ခြံစည်းရိုး ကာရံနေသည့် စစ်တပ် စခန်းများမှ ဖမ်းမိသည့် ပြည်တံဆာ ၁၈ ဦးကိုု မောင်တောတွင် ရုံးတင်

BayoteApril 28, 20101min25918

ဘင်္ဂလားမြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးကာရံနေသည့် မြန်မာစစ်တပ် စခန်းများမှ ဖမ်းဆီးရမိသည့် ပြည်တံဆာ အမျိုးသမီး ၁၈ ဦးကို မောင်တောမြို့နယ် တရားရုံးတွင် သောကြာနေ့က ရုံးတင် စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။

“အားလုံးက အသက် ၁၈ နှစ် ကနေ အသက်၂ဝ ဝန်းကျင်လောက်ဘဲ ရှိကြပါတယ်။ သူတို့ကို ဖမ်းထားတာကတော့ တပတ်ကျော် လောက်ရှိပြီ ဖြစ်တယ်လို့သိရတယ်။ မနေ့ကမှ ရုံးထုတ်ပီးတော့ အမူကို စစ်ဆေးတာ ဖြစ်ပါတယ်။ ဘာဆက် ဖြစ်မလဲ ဆိုတာကိုတော့ ကျွန်တော်လည်းမသိပါဘူး။”ဟု တရားရုံးသို့ သွားရောက်ကြည့်ရှု့ခဲ့သူ မျက်မြင် တဦးက ပြောသည်။

ရုံးတင် ခံရသည့် အမျိုးသမီးများထဲတွင် ရခိုင်အမျိုးသမီး ၁၂ ဦး၊ တခြား မူဆလင် အမျိုးသမီးနှင့် ဗမာ အမျိုး သမီး ၆ ဦး စုစုပေါင်း ၁၈ ဦးဖြစ်သည်။

အဆိုပါ အမျိုးသမီးများမှာ နေ့ခင်းပိုင်းတွင် နတလ စံပြကျေးရွာများတွင် နေထိုင်ပြီး ညဉ့်ပိုင်းတွင် ခြံစည်းရိုးကာရံနေသော တပ်စခန်းများသို့ သွားရောက်ပြီး ပြည်တံဆာ အလုပ် လုပ်ကိုင်နေကြသည်ကို မောင်တောရဲမှ သတင်းရပြီး များမကြာမီက အသုတ် လိုက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝင် တဦးမှ ပြောသည်။

အဖမ်းခံရသည့် ရခိုင် အမျိုးသမီးများမှာ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြား မြို့နယ်မှ ဖြစ်ကြပြီး တခြား ဗမာ နှင့် မူဆလင် အမျိုးသမီးများမှာ စစ်အစိုး ရမှ နေရာ ချပေးထားသည့် ရွှေရင်အေးနှင့် ခရေမြိုင် စံပြ ကျေးရွာအပါအဝင် အနီးတဝိုက် မူဆလင် ကျေးရွာများမှ အမျိုးသမီးများ ဖြစ်ကြောင်း သူက ပြောသည်။

၎င်းပြင် အဆိုပါရဲတပ်သားက “သူတို့ကို ညနေကျရင် စစ်တပ်က အရာရှိ တွေက ခေါ်ထားတယ်။ နေ့ခင်းပိုင်း ကျရင်တော့ အနားက နတလ ရွာတွေမှာ သူတို့ သွားနေကြတယ်။ ဘာအလုပ်မှ မရှိတော့ သူတို့လည်း ဒီလမ်းနဲ့ ဝင်ငွေရနေကြတာ ဖြစ်ပါတယ် ”ဟု ပြောသည်။

မြန်မာ နအဖ စစ်အစိုးရ လက်အောက်တွင် ရခိုင်ပြည်နယ်၏ စီးပွားရေးမှာ အဆိုးရွားဆုံး ကျဆင်းနေရာ ရခိုင် အမျိုးသမီးငယ် အများအပြားမှာ စားဝတ်နေရေး အကျပ်အတည်းကြောင့် ဖါသည်မ ဘဝသို့ ကျရောက် နေကြရသည်ဟု စုံစမ်း သိရှိရသည်။

Source : http://www.narinjara.com/detailsbur.asp?id=2456

18 comments

  • susunosuki

    April 28, 2010 at 3:46 pm

    ကြားရတာတော့စိတ်မကောင်းစရာပါ
    သူတို့တွေအတွက်အိမ်တွင်းမှုပညာသင်ကျောင်းတွေဖွင့်ပြီး အလုပ်ရှာပေးရင်ကောင်းမယ်

  • Shwemannmay

    May 12, 2010 at 2:24 am

    ကြားရတာစိတ်ဆင်းရဲလိုက်တာ

  • banban

    May 12, 2010 at 4:51 am

    တစ်ချို့နယ်စပ်ဘက်တွေမှာဆိုရင် …အဲ့ဒီဘက်ကတိုင်းရင်းသားတွေကြားထဲမှာ.. စကားပုံတစ်ခုခေတ်စားနေတယ်..
    သမီးမွေးရင် ပါဂျဲရိုး…သားမွေးရင်ကုန်တဲ့ (အရက်သောက်..ဆေးချလို့ကုန်တာကိုပြောတာပါ)
    ခလေးတွေကျောင်းနေတဲ့အရွယ်မှာ…မိဘတွေကဆရာမတွေကို ပြောတာလည်းကြည့်အုန်း…
    စာရေးတတ်ဖတ်တတ်ရုံဆိုရင် ရပါပီ… အရွယ်ရောက်လာရင် ဟိုဘက်နိုင်ငံသွားပီး လုပ်စားခိုင်းမှာတဲ့ (ပြည့်တန်ဆာလုပ်ငန်းကိုပြောတာပါ)
    တစ်ချို့မိန်းခလေးတွေဆိုရင် ၁ဝတန်းအောင်ပီးသားတောင်ပါပါတယ်…

  • Thaw Zin Loikaw

    May 13, 2010 at 1:37 pm

    ့ အသုတ်လိုက်ဖမ်းဖို့ဆိုရင်တော့ မှော်ဒေသကိုသာလမ်းညွှန်ရပါလိမ့်မယ်..ဟိုမှာ ပွဲဈေးတန်းလိုပါပဲ..
    အချိန်ရရင် သွားကြည့်လို့ရတယ်နော် မယုံရင်ပေါ့..။

  • intro

    May 13, 2010 at 2:34 pm

    စိတ်ပျက်စရာပဲ…. ဘာကို အပြစ်တင်ရမှာလဲ? ကျဆင်းနေတဲ့စီးပွားရေးကိုလား? မှားယွင်းနေတဲ့ အယူအဆတွေ၊ ခံယူချက်တွေကိုလား? ဒါမှ မဟုတ် တစ်ခြားလုပ်ကိုင် မစားချင်တဲ့ သူတို့လေးတွေရဲ့ စိတ်ဓါတ်အခြေအနေကိုလား? ပြုပြင်ပြောင်းလဲ ပေးချင်စိတ်မရှိတဲ့ အကြီးအကဲတွေကိုလား?

  • saturdayborn77

    May 24, 2010 at 4:55 am

    “မရှိလို့ လုပ်စားပါ တယ်။ ရှင်တို့ကရဲတွေပဲ” ဆိုတဲ့စကားတွေ က ဒါကြောင့် ကို

  • chitsu

    September 19, 2011 at 2:52 pm

    သူတို.လည်းသူတို. ဘဝအကျိုးပေးကံကြောင်.ဒီအလုပ်ကိုလုပ်စားနေရတာလို.ထင်မိပါတယ်
    ချစ်ဆုတို. ရန်ကုန်မှာတောင်အဲ.လို. လုပ်ငန်းတွေကိုလုပ်ကိုင်ခွင်. မပေးဘူးဆိုသော်လည်းတရားမဝင်လုပ်နေကြတာတွေလည်းေ တွ.နေရပါတယ်……….. သူတို.ဘဝလေးတွေလှစေချင်ပါတယ်

  • အမှတ်(၂)ရပ်ကွက်သား(ခ)လူမုန်း စစ်မုန်း

    September 19, 2011 at 3:12 pm

    ကျုပ်တို့ရခိုင်အမျိုးသမီးတွေချည်း ဖာသည်မဟုတ်ဘူး။နင်တို့ပြည်မဖက်မှာရော မရှိဘူးလားကွ ငနာရ။
    မျက်ကန်းမျိုးချစ်တော့ မလုပ်နဲ့။ခုချိန်မှာ မြို့နယ်တိုင်းလိုလို တနိုင်ငံလုံး ပြည့်တနိဆာမရှိတဲ့အိမ် မရှိသလောက်ဘဲ။

  • ုhtoosan

    September 19, 2011 at 3:34 pm

    ခုချိန်မှာ မြို့နယ်တိုင်းလိုလို တနိုင်ငံလုံး ပြည့်တနိဆာမရှိတဲ့အိမ် မရှိသလောက်ဘဲ။

    ” တစ်နိုင်ငံလုံး မြို့နယ်တိုင်းလိုလို ပြည့်တန်ဆာ အိမ် မရှိတာ မရှိသလောက်ဘဲ” ဟုရေးချင်သည် ဟုထင်ပါသည်။

    လျော့ လျော့ ဒေါသတွေ … ဒေါသတွေများပြီး ရေးလိုက်တာ အားလုံးရဲ့အိမ် ပါကုန်ပြီ။

  • search123

    September 19, 2011 at 3:51 pm

    “တနိုင်ငံလုံး ပြည့်တန်ဆာ မရှိတဲ့အိမ် မရှိသလောက်ဘဲ” ဆိုတာတော့မဟုတ်သေးပါဘူး။ရိုးရိုးသားသားရှာဖွေစားသောက်နေတာတွေလည်းအများကြီးရှိပါသေးတယ်။
    မြို့နယ်တိုင်းလိုလိုမှာ ပြည့်တန်ဆာတွေရှိတာကိုတော့ ကြားသိနေရပါတယ်။

  • pan pan

    September 19, 2011 at 4:33 pm

    ရန်ကုန်မှာတော့ ရခိုင်အမျိုးသမီးတွေ ကျွန်မတွေ့သလောက် ကြိုးကြိုးစားစားရှိကြပါတယ်
    ကျွန်မတို့နေတဲ့ ရပ်ကွက်မှာက ရခိုင်တွေအရမ်းပေါပါတယ်
    နေတဲ့လမ်းတောင် ရခိုင်ဦးရေက ပိုများနေလောက်ပါတယ်
    သူတို့တွေကိုကြည့်မယ်ဆိုရင် ယောက်ျားလေးအများစုက ပန်းထိမ်လုပ်ပြီး
    မိန်းကလေးအများစုက စက်ချုပ်ကြပါတယ်
    အိမ်ထောင်ကျသွားခဲ့ရင်လည်း အဲဒီအမျိုးသမီးလေးတွေဟာ ယောက်ျားလုပ်စာထိုင်စားတာမျိုးမဟုတ်ဘဲ
    ဆက်လက်စက်ချုပ်ကြပါတယ်
    ပတ်ဝန်းကျင်မှာတွေ့ရသလောက် ရခိုင်အမျိုးသမီးတိုင်း လူတိုင်းလိုလို စက်ချုပ်တတ်ကြပါတယ်
    များသောအားဖြင့် ယောက်ျားရော၊ မိန်းမရော လက်မှုပညာတတ်ကြပါတယ်
    စက်မချုပ်တတ်တဲ့အမျိုးသမီးတွေကျတော့ ရခိုင်မုန့်တီရောင်းကြပါတယ်
    ရခိုင်မုန့်တီကိုလည်း ရခိုင်အမျိုးသမီးတိုင်း ချက်တတ်ကြပါတယ်
    ကျွန်မတို့အိမ်မှာ ငှားနေကြတဲ့ ရခိုင်မိသားစုဆိုရင် အိမ်ရှင်မက ကလေးငယ်တွေရှိလို့ စက်ချုပ်ဆိုင်မဖွင့်နိုင်ပေမယ့် မိသားစုအဝတ်လောက်ကတော့ သူများဆီငွေကုန်ခံအပ်မနေဘဲ ကိုယ်တိုင်ချုပ်ပါတယ်
    ရခိုင်ပြည်ဘက်မှာ ရခိုင်အမျိုးသမီးတွေ အခြေအနေအရပ်ရပ်ကြောင့် ပြည့်တန်ဆာဘဝရောက်တာ စိတ်မကောင်းပါဘူး
    ကျွန်မတွေ့မြင်ရတဲ့ ရခိုင်အမျိုးသမီးတွေလို ဖြစ်စေချင်ပါတယ်
    သူတို့တွေဟာလည်း ရခိုင်ပြည်မှာ မြို့ကြီးတွေကလူတွေမဟုတ်ဘဲ ရွာတွေ၊ ကျွန်းတွေဘက်ကပါပဲ
    တချို့များဆို တော်တော်ခေါင်တဲ့နေရာကပါ၊ ရန်ကုန်နဲ့ ရက်ရှည်ခရီးသွားရပါတယ်
    ခုဖမ်းမိတဲ့ အမျိုးသမီးလေးတွေကိုလည်း ပြန်လည်ကယ်ဆယ်ရေးလုပ်ပေးပြီး တစ်ဝမ်းတစ်ခါးအတွက် ကောင်းကောင်းမွန်မွန်ရှာစားနိုင်စေချင်ပါတယ်

  • ုhtoosan

    September 19, 2011 at 4:44 pm

    ဘေးချော်သွားရင် ခွင့်လွှတ်ပါ။ တော်တော်ထူးခြားတာက စစ်တပ် ကိုရဲ က အန်တုပြီး ဖမ်းရဲတာဘဲ။ အကောင်းသို့ အနည်းငယ်များပြောင်းလာသလားလို့ ၊ အဲ့ဒီက ရဲမှုးတော့ အမှတ်ပေးရမယ်ထင်တယ်။ ဝေစုခွဲမရလို့တော့မဟုတ်ပါစေနဲ့ဆုတောင်းရမှာဘဲ။

  • bluerose

    February 25, 2012 at 1:02 pm

    စစ်တပ်ကလူတွေကလည်းတိုင်းပြည်ကာကွယ်ဖို့မဟုတ်ပဲ
    ဘာလုပ်နေကြတာလဲမသိဘူး

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    February 25, 2012 at 1:41 pm

    အနှီကဲ့သို့ ခန္ဓာကိုယ် ရင်း၍ လုပ်စားခြင်းကို ပြည့်တန်ဆာ ဟုခေါ်သည်၊
    ပြည့်တန်ဆာများကို အုပ်ချုပ်သော အုပ်ချုပ်ရေးမှုးများကို ဖါခေါင်း ဟု ခေါ်သည်၊
    ပြည့်တန်ဆာများနှင့် ပျော်ပါးသော ပျော်ပါးသူများကို မည်သို့ ခေါ်မည်နည်း ၊။

  • windtalker

    February 25, 2012 at 2:38 pm

    ထိုစဉ်က မဖော်ပြဖြစ်ခဲ့သော နောက်ဆက်တွဲသတင်းမှာ
    မန်းဂေဇက် ၏ မြန်မာပြည်တာဝန်ခံ စိန်ပေါက်ပေါက် သည် အမေဒစ်ကန်ရှိ တိုက်ပိုင် သဂျီး အူးကိုင် ၏ အာဏာကုန်လွှဲအပ်ချက်အရ အဆိုပါ မိန်းခေးများအတွက် သွားရောက် တာဝန်ခံ ခဲ့သည်ဟု သိရှိရကြောင်း ရယ်ပါလေ

    • ခပ် KING ကင်း

      February 25, 2012 at 2:46 pm

      မိပေါက်က ဘာတွေသွားခံခဲ့တာတုံးးးးးးးးးးးးးး

      ရယ်ပါလေဆိုလို့ ရီပါသည် ခစ်ခစ် ခွိခွိ ခွီခွီ ခွတ်ခွတ် ချွိချွိ … 😛

Leave a Reply