Computer စကားတိုက်ပွဲ……

တစ်ခါကလင်မယားနှစ်ယောက် စကားအချေအတင်ပြောကြသတဲ့။အဲ ယောက်ျား ဖြစ်သူက
computer crazy၊ မိန်းမဖြစ်တဲ့သူကတော့ ဒီယောက်ျား ငါ့ကိုတော့ ကွန်ပျူတာလောက်
အလေးမထားဘူးဆိုပြီး စကားနာထိုးတဲ့ စကားစစ်ပွဲတစ်ခု ဖန်တီးတဲ့အကြောင်းအရာလေး
ဖြစ်ပါတယ်။
ကဲ… သူတို့ နှစ်ယောက်ပြောတဲ့ စကား တွေကို ကြည့်ကြပါဦးနော်။

မိန်းမ။ ။ ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။
ယောက်ျား။ ။ Set Default

မိန်းမ။ ။ ကျွန်မကို crazy အကျႌလှလှလေးဝယ်ပေးမယ်ဆိုပြီး အခု မမှတ်မိတော့ဘူးလား။
ယောက်ျား။ ။ Bad command or file name

မိန်းမ။ ။ ရှင်နဲ့ ကျွန်မ ရုပ်ရှင်အတူတူ သွားမကြည့်တာလည်း ကြာပြီ။ ဒီကွန်ပျူတာ ရှေ့မှာပဲ
အချိန်ဖြုန်းနေတာပဲ။ ဒါပဲနော် နောက်တစ်ပတ်ကျရင် ရုပ်ရှင်သွားကြည့် ကြမယ်။

ယောက်ျား။ ။ Drive not ready

မိန်းမ။ ။ ထမင်းလက်ဆုံမစားရတာလဲ ကြာပြီ။ လင်မယားဆိုတာ ထမင်း အတူတူစားတော့
ပိုစားဝင်တာပေါ့။

ယောက်ျား။ ။ Access denied

မိန်းမ။ ။ ကျွန်မအမေကတောင် ယောက်ျားအပေါ်မှာ ဒီလောက် အလျှော့ ပေးရမလားဆိုပြီး
ကျွန်မကို ဆူနေပြီ။

ယောက်ျား။ ။ Divide Over Flow

မိန်းမ။ ။ ရှင်စဉ်းစားကြည့်စမ်း။ ကျွန်မတို့ အိမ်ထောင်သက် ဘယ်လောက် ရှိပြီလဲဆိုတာ။
ယောက်ျား။ ။ Not enough memory

မိန်းမ။ ။ ကဲ အခုဆိုရင် ကျွန်မအမေ၊ ရှင့်ယောက္ခမက ရှင့်ကို အနိုင်ယူတဲ့ နည်းလမ်း တွေသင်ပေးဖို့ ကျွန်မတို့အိမ်ကို ၂ လ ၃ လ လောက် လာနေမယ်တဲ့။

ယောက်ျား။ ။ Insufficient disk space

အဲဒီအချိန်မှာ မိန်းမက အရမ်းစိတ်ဆိုးသွားပြီး အနားမှာရှိတဲ့ ပန်းကန်နဲ့ ယောက်ျားကို လှမ်းပစ်လိုက်ရာ နဖူးသို့ တိုက်ရိုက်ထိလေတော့သည်။
ဒီအချိန်မှာ ယောက်ျားက Now Save to turn off your computer လို့ အားရပါးရအော်ပြီး လဲကျသွားပါလေတော့သည်။

14 comments

  • etone

    April 7, 2011 at 1:35 am

    ကဲကဲ သဂျီးရေ… ဒီလို ကူးပြီး တင်နေတာတွေကျတော့ ဘယ်လို ပြောမလဲ … ။
    သဂျီး အိပ်ငိုက်နေတယ် ထင်ပါရဲ့ နော် ။

  • KoNyeinChan

    April 7, 2011 at 2:47 am

    ကဲ ကိုယ့်ဆရာရေ.. ကို်ယ်တင်တဲ့ Post ဟာ တခြားသူတင်ထားတာနဲ ့တူနေရင်ပြဿနာတက်တော့တာဘဲ.. ဖြစ်နိုင်ရင် ကိုယ်တင်မယ့် Blog က သူတပါးတင်ထားတဲ့ စာတွေကို အကုန်နီးပါးအရင်ဖတ်ပါ.. မတူတာရှိမှ တင်ပါ.. ကောင်းသောအကြံပေးခြင်းပါ… ဆက်ရေးပါ(မတူတဲ့စာ).. အားပေးနေပါ့မယ်

  • လင်းဝေကျော်

    April 7, 2011 at 3:11 am

    သူတင်သမျှကြည့်လိုက်တာ အကုန်လုံး အဟောင်းတွေ
    လူတကာ သိပြီးသားတွေကို ကူးတင်နေတာပါ။
    အမြန်ဖြုတ်ချပေးပါ။

  • eros

    April 7, 2011 at 3:49 am

    ဖတ်ပြီးသား ရ ဆွေး ဂဆွေးတွေလာနေတာ စိတ်ပျက်စရာပဲ။ သူကြီး ဒီအတိုင်းပဲထားမှာလား။

  • eros

    April 7, 2011 at 4:02 am

    လူကြီးမင်း၏ ဝေငှလိုသော စေတနာအား အတိုင်းအတာတခုအထိ အသိအမှတ်ပြုပါသည်။ သို့သော် ဆိုက်တွင် တင်ထားသည်များဖြစ်ခြင်း၊ ဟို ဆိုက် ဒီဆိုက်နှင့် စကားများရခြင်း မူပိုင်ခွင့်ကိစ္စများအတွက် ပြောဆိုရခြင်းဖြစ်သည့်အတွက် လူကြီးမင်းအနေဖြင့် ဆက်လက်လုပ်ဆောင်ခြင်းမပြုရန် တောင်းဆိုပါသည်။

  • good

    April 7, 2011 at 4:05 am

    သူများတွေ ပြော ကုန်ကြ ပြီ၊ ဂဏန်း မှန်း သိအောင် လက်မ ထောင်ပြလိုက်တော့။

  • researcher

    April 7, 2011 at 5:25 am

    သူကြီးရေ

    Copy right နဲ့ Point ပေးခြင်း ကိစ္စ၊ ရွာထဲမှာ ဆူပူမှုတွေဖြစ်တဲ့ ကိစ္စ၊ ဒါတွေနဲ့ပတ်သက်ပြီး အစည်းအဝေး တော့ ခေါ်သင့်နေပြီထင်တယ်နော်။ Post တစ်ခုတင်လိုက်ပါလား၊ ရွာသားအားလုံးက ဝိုင်းပြီး အကြံပြု ဆွေးနွေးလိုက်ကြရင် အဖြေတခုထွက်လာမှာပေါ့။

  • manawphyulay

    April 7, 2011 at 12:30 pm

    ဒါကတော့ မနောရဲ့ ကိုယ်ပိုင်ပိုစ့်တစ်ခုပါရှင်။ မနော ဝက်ဘ်ဆိုက်မှာလည်း တင်ထားခဲ့တာ နှစ်အတော်ကြာပါပီ။

    • kai

      April 7, 2011 at 11:42 pm

      ခရက်ဒစ်မရှိ.. ကိုယ်တိုင်ရေးလိုလိုနဲ့.. Category တင်တော့ ..News ဖြစ်နေသေးတယ်…
      အဲဒါ..မနောဖြူ ကိုယ်တိုင်တကယ်ရေးခဲ့တာဆိုရင်.. ကူးတင်ခံရတော့.. ဘယ်လိုခံစားရသလည်း.. အင်တာဗျူးလုပ်ချင်သား..။ 🙂

      ဆိုတော့..
      အဲဒါကို စာမူခပေး.. ဝယ်သုံးမယ်ဆိုရင်ရော..။ ငွေရော..ခရက်ဒစ်ရော.. သူ့ဆီရောက်မယ်ဆိုပါတော့..။
      ဘယ်လိုခံစားမိသလည်း… သိချင်သား..။

      အင်း…
      ကိုရင်မျိုးအောင်ရေ..။ မန္တလေးဂေဇက်မှ… ကြိုဆိုတာနဲ့အတူ…
      ပထမ အကြိမ်သတိပေးပါရစေနော..။
      စည်းကမ်းလေးတွေ သေချာဖတ်ပါဥိး..။
      http://myanmargazette.net/rules-for-writers

  • မမလေး

    April 7, 2011 at 4:16 pm

    သမီးက ခုမှသိတယ် … ဟီးဟီး … အစည်းအဝေးတက်ရင် အလှူငွေဘယ်လောက်ကောက်ခံမှာလဲ … ဘယ်လောက်ထည့်ရမှာလဲ … ကြိုတင်သတ်မှတ်ထားပြီးပြီးလား … ကျောင်းမှာဆိုကျောင်းသားမိဘတွေကို အစည်းအဝေးခေါ်ပြီး အလှူငွေကောက်တာလေ… မှတ်မိတယ်မလား … 😛

  • bigcat

    April 8, 2011 at 12:13 am

    ပို့စ်တင်တဲ့အခါ အပုဒ်ရေ အများကြီး ဆက်တိုက်တင်မဲ့အစား schedule လုပ်ပြီး နေ့ခွဲတင်သင့်တယ် ထင်ပါတယ်။ မြန်မာပြည်မှ ကွန်နက်ရှင်ရတုန်း တပြိုင်နက်တင်ရသူများက ကျန်ပို့စ်များအတွက် date နေရာမှာ schedule လုပ်ထားရင် တနေ့ထဲ စုပြုံမတက်ဘဲ နောက်နေ့တွေမှာ သီးခြားစီ ခွဲတက်ပါလိမ့်မယ်။ ကိုယ့်စာကို ဆိုက်မှာ မကြာခဏ တွေ့ရမှာဖြစ်သလို အခြားပို့စ်တင်သူများ အတွက်လည်း အနှောက်အယှက် မဖြစ်တော့ဘူးထင်ပါတယ်။ နို့မို့ရင် ကိုယ်တင်လိုက်တဲ့စာက ဟိုးနောက်ကို တင်ပြီးမကြာခင်မှာတင် ရောက်သွားတတ်လို့ပါ။

  • hninkharr

    April 8, 2011 at 12:31 pm

    ဖတ်တဲ့သူတွေကိုအားနာပေးပါ

  • ဆူး

    April 8, 2011 at 1:44 pm

    စကားမစပ် ဘာဖြစ်လို့ အားနာ ခိုင်းနေတာလဲ.. ထူးပေဆန်းပေ့…

  • manawphyulay

    April 8, 2011 at 2:10 pm

    အင်တာဗျူးလုပ်ချင်ရင် ဒီတိုင်းတော့ မရဘူးဦးခိုင်……………..

Leave a Reply