေါက်တဲ့အထိ ဝပ်ပေးရတယ်လိုဖတ်ဘူးပါတယ်။
    လူတွေထဲမှာလဲ တစ်ချိုက……………………………. 🙂

  • ဆူး

    April 6, 2011 at 4:30 pm

    ဗဟုသုတ အများကြီး ရပါတယ်။ ကျေးဇူးတင်ပါတယ်။
    ဒါနဲ့ စကားမစပ်.. အိမ်မှာ မွေးထားတဲ့ ငါးပိစိလေးတွေ.. ပေါက်လိုက်ရင် အကောင်လိုက်ဘဲ ပေါက်နေတယ်..ဥ ဥ မလား စောင့်ကြည့်နေတာ.. ငါးတွေ အကောင်လိုက် ကူးနေတယ်။ ကူးနေတဲ့ ငါးတွေကိုလည်း အကောင်ကြီးတွေ လိုက်စားနေလို့.. သီးသန့် ဖယ်ပေးထားရတယ်။ အင်တာနက်မှာ ရှာကြည့်တာ အကောင်လိုက် ပေါက်နေတာ ဗီဒီယို ရိုက်ထားတာ တွေ့ရတယ်။

    • evolution

      April 7, 2011 at 3:58 am

      အလှမွေးငါးထဲမှာ အကောင်လိုက်ပေါက်တာကော ဥ ဥတဲ့အမျိုးကောရှိကြပါတယ်။ ဥပမာ- guppies လို့ခေါ်တဲ့ဒေါင်းငါးလေးတွေ၊ swordtail ဆိုတေးလို့ခေါ်တဲ့ငါးလေးတွေက အကောင်လိုက်ပေါက်တက်ကြတယ်လေ။ မျိုးတူတွေချည်းပဲရှိတဲ့ကန် အစာပုံမှန်ကျွေးတဲ့ကန်ဆိုရင်တော့ ပြန်မစားတတ်ကြပါဘူး။ နောက်ပြီးအကောင်သေးလေးတွေ ခိုအောင်းနိုင်မယ့်နေရာ ရှိရင်ပိုကောင်းတာပေါ့။ မျိုးမတူတဲ့ တခြားငါးတွေကတော့အကြိုက်တွေ့မှာပဲ။ ရွှေငါးလေးတွေ၊ အိမ်ဂျယ်လေးတွေကျတော့ ဥ ဥ တာပါ။ ဥ ဥတဲ့ငါးက အပျက်အဆီးပိုများတယ်လေ အဲဒါကြောင့်လားမသိဘူးသူတို့က ဈေးပိုကြီးနေတက်တယ်။ ကြုံလို့ပြောပြတာပါ၊ ကိုယ်တိုင်လဲမွေးရတာကို ဝါသနာပါလွန်းလို့လေ။ ငါးလေးတွေပေါက်လာရင် ဘာရယ်မဟုတ်ပေမယ် အရမ်းပျော်စရာကောင်းတာဗျ။ ဒါပေမယ့်တစ်ခုတော့ရှိတယ် ပိုက်ဆံကုန်ပေါက်တွေချည်းပဲ 🙂

  • nature

    April 6, 2011 at 5:32 pm

    အထီးကကိုယ်ဝန်ဆောင်တယ်ဆိုတာပထမဦးဆုံးကြားဖူးတာဘဲ၊ဘယ်ရာသီတွေမှာ သားပေါက်တတ်လဲ၊တနှစ်ကိုဘယ်နှစ်သားလောက်ပေါက်တတ်လဲ။

  • winkyawaung

    April 7, 2011 at 7:09 am

    စာရေးဆရာ ကိုကိုလတ်(ဆည်မြောင်း) ရေးတဲ့ တိုက်ငါးတစ်ကောင် ၏ ဖြောင့်ချက် ဝထ္ထုတိုထဲမှာ ငါးအထီးက ကလေးမွေးပေးတာကို ဖတ်လိုက်ရပါတယ်။

Leave a Reply