Cosmetic အကြောင်း

မမေလးApril 7, 20111min18113

လမ်းထဲမှာ ဆံပင်ညှပ်ဆိုင် အမျိုးသမီးသီးသန့်ဆိုင်ရှိပါတယ် … တစ်နေ့အဲ့ဒီမှာ ဘော်ဒီသွားပေါင်းပါတယ် … အဲ့ဒီဆိုင်မှာ တက်သစ်စ နာမည်ရ အဆိုတော်တစ်ယောက်က တစ်ပတ် ကို တစ်ကြိမ် မဟုတ်ရင် နှစ်ကြိမ်လာပေါင်းပါတယ် … ခုဆို အသားတော်တော်ဖြူလာပါတယ် … အဲ့ဒီဆိုင်မှာ ပေါင်းတင် ရင် ၁၅၀၀ဝ ယူပါတယ် .. သမီးကအကျင့်ရှိပါတယ် သူတို့ဘာဆေးသုံးသလဲကြည့်ပြီး အဲ့ဒီဆေးကိုဝယ်ပါတယ် … သူတို့ဆိုင်မှာ ကိုယ့်ဆေးနဲ့ကိုယ်ဆို ၅၀၀ဝ ပါ … နာမည်ကိုမှတ်လိုက်တော့ Nineteen တံဆိပ်အဝါရောင်ပါ … သွားရှာပြီးဝယ်တော့ စမ်းချောင်း ဂမုန်းပွင့်မျက်စောင်းထိုးက မခင်အေးစတိုးမှာ ရပါတယ် .. ဈေးကတော့ ၁၅၀ဝ ပဲရှိပြီး တစ်ယောက်ကို ၄ ၊ ၅ ခါသုံးလို့ရလောက်ပါတယ် … များများသုံးရင်တော့ ၃ ခါရပါတယ် … ပြောချင်တာကတော့ ဆိုင်တွေမှာ ဈေးကြီးပေးတိုင်း ဆေးကောင်းလို့ သတ်မှတ်လို့မရပါဘူး … ဈေးပေါလို့ မကောင်းဘူးထင်မှာစိုးလို့ အကျိုးအကြောင်းရေးပြထားတာပါ ။

Nineteen     … လက်တွေ့ဖြူစေသည် ၅ မျိုးရှိသည် … ရရှိနိုင်သောဆိုင် ၁၁၉ စတိုး ၁၅၅ဝကျပ် ။ ( ၅၀၀ဝ နဲ့ အထက် ၅% ။ ၂၀၀၀ဝ အထက် ၁၀% လက်ငင်း ငွေသားပြန်အမ်းပေးနေတယ် ) ဖိနပ်လေး ၂၉၀ဝ တဲ့ တစ်ပြေးညီဒေါက်လေး ကြည့်လိုက်ရင် ၁သောင်းကျော်အတိုင်းပဲ … မခင်အေးစတိုး ၁၅၀၀
Etude House korea brand … Moistfull face treatment က တစ်ခါပေါငးပြီးရင်ကို သိသိသာသာ ကြည်လာပါတယ် … ၉၀၀ဝ တန်နဲ့ ၁၂၀၀ဝ တန်ရှိပါတယ်
Etude House korea brand … Lip Gloss ( Magic ) ၆၅၀ဝ ။ လက်လက်လေးတွေပါမှ ကြိုက်သူတွေအတွက်ကောင်းပါတယ် ။
Etude House korea brand … မျက်နှာသစ်ဆပ်ပြာ နည်ူးနည်းလေးနဲ့ အမြုပ်များများထွက်ပြီး နုနုလေူးပါ ။ ၈၅၀၀  ဝက်ခြံ ၊ ဆားဝက်ခြံအတွက်ရှိပါတယ် ။ အစ်ကိုတစ်ယောက်ကတော့ မျက်နှာမှာ ဝက်ခြံတွေရှိလို့ အဲ့ဒီကမျက်နှာသစ်ဆပ်ပြာနဲ့သစ်တာ ၃ လလောက်မှာ သိသိသာသာလျော့လာပါတယ် ။
Etude House korea brand … Mascara ကြာကြာမခံဘူး စိုးတော့မစိုးပါဘူး … ၄၀၀ဝ ကျော်
Etude House korea brand … Eye Shadow လှတော့လှတယ် … စမ်းကြည့်လို့ရတယ် ။ ၃၅၀ဝ သုံးတော့မသုံးဖူးဘူး ။ ၂၅၀၀ဝ ဖိုးဝယ်ရင် ၁ဝ % ဒင့်စကောင့်ကဒ်ပေးပါတယ် ။
Smooth-E     … VataminE ၁၃ လုံးပါပါတယ် .. ၉၉၀ဝ ပါ ။ တစ်ခြား ဗီတာမင်အီးအလုံးနဲ့မတူပါဘူး … တစ်လုံးကို ၄ ခါလောကတော့ခွဲသုံးလို့ရပါတယ် ။
Smooth-E        … မှဲ့ခြောက်ပျောက်တာ .. ခုသုံးတာ ၁လရှိပြီ တစ်ဖြည်းဖြည်းပါးလာတယ် ။ ၉၉၀ဝ ပါ ။ ( ၁၀၀၀ဝ ဖိုးဆို အကွက်တစ်ကွက်ပေးတယ် ၁ဝ ကွက်ပြည့်ရင် ၅၆၀ဝ တန် မျက်နှာသစ်ဆပ်ပြာတစ်ဗူးလက်ဆောင်ပေးတယ် )
Kanebo         … Liner အခဲကောင်းပါတယ် … Two-way kate က သိပ်တော့မကောင်းပါဘူး ။
Revlon        … ခုနောက်မှ အသစ်ထွက်တာ အစိမ်းရောင်ဘူးလေး Hair lotion ၅၆၀ဝ ထင်တယ် ။။ အဲ့ဒါကောင်းတယ် ။ ( – ၁၅ % )
Revlon    Make-up     … အရောင်ငါးရောင်ပါတဲ့ဟာ သိပ်မကောင်းဘူး .. အဆီပြန်လွန်းတယ် ။ မိက်ကပ်သား နည်းနည်းကွက်တယ် ချွေးထွက်ရင် ။  Lip Gloss … မကောင်းဘူး Creme type ဆိုတာ … နှုတ်ခမ်းလိုင်း အဖြူလည်းပေါ်တယ် . သိပ်မကောင်းဘူး
BYS Eye Shadow       … ၈ ကွက်ပါ power type ၁၂၀၀ဝ ဝန်းကျင် ။ သူ့အရောင်တိုင်းထွက်ပြီး လှပါတယ်
BYS Eye Shadow Mousse … အရောင်တောက်တောက်တွေမကြိုက်တဲံသူတွေအတွက်ကောင်းပါတယ် ။ အစိမ်းရောင်ကသိပ်မလှဘူး ။ ရွှေရောင်ကလှတယ် ။ ၇၈၉ဝ ( Discount = ၂၅၀ဝ )
BYS Souffle eye creme    …  ညဘက် ပွဲလန်းသဘင်တွေအတွက် ကောင်းပါတယ် ၈၀၀ဝ ကျော် တိတိကျကျမမှတ်မိတော့ဘူး ။ ( Discount = ၂၅၀ဝ )
BYS Shimmer Powder      … အညိုရောင်ကလွဲရင်အားလုံးလှပါတယ် ။ ၇၅၃၅ ( Discount = ၃၅၀ဝ ) ( လသာလမ်း Rain အကျီင်္အရောင်းဆိုင်မှာ ပရိုမိုးရှင်းလုပ်နေပါတယ် )
BYS Eye mint & လိုင်နာ ဘူးလေးနဲ့ ၉၀၀ဝ ကျော် … သိပ်မကောင်းပါ ။ ( ပျံ့လွယ်တယ် )
Shiseido                … Make-up လိမ်းထားရင် တစ်နေ့လုံးခံပြီး မိတ်ကပ်သားထူထူနဲ့ သရဲမဖြစ်မနေပါဘူး ။ ၄၉၀၀ဝ ကလူငယ်လိမ်းတာ ။ ၅၉၀၀ဝ က လူကြီးပိုင်းလိမ်းတာ ။
Maybelline           …  Magic Mascara ကောင်းပါတယ် ထူထူလေးနဲ့ ရေစိုခံတာမှ ဆပ်ပြာနဲ့တောင်မရဘူး … Eye Remover or olive oil နဲ့မှ ဖျက်လို့ရတယ် ။
Maybelline          … Make – up Angelift မိတ်ကပ်သားများလွန်းလို့ မိတ်ကပ်သားထူထူလေးကြိုက်သူတွေအတွက် အဆင်ပြေပါတယ် ။ ( ခု – ၃၀% )
Pupa         …  နှုတ်ခမ်းနီက အဖြူလိုင်းပေါ်စေတယ် ။ မိတ်ကပ်ကလိမ်းပြီးရင် နည်းနည်းညိုသွားတယ် ။ ( ခု  -၁၅ % )
Police         … ရေမွှေးနဲ့ Roll – on ကောင်းပါတယ် ။ Roll-on ( Wings ) ၁၂၀၀ဝ ၊ ရေမွှေးက အသေး ၂၅၀၀ဝ ၊ အလတ် – ၅၅၀၀ဝ နှင့် အကြီး ၇၅၀၀ဝ ။  Spray  … ၉၉၀ဝ (  – ၁၅ % )
Loreal         … skin care ပဲကောင်းတယ်လို့ အရောင်းဝန်ထမ်းကပြောပါတယ် ။ ( – ၃ဝ % )
Mistine         …  Eye Liner အရည် သိပ်မကောင်းပါ ။
Healthy Shop     … Remover Smoothing Cream  လိမ်းပြီး နှစ်ပတ်ဆို သိသိသာသာဖြူလာလိမ့်မယ် ။ Member ၉၀၀ဝ ။ ရိုးရိုး .. ၉၉၀၀
( Healthy Shop Member ဝင်ရင် သူတို့ဆီမှာ မျက်နှာ အလကားပေါင်းတင်လို့ရတယ် ကြိုက်သလောက် နေ့တိုင်းလည်းရတယ် ။ သူငယ်ချင်းတွေလည်းခေါ်လို့ရတယ် ဒါပေမယ့် Sponser ရှိမှ Member ဝင်လို့ရမှာနော် )
Tolymoly         … ဆားဝက်ခြံအတွက် ၂၅၀၀ဝ ။ တစ်ခါတည်းနဲ့ သိသိသာသာ ဖြစ်ပါသည် ။ မျက်နှာသစ်ဆပ်ပြာ အခဲ ၆၅၀ဝ ။ နည်းနည်းလေးနဲ့ အမြှုပ်များများထွက်ပါသည် ။ နှုတ်ခမ်းနီအတောင့် အဖြူလိုင်းဖြစ်ပါသည် ။
Garnier         … Lotion စေးကပ်ခြင်းမရှိ ။ ရေဓါတ်လိုနေသူအတွက် ကောင်းမယ်လို့ထင်တယ် ။ အသေး ၅၀၀ဝ ကျော် . အကြီး ၉၀၀ဝ ကျော် ။ Face Mask ကောင်းပါသည် ။
Etude House မှာ နှုတ်ခမ်းနီ မဆိုးခင် ဆိုးရတာ အဖြူရောင်ပေါ့ … နှုတ်ခမ်းနီအရောင်ပေါ်အောင်လို့ ။ ဒါပေမယ့် မလိုပါဘူး မိတ်ကပ်လေးနည်းနည်း နှုတ်ခမ်းပေါ်မှာလိမ်းလိုက် ပြီး two – way လေးရိုက်လိုက်ရင် ရတာပဲ အလကားပိုက်ဆံကုန်တယ် ။ အဲ့ဒါတော့ မဝယ်နဲ့နော် ။

13 comments

  • မမလေး

    April 7, 2011 at 6:06 pm

    ပုံတင်တာ ကော်နက်ရှင်မကောင်းလို့ တင်လို့မရဘူးဖြစ်နေတယ် ။။။

  • မမလေး

    April 7, 2011 at 6:15 pm

    ကျန်သွားလို့ … Victoria Secret … Shower / Victoria Secret ( Very Sexy Perfume 4 man & 4 woman ) / ဆရာစံလမ်းမှာ VS သီးသန့်ဆိုင်ရှိတယ် ။ ပြီးတော့ တော်ဝင် စင်တာမှာ လည်းရှိတယ် ။ တစ်ခြားနေရာတော်မတွေ့ဖူးဘူး ။
    Neutrogena … Hair Treatment
    ( Garnier Day Cr လိမ်းပြီးလို့ မိတ်ကပ်လိမ်းရင် သိပ်မမိုက်ဘူး )
    C’Care … ချောင်းသာတို့ သွားလို့နေလောင်မှာစိုးရင် SPF 60 For Man ၁၀၀၀ဝ ကျော် ။ မိန်းကလေးအတွက်က ၅ဝ ။ ၆ဝ လည်းသုံးလို့ရတယ်တဲ့ ။ ရေမကူးခင်တို့ နေပူထဲသွားရင်တို့လိမ်းဖို့ ။ မျက်နှာအတွက်ရော Body Lotion ရောရှိတယ် …
    C’Care … ချောင်းသာသွားပြီး အသားလောင်လာရင် C’care ဒိန်ချဉ် lotion လိမ်းရင် သိသိသာသာ ပြန်ကောင်းလာတယ်တဲ့ .. သုံးတော့မသုံးဖူးဘူး … ဈေးကလည်း တစ်သောင်းကျော်မယ်ထင်တယ် ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 7, 2011 at 7:16 pm

    ဟုတ်ဘူးလေ ချာတိတ်မရဲ ့
    ညီးက တရုပ်မ ဟုတ်ဘူးလား
    ညီးလို တရုပ်မကတောင် အသားဖြူခြင်သေးရင်
    ဟိုမဲမဲတူး မီးသွေးတုံးသာသာ
    အီးတုံးတို ့ဘွားတော်ဆူးတို ့အပျိုကြီး မနောတို ့ဆိုရင်
    ပိုတောင်ဆိုးဦးမယ်

  • kai

    April 7, 2011 at 9:41 pm

    ဒီလုံမလေးက ..သီလရှင်ဝတ်ထားပြီးလောလောလတ်လတ်မို့လို့သာပဲ..။
    ဒါတောင် ထပ်ဝတ်မယ်ဆိုနေသေးတယ်..။
    ဘုရား..ဘုရား..။ 🙁

  • nigimi77

    April 8, 2011 at 2:01 am

    မမလေးက Marketing & Resarch ကလား Directory တစ်ခုခုကလားပဲ။ မှန်းကြည့်တာကို ပြောတာပါ။
    လုပ်ငန်း Data တွေ အပြင်ထုတ်မှုနဲ ့ ငြိနေမယ်နော်။ 🙂

  • rabbit

    April 8, 2011 at 2:44 am

    Tony Moly က Eye Liner လဲကောင်းတယ်. ဒီကဈေးကိုတော့မသိဘူး။ လက်ဆောင်ရတာ။ ပြီးတော့ Boots က straw Berry Body Butter အရမ်းကာင်းတယ်။ Karacei ခေါင်းလျှော်ရည်တွေလည်းကောင်းတယ်။ အမျိုးမျိုး ကောက်လိုက် ဖြောင့်လိုက်လုပ်လို့ ပျက်စီးထားတဲ့ ဆံသားတွေဆို သူနဲ့လျှော်ရင် အရမ်းသိသာတယ်။ စိုပြီးတောက်လာတယ်။

  • dream

    April 8, 2011 at 3:29 am

    မမလေးရေ data တွေပေးတဲ့အတွက် ကျေးဇူးပဲ
    နောက်တခါ ဈေးဝယ်ထွက်ရင် မမလေးကို ခေါ်သွားမှဖြစ်မယ် 🙂
    ဒါပေမယ့် အိပ်မက် မိတ်ကပ် နဲ့ powder မှ လိမ်းလို့မရဘူးဖြစ်နေတယ်
    ဝက်ခြံပေါက်လို့ သနပ်ခါးပဲလိမ်းရတယ်
    သနပ်ခါးကလည်း နေ့တဝက်လောက်ဆိုပျက်ပြီ
    ရုံးမှာ သူများတွေက လှပနေတဲ့အချိန် အိပ်မက်က မျက်နှာအဆီပြန်နေပြီ
    အဲဒါရော ဘာလိမ်းရမှာလဲ???

  • ဆူး

    April 8, 2011 at 6:07 am

    မှတ်တမ်း ပြုစုချက် တော်တော် ကောင်းပါလား။ ချီးကျူးပါတယ်။
    အလှကုန် ပစ္စည်း ဒီမှာ ဝယ်ရင် ပစ္စည်း ရဲ့ သက်တမ်း ၅နှစ်ခံတယ် ဆိုရင်တောင် ဒီကို ထုတ်လုပ်တဲ့ သက်တမ်း ၂နှစ် ၃နှစ် လောက် ကြာမှ ရောက်ပြီး ဆိုင်တွေမှာ ရောင်းကြတယ်။ဘန်ကောက် တို့လို အာရှ နိုင်ငံတွေ နေရာမျိုးမှာ ဆိုရင်တော့ ထုတ်လုပ် သက်တမ်း ၁နှစ် နီးပါးလောက် ကြာနေပြီ။ ဥရောပမှာ ဝယ်ရင်တော့ ဘယ်လိုနေမလဲ မသိဘူး။ အဲဒီမှာ တခါမှ မဝယ်ဘူးသေးဘူး။
    နိုင်ငံခြားမှာ ဝယ်ရင် ပစ္စည်းတခု ကို မြန်မာ ငွေ နဲ့ တွက်လိုက်ရင် ၁သောင်းကျော် လောက် ကျတာ.. ဒီမှာ ၂သောင်း ကို အသာလေး ကျော်တယ်။ ဈေးက တဝက်ကွာတယ်။ ဘာလို့ ဒီမှာ ဈေးကြီးနေလဲ မသိဘူး။ အခွန်ကြောင့်လား ဒါမှ မဟုတ် အမြတ်များများ ယူတာလား မသိတော့ပါဘူး။
    အသိ မိတ်ဆွေ တွေ ထဲက လူကြုံရှိရင် ကိုယ်လိုချင်တဲ့ တံဆိပ်နဲ့ ဝယ်ခိုင်းလိုက်.. သုံးရတာ သုံးပျော်တယ်။

  • မမလေး

    April 8, 2011 at 7:37 am

    rabbit ရေ ခေါင်းလျှော်ရည်ကောင်းကောင်းပြောပြတာကျေးဇူးပဲ … အခု Ba Weng & Karasys နဲ့လျှော်တာ မတည့်လို့လားမသိဘူး ဗောက်တွေထလာတယ်တော့သိလား …

  • မမလေး

    April 8, 2011 at 7:53 am

    အိပ်မက် … ဒါဆိုရင် Vertes’ Wash အဲ့ဒီတံဆိပ် fase wash ကအဆီပြန်တဲ့သူတွေအတွက်သိသာတယ် … ဝက်ခြံက အဆီပြန်တဲ့သူတော်တော်များများ ဝက်ခြံထွက်တယ်တဲ့ … ဆေးဆိုင်တွေမှာမေးဝယ်လို့ရတယ် … အဲ့ဒီမျက်နှာသစ်ဆပ်ပြာကို …

    မမဆူးရေ … မျက်နှာကိုတော့ အပေါစားမလိမ်းရဲဘူး … အလှပျက်သွားမှာစိုးလို့ … ဒါတော့ကြောက်တယ် …

    • ဆူး

      April 8, 2011 at 1:50 pm

      မမလေး အဖတ် မှားသွားပြီ ထင်တယ်.. ကုပ္မဏီကြီးတွေက ထုတ်တဲ့ ပစ္စည်းတွေ နိုင်ငံခြားမှာ ဝယ်ရင် သက်သာတယ် ဒီမှာ ဝယ်ရင် ဈေးကလည်း ကြီးတယ် ဒိတ်ကလည်း ထုတ်လုပ်ပြီးတာ နည်းနည်း ကြာမှ ရောက်တယ် မလတ်ဆတ်ဘူး.. နိုင်ငံခြားမှာ ဝယ်ရင် ဒိတ်ကလည်း ပို လတ်ဆတ်တယ်.. အသိမိတ်ဆွေ ထဲက လူကြုံရှိရင် မှာဝယ်ခိုင်း.. ဈေး တဝက်သက်သာတယ်။ အဲဒါပြောတာပါ။

  • manawphyulay

    April 8, 2011 at 8:27 am

    မမလေးရေ… ကုန်ဈေးနှုန်း ဈေးနှုန်းလေးတွေလည်း တင်ပေးပါဦးနော်…. အလှကုန်နဲ့ပတ်သက်လို့ကတော့ ဘာမှမဝယ်တော့ သိပ်မကုန်ဘူးပေါ့နော့…..

  • etone

    April 8, 2011 at 9:54 am

    Etone ကတော့ အနည်းကျဉ်းလောက်ပဲ လိုတာလေးဝယ်ရတယ် ကျန်တာ လောင်ဆက်ရတယ် … ။ ချန်နယ်နဲ့ လော်ရယ် ထဲက လိုတဲ့ ပစ္စည်းတွေကို ဂျာမဏီက ဧည့်သည် လင်မယားက အမြဲ ပို့ပေးနေကြလေ ။ ပစ္စည်းတွေသာ ရတာပါ မနက်ပိုင်းဆို မျက်နှာပေါ် ပဲဟင်းမှောက်ဖို့ နေနေသာသာ ၊ အမေမွေးတဲ့ ရုပ်လေး စုတ်ပြတ်မနေစေဖို့ ဖောင်ဒေးရှင်းလောက်လေးပဲ လုပ်နိုင်တယ် … ပြီးတော ့ဖဝါးနဲ့ တင်ပါး တသားထဲကျအောင် ပြေးရတာ… ရုံးမှီအောင် ..:D

    ဘုန်းကြီးကျောင်းသာ တဖြစ်လဲ … လူမိုက်ကြီး စာရင်းဝင် အောင်ပု … နာတို့က နိကို ဖြူချင်ဒယ်လို့ ဘီတုန်းက ပြောဖူးလို့လဲ … အသားမဲ ပြတ္တမြားခဲဟမှတ်ထား … အဟဲ 😀 နာတို့က မဲတာမဟုတ်ဘူး ဖြူပါတယ် … ချောကလက်ရောင်နဲ့ မဟူယာရောင်လေးပဲ နည်းနည်းရောတာ 😛 😛

Leave a Reply