အစားအစာနဲ့ ကိုယ်ခန္ဓာ

myuemyueApril 7, 20112min1215


ကျွန်မတို့နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ လူ့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ ဆင်တူတဲ့အစားအစာလေးတွေ ပါရှိတတ်ပါတယ်.. အဲဒီအစားအစာတွေက သူတို့နဲ့ဆင်တူတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဘယ်လိုအကျိုးဖြစ်စေတယ်ဆိုတာလေး ဖတ်မိလို့ ဘာသာပြန်ပြီး မျှဝေလိုက်ချင်ပါတယ်..

မုန်လာဥနီကို ထက်ပိုင်းလှီးထားတာလေးက သေသေချာချာကြည့်ရင် မျက်လုံးထဲက မျက်ဆံလေးနဲ့ဆင်တူပါတယ်.. ထူးဆန်းစွာပါပဲ မုန်လာဥနီကိုစားပေးခြင်းအားဖြင့် မျက်စိအမြင်အာရုံကို ပိုကောင်းလာစေတဲ့ အစွမ်းမျိုးရှိပါတယ်တဲ့.. မုန်လာဥနီမှာပါတဲ့ ဘီတာကယ်ရိုတင်းက အသက်ကြီးလို့ မျက်စိမှုန်တာမျိုးကို လျော့ပါးစေပါတယ်..

 

သစ်ကြားသီးကို အခွံခွာပြီးကြည့်ရင် လူ့ဦးနှောက်နဲ့ တော်တော်လေးတူတာတွေ့ရပါမယ်.. သစ်ကြားသီးကိုစားပေးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားခြင်းကို လျော့ပါးစေပါတယ်.. သစ်ကြားသီးမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ်တွေပါပြီး ဦးနှောက်အတွင်းက အချက်ပေးစနစ်တွေကို ပိုမိုကောင်းမွန်စေပါတယ်..

အနီရောင်ဝိုင်အရက်ကတော့ သွေးနဲ့ဆင်တူတယ်ပေါ့.. တနေ့ကို ဝိုင်တခွက်စီသောက်ပေးခြင်းဖြင့် သွေးလှည့်ပတ်မှုကို ပိုကောင်းစေပြီး နှလုံးအတွက်လဲ ကောင်းပါတယ်တဲ့..

နီရဲနေတဲ့ခရမ်းချဉ်သီးတလုံးမှာ အခန်းအကန့်လေးခုတိတိပါတတ်တဲ့ အသွင်အပြင်က လူ့နှလုံးသားနဲ့ဆင်တူပါတယ်.. ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပိန်းက နှလုံးရောဂါနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်.. အထူးသဖြင့် အမျိုးသမီးတွေအတွက် ပိုကောင်းပါတယ်တဲ့..

ကျွန်မတို့ရဲ့ အဆုတ်မှာဖွဲ့စည်းပါဝင်တဲ့ လေအိတ်လေးတွေ လေပြွန်လေးတွေက စပျစ်သီးခိုင်လေးနဲ့ ဆင်တူပါတယ်.. စပျစ်သီးကို စားပေးခြင်းမားဖြင့် အဆုတ်ကင်ဆာကို ကာကွယ်ဖို့ အထောက်အကူဖြစ်စေပါတယ်..

အပေါ်ကပုံမှာ မြင်ရတဲ့အတိုင်းပါပဲ.. ဒိန်ခဲတစ်တုံးကို လှီးဖြတ်ထားတဲ့ပုံက အရိုးကိုအနီးကပ်ရိုက်ထားတဲ့ပုံနဲ့ ဆင်တူပါတယ်.. ဒိန်ခဲမှာပါဝင်တဲ့ ကယ်လ်ဆီယမ်က အရိုးတွေကို သန်မာစေပြီး အမျိုးသမီးတွေမှာအဖြစ်များတဲ့ အရိုးပွရောဂါကို ကာကွယ်ပေးပါလိမ့်မယ်..

ဂျင်းတက်လေးတွေကတော့ လူ့ရဲ့အစာအိမ်နဲ့ဆင်တူတာမို့ အစာအိမ်ကို အကျိုးပြူပါတယ်.. လွန်ခဲ့တဲ့ နှစ်၂၀၀ဝကျော်ကတည်းက တရုတ်လူမျိုးတွေဟာ အစာအိမ်လေနာရောဂါတွေအတွက် ဂျင်းကိုတိုင်းရင်းဆေးအဖြစ်သုံးခဲ့ကြတာပါ.. ကိုယ်ဝန်ဆောင်တွေမှာဖြစ်တတ်တဲ့ မူးဝေအော့အန်ခြင်းတွေကိုလဲ သက်သာပျောက်ကင်းစေပါတယ်..


မှိုပွင့်လေးကို ထက်ဝက်ဖြတ်ကြည့်ရင် နားရွက်လေးနဲ့တူပါတယ်.. မှိုဟင်းစားပေးခြင်းဖြင့် အကြားအာရုံကို တိုးတက်လာစေတယ်လေ.. မှိုထဲမှာပါတဲ့ ဗိုက်တာမင်ဒီကြောင့်ပေါ့..

အားလုံးပဲ ကျန်းမာခြင်းဆိုတဲ့လာဘ်တပါးကို ပိုင်ဆိုင်ထားနိုင်ကြပါစေ..

5 comments

  • Shwe Tike Soe

    April 7, 2011 at 10:03 am

    အင်းဟုတ်မယ်နော် သဘာဝကပေးတဲ့လက်ဆောင်တွေနေမှာပေါ့
    အသီးအရွက်တွေကတော့ များများစားတာအကောင်းဆုံးပေါ့

  • ဆူး

    April 7, 2011 at 1:42 pm

    ကျေးဇူးတင်ပါတယ်။ မှတ်ထားလိုက်ပါ့မယ်။

  • ဆူး

    April 7, 2011 at 1:54 pm

    ဟယ်.. ပုံ ပါရင် ကောင်းမယ်လို့ တွေးနေတာ.. အခု ဖွင့်မှ ပုံမြင်ရတော့မယ်။

  • nature

    April 7, 2011 at 3:02 pm

    တော်တော်အဖိုးတန်တဲ့အချက်အလက်ကလေးတွေပါပဲ၊အကျိုးများပါတယ်၊စိတ်လည်းဝင်စားပါတယ်၊နောက်ထပ်သိထားတာလေးရှိရင်လည်းထပ်တင်ပေးပါဦး၊ Bookmark လုပ်ထားလိုက်ပြီ။

  • မမလေး

    April 7, 2011 at 3:47 pm

    ပုံကို မတွေ့ရဘူး မမဆူး …

Leave a Reply