တပတ်အတွင်းအထူးသတင်း

တပတ်အတွင်းရရှိထားတဲ့အထူးသတင်းတွေပါတိုးတိုးနော်

လက်တိ်ု ့ပြောမှာ

 

၁။ မျဉ်းဝါမှတစ်ဆင့်

လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျှောက်လျှက်ရှိ။

၂။ AIDS ရောဂါကို လူတိုင်း ကြောက်ရွှံ့။

၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စ ဆွေးနွေး။

၄။ နှာခေါင်းတွင် အပေါက်နှစ်ပေါက် မပါရှိပါက လူအများ အသက်ရှူရာတွင် အခက်အခဲများ တွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို။

၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ။

၆။ ကျောင်းသားတစ်ဦး ကျောင်းကား ပေါ်တွင် ကျောင်းသားများနှင့် စာအကြောင်းများကို ဆွေးနွေး။

၇။ နားမကြားသူများ နားကြားကိရိယာ အသုံးမပြုပါက နားကြားရမည် မဟုတ်ဟု ကျွမ်းကျင် သူများ ပြောကြား။

၈။ ခရီးသည်တင် ကားများတွင် ထိုင်ခုံမရပါက မတ်တပ်စီး၍ လိုက်ပါနိုင်။

၉။ မဆင်မခြင် သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်။

၁၀။ ရထားစီးစဉ် ပြတင်းပေါက်များ ဖွင့်ထားပါက လေကောင်း၊ လေသန့် ရနိုင်။

၁၁။ မိုးရွာသောနေ့များတွင် လူအများစု ထီးများ ဆောင်း၍ သွားလာလှုပ်ရှားလျှက်ရှိ။

4 comments

  • good

    April 7, 2011 at 3:57 am

    ခေါင်း စဉ် မှားနေ ပါ သည်၊ ( တပတ်အတွင်း အရူးသတင်း ) ပါ။

  • zawinaing

    April 7, 2011 at 6:02 am

    ဒါပေ့ါ မထူးမှတော့ ရူးပြီပေါ့ဗျာ…………
    နောက်လဲဒီလိုပေါတောတော သတင်းတွေကိုရှာနိုင်ပါစေ…..
    ဒီလိုဆိုရင်….သတင်းစာတိုက်က လစာအများဆုံးပေးပြီး အလုပ်ခန့်ပါမယ်ခင်ဗျား……

  • myanpyithar

    April 7, 2011 at 11:58 am

    ဒီလိုဟာသတွေကရိုးလွန်နေပြီဗျာ…အသစ်ရှာပါဦး ထူးခြားရင်တော့အားပေးမှာပါ ထပ်ကြိုးစားဦးရဲဘော်ရေ့…..

  • panchapee

    April 8, 2011 at 6:00 pm

    ကိုယ်ပိုင်ဉာဏ်သုံးပြီး ရေးပါ…. သူများဆီကဟာတွေ copy – paste လုပ်ပြီးတင်တာ မရှက်ဘူးလား
    ကိုယ်တိုင်ရေးတင်သလိုလိုနဲ့…… လိပ်ပြာလုံရဲ့လား

Leave a Reply