မီးပျက်ခြင်း၏ အကျိုူးကျေးဇူးအချက် (၂၀)

၁။ကလေးများကိုပျော်ရွှင်စေခြင်း (သတိထားပြီးကြည့်ပါ ညဖက်မီးလာပြီဆိုရင် ကလေးတွေတဟေးဟေးနဲ့ အော်တာကို သူငယ်ချင်းတို့မြင်ဖူးပါလိမ့်မယ်။ မီးမှန်တဲ့နိုင်ငံက ကလေးတွေဆိုရင် ဒီလိုပျော်ရွှင်မူ့မျိုးကို ရမှာမဟုတ်ပါဘူး)

 

၂။သဘာဝဘေးအန္တရယ်များဖြစ်ပေါ်လာလျှင် ဓါတ်လိုက်၍မသေဆုံးနိုင်ခြင်း

 

၃။ဖယောင်းတိုင်လုပ်ငန်းရှင်များအကျိုးစည်းပွားဖြစ်ထွန်းခြင်း

 

၄။ပြည်ပမှအထူးသဖြင့်တရုပ်ပြည်မှကုန်သည်များကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း(မီးချစ်၊ဓါတ်မီး)

 

၅။စတိုးဆိုင်ပိုင်ရှင်များကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။.

 

၆။မီးစက်မီးပေးသောသူများကိုအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။ (တချို့သိချင်မှသိပါလိမ့်မယ်။ မီးစက်မီးပေးတယ်ဆိုတာ မီးချောင်းတချောင်းကို ၁၀၀၊၁၅ဝ နုန်းနဲ့အိမ်တွေကိုမီးရောင်းတာကိုပြောတာပါ)

 

၇။လက်ဖက်ရည်ဆိုင်များရောင်းအားကောင်းလာခြင်း

 

၈။ကျောင်းသားကျောင်းသူများစာတော်စေနှိုင်ချင်း(ဟုတ်တယ်လေမီးမလာတော့TVမကြည့်ပဲစာကြည့်ရတာကို)

 

၉။မီးစက်နှင့်အပိုပစ္စည်းအရောင်းဆိုင်များ ပြုပြင်သူများဝင်ငွေဖြောင့်စေခြင်း။

 

၁၀။စက်သုံးဆီအရောင်းဆိုင်များ၊စက်သုံးဆီမှောင်ခိုရောင်းသူများအားအကျိုးစည်းပွားဖြစ်ထွန်းစေခြင်း။

 

၁၁။လျှပ်စစ်ဝန်ထမ်းများအားတာဝန်မှသက်သာစေခြင်း။

 

၁၂။စက်ရုံအလုပ်ရုံမှဝန်ထမ်းများတခါတရံအလုပ်ပင်ပန်းမှုလျော့ကျစေခြင်း။(မီးလည်းမလာမီးစက်လည်းပျက်တဲ့အခါမှာပေါ့)

 

၁၃။ဗီစီဒီအခွေငှားဆိုင်များဝင်ငွေတိုးစေခြင်း။(ဒီလိုပါ၊အခွေငှားပြီးမီးပျက်နေလို့၂ရက်ခရတာကိုဆိုလိုတာပါ)

 

၁၄။အင်ဗာတာအသုံးပြုများသည့်အတွက် battery အရောင်းဆိုင်များ အင်ဗာတာအရောင်းဆိုင်များ အရောင်းအဝယ်ကောင်းစေခြင်း။

 

၁၅။လျှပ်စစ်ပစ္စည်းပြုပြင်ရေး service center များဝင်ငွေကောင်းစေခြင်း။

 

၁၆။ထင်းမီးသွေးအရောင်းဆိုင်များရောင်းအားကောင်းလာခြင်း။

 

၁၇။ထမင်းဆိုင်များ၊စားသောက်ဆိုင်များများရောင်းအားကောင်းလာခြင်း။

 

၁၈။နွေအခါယက်တောင်ထုတ်လုပ်သူများအရောင်းအဝယ်ကောင်းစေခြင်း။

 

၁၉။ကလေးသူငယ်များအားကျန်းမာကြံခိုင်စေခြင်း။ (မီးမလာတော့TVတို့Gameတို့မဆော့ရပဲဘောလုံးကန်တာတို့ကြက်တောင်ရိုက်တာတို့ပဲဆော့ရလို့ပါ)

 

၂၀။တရားအားထုတ်သောလူကြီးသူမများကိုစိတ်တည်ငြိမ်မှု့ရရှိစေခြင်း။ (မလာတော့ဘေးပတ်ဝန်းကျင်က တီဗီသံ ကက်ဆက်သံတို့မဆူတော့လို့ပါ)

 

 

ဟဲဟဲတကယ်တော့မီးမလာရင် ငါလည်းမနေတတ်တာတော့အမှန်ပါပဲ တခုတော့ရှိတယ် တို့ဗမာတွေ သတ္တိက အနောက်နိုင်ငံကြီးတွေထက်သာပါတယ်။ တချိုကနိုင်ငံက လူတွေက မီးပျက်ရင်အထိတ်တလန့်အော်တာကို ရုပ်ရှင်ကားတချို့မှာတွေဖူးတယ်။ တို့နိုင်ငံမှမီးပျက်ရင် ကလေးတောင်မအော်ဘူးလေ ဒါ့ကြောင့်ဗမာတွေသတ္တိရှိတယ်လို့ပြောတာပေါ့။

 

မီးပျက်တာနဲ့ပက်သက်လို့ကဗျာစပ်ထားတာလေးလည်းရှိသေးတယ်။ ဘဝဖုန်ထူနေပူ၊ကြွေးကထူသည်မီးကလည်းပျက်၊ရေလည်းငတ်၍ဖုန်းဘေကတတ်ငွေရှာခက်လျှက်လိုင်းကားကကြပ်လမ်းကပျက်ပြီးချစ်သူကမုန်းဖဲကရှုံးနှင့်သုံးစားမရတဲ့ဘဝပါလားနော်။

 

သစ္စာနေ့ခင်းခါလမင်းသာညခင်းခါနေမင်းထွက်ပါလို့ငှက်တွေနော်ရေမှာပျော်ငါးတွေနော်လေပေါ်ဝဲပြီးဆန်တပြည်သုံးမတ်နဲ့ဆီတပုံးသုံးကျပ်ဖြစ်ခါမှမြန်မာပြည်မီးမှန်ပါ့မယ်လုံးဝယုံထား။

 

မီးလာပြီ၊မီးလာပြီပျော်ပျော်နေသေခဲမော်တော်နေရေထဲအိမ်မှာနေအမေဆဲရန်ကုန်မှနေဗုန်းကွဲနေပြည်တော်နေအသားမည်း အမြင့်ဆုံးကိုတတ်အချစ်ဆုံးကိုဖက်ပြီးအော်လိုက်မယ်မီးလာပြီ၊မီးလာပြီ။ 

One comment

  • မမလေး

    April 7, 2011 at 4:19 pm

    ဒါပေမယ့်နော် မနှစ်ကဆို အောက်တိုဘာ ၊ နိုဝင်ဘာဆိုမီးကအလှည့်နဲ့ပျက်နေပြီ … ဧပြီ သင်္ကြန်ရက်လည်းပျက်တယ်မနှစ်ကဆို … ခုတော့ တောက်လျှောက်လာနေတာ မပျက်သေးဘူး … တို့နိုင်ငံကြီး တိုးတက်လာပါပြီ … 🙂

Leave a Reply