ရွှေပြည်ဟိန်း ဆရာတော် တရားတော်နာ ဖိတ်ကြားလွှာ။

BayoteApril 28, 20101min941

ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့….
လူမျိိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာ မရွေး အခမဲ့ ကျမ်းမာရေး ဝန်ဆောင်မှု့ ပေးနေသော ရွှေပြည်ဟိန်း ကုသိုလ်ဖြစ် ဆေးခန်း၏ နာယက ပိဋက တစ်ပုံခွဲဆောင် ရွှေပြည်ဟိန်း ဆရာတော် အရှင် ခေမာသီရိလင်္ကာရမှ တရားတော်များ ဟောကြား ချီးမြှင့်မည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
တရားပွဲ(၁)
နေ့ရက်။ ။မေလ ၁ ရက် ၂၀၁ဝ (စနေနေ့)
အချိန် ။ ။ညနေ ၆းဝဝ နာရီ မှ ရးဝဝ နာရီ
နေရာ ။ ။ဇယမင်္ဂလာ ဗုဒ္ဓဝိဟာရ ကျောင်း ( Clementi Temple )
23A Jalan Mas Puteh, Oppostie Blk 701
Along West Coast Road, Near Esso, Singapore 128628
Tel:(65) 6778-167, Mobile:(65) 8123-0769
jayamangala.bv@gmail.com
http://www.anantametta.org/

တရားပွဲ(၂)
နေ့ရက်။ ။မေလ ၂ ရက် ၂၀၁ဝ (တနင်္ဂနွေနေ့)
အချိန် ။ ။ညနေ ၄း၃ဝ နာရီ မှ ၅း၃ဝ နာရီ
နေရာ ။ ။Palelai Thai Buddhist Temple
49 Bedok Walik, S 469145, Tel: 6443-3324
Tanah Merah MRT ( Exit B )
Take Bus No. 2, 9. Alight at 2 stop (Opp Bedok Mkt Pl)
http://www.streetdirectory.com/?x=103.94655777141&y=1.3307337725354&l=12&s=sg

တရားပွဲ(၃)
နေ့ရက် ။ ။မေလ ၂ ရက် ၂၀၁ဝ (တနင်္ဂနွေနေ့)
အချိန် ။ ။ညနေ ရးဝဝ နာရီ မှ ၈းဝဝ နာရီ
နေရာ ။ ။#08-38 Blk 708 Jurong West St. 71, S 640708
Near to Pioneer MRT
Take Bus 179, 185, 241, 243 at Boonlay Int. Alight at 5 stop (Blk 978)
Take Bus 179, 241 at Pioneer MRT (Blk 651A). Alight at 2 stop (Blk 978)

အထက်ပါတရားပွဲများကို
http://live.dhammathukha.com
http://apytz.net
တို့မှ မှ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်သွားပါမည်။
for detail, please visit to our website
http://www.dhammadownload.com
http://dhammadownload.com/News-ShwePyiHeinSayadaw-Tayarpwe-May2010.htm

ရွှေပြည်ဟိန်းဆရာတော် အရှင်ခေမာသီလင်္ကာရ၏ အတ္ထုပ္ပတ္တိအကျဉ်း

၁၉၅ရခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်တွင် စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့ မိုးကောင်းရွာနေ အဖဦးကံကြီး အမိဒေါ်ခင် တို့မှဖွား မြင်သည်။ ၁၁နှစ်သား အရွယ်တွင် သာသနာ့ဘောင်သို့ စတင် ဝင်ရောက်သည်။ ၁၅နှစ်သား အရွယ်တွင် အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်း ဘာသာဠီကာ ကျမ်းပြု ဆရာတော ်ဘုရားကြီးထံတွင် ပညာ သင်ကြားခဲ့ပြီး ၁၈နှစ်သား တွင်သာသနာ လင်္ကာရ သာမနေကျော် ဘွဲ့ကို မန္တလေး သကျသီဟ အသင်းကြီးမှ ဆက်ကပ်တော် မူသည်။

အသက်၂ဝ ရဟန်းဖြစ်စတွင် ပိဋကတစ်ပုံ အာဂုံဆောင်အောင်မြင်သည်။ အသက် ၂၁ တွင်ပိဋကတစ်ပုံခွဲဆောင်အောင်မြင်သည်။
အသက်၂၈တွင် သီတဂူဆရာတော်၏ အများကျိုးပြု ပရဟိတ လုပ်ငန်းများကို အားကျကြည်ညိုလှ၍ ဆရာတော်၏ ခြေတော်ရင်းသို့ ခိုလှုံခဲ့သည်။ သီတဂူ ကြာတစ်ပွင့် အမည်ဖြင့် ဓမ္မပလ္လင်ပေါ်သို့ရောက်ခဲ့သည်။ စစ်ကိုင်း တောင်ရိုးတွင် ရွှေကျောင်းဆရာတော်အဖြစ် တင်မြှောက်ခြင်း ခံယူသည်။ ၁၉၉၂ခုနှစ်တွင် သီတဂူ ဆရာတော်နှင့် ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ အမေရိကန်၊ အိနိ္ဒယ၊ နီပေါနိုင်ငံများသို့ လှည့်လည်ခဲ့သည်။ ၁၉၉၅တွင် စစ်ကိုင်း မင်းကွန်း ကမ်းရိုးတန်း ကားလမ်းကို ဖောက်လုပ်ခဲ့သည်။

၁၉၉၆တွင် ရန်ကုန်မြို့ ရွှေပြည်ဟိန်းကျောင်း ဆရာတော် အဖြစ် တင်မြှောက်ခြင်း ခံယူသည်။ ၂၀၀၁တွင် ကျန်းမာရေး အလှူယာဉ် စီမံကိန်းကို စတင် ဆောင်ရွက်ခဲ့သည်။ ၂၀၀၄တွင် ရွေပြည်ဟိန်း ကုသိုလ်ဖြစ် ဆေးခန်းကို စတင် ဆောင်ရွက်ခဲ့သည်။ သီတဂူ ဆရာတော်၏ လမ်းညွှန်းမှုဖြင့် လုပ်ငန်းတိုင်းကို အဆင့်ဆင့် မြှင့်တင်၍ ဆောင်ရွက် လျှက်ရှိသည်။

ရွှေပြည်ဟိန်း ကုသိုလ်ဖြစ်ဆေးခန်း၏ လက်ရှိလုပ်ရှားမှုမှတ်တမ်း
အာရောဂျံ ဣစ္ဆေ ပရမံ လာဘံ

လောကတွင် အကောင်းဆုံးသော လာဘ်ပိုင်ရှင်မှာ ကျန်းမာနေသူသာဖြစ်သည်။

ရှင်တော်ဗုဒ္ဓ မိန့်ကြားတော်မူသော အထက်ပါ စကားတော်ကို ဦးထိပ်ပန်ဆင်လျက် မကျန်းမာ၍ ပင်ပန်းကြရှာသော ဂီလာန ပုဂ္ဂိုလ်များ အား လူမျိုးဘာသာ ဆင်းရဲချမ်းသာ မရွေးအဖိုးအခ လုံးဝမယူပဲ ရွှေပြည်ဟိန်း အာယုဒါနဆေးခန်းမှ ကုသိုလ်ဖြစ် ဆောင်ရွက် ပေးနေပါသည်။ ရွှေပြည်ဟိန်း ကုသိုလ်ဖြစ်ဆေးခန်း၏ လက်ရှိလုပ်ရှားမှု မှတ်တမ်း စတင်ဖွင့်လှစ် စဉ်က အထွေထွေဆရာဝန်တစ်ဦး ဖြင့်နေစဉ်ညနေ ၆နာရီမှ ၈ နာရီအထိသာ ဆောင်ရွက် နိုင်ခဲ့သော်လည်း ဆရာတော်၏ ကြီးစွာသော စေတနာဖြင့် စီမံကွပ်ကဲမှု. ပြည်သူများ၏ ထက်သန်သော သဒ္ဒါတရားဖြင့် ပူးပေါင်းပါဝင် လူဒါန်းမှု၊ ဆရာဝန်သူနာပြု ဆရာ ဆရာမကြီးများတို့၏ မွန်မြတ်လှသော ပညာ ပေးဆပ်မှု တို့ကြောင့် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ယခုအခါ အထွေထွေ အထူးကု၊ ကလေး အထူးကု ၊ အပ်စိုက် အထူးကု၊ မျက်စိ အထူးကုတို့ပါဝင်သော ဆရာဝန်အင်အား (၈၀)ကျော်ဖြင့် နေ့စဉ်မွန်းလွဲ (၂)နာရီမှညနေ (၆)နာရီအထိ တိုးချဲ့ ဆောင်ရွက် နေပြီဖြစ်ပါသည်။ နေ့စဉ် အပြင်လူနာ (၂၀ဝမှ၃၀၀) ဝန်းကျင်အထိ အခမဲ့လက်ခံ ကုသပေးလျက် ရှိပါသည်။

ထက်ဆင့်တိုးချဲ့ အစီအစဉ် အနေဖြင့် ၂၀၀၆ခုနှစ် လယ်ခန့်မှစ၍ စုရပ်ထားရှိကာ အိမ်တိုင်ရာရောက် လှည့်လည် ကုသပေးသော Mobile Clinic ကိုစတင် ခဲ့ရာ ယခုအခါ တစ်နေ့လျှင ်(၂)မြို့နယ်နှုန်းဖြင့် (၁၄) မြို့နယ်သို့သွားရောက် ကုသပေး လျှက်ရှိပါသည်။ ၂၀၀၈ခုနှစ် ကုန်းပိုင်တွင ်”ဓါတ်”ခွဲခန်းတစ်ခုကို ထူထောင်ခဲ့ပြီး ဆီး၊ ဝမ်း၊ သွေး၊ သလိပ်၊ နဃွ အပါအဝင် ရောဂါရှာဖွေမှု အမျိုးပေါင်း(၃၀)ကျော်ကို စစ်ဆေး ပေးနိုင်ပြီ ဖြစ်ပါသည်။ အထူးသဖြင့် မေ့ဆေး ပါမောက္ခ သမားတော်ကြီး ဒေါက်တာ အောင်မြတ်သွင်၏ တိုင်းရင်း ရိုးရာနှင့် အနောက်တိုင်း နည်းပညာ ပေါင်းစပ် ထားသော အပ်စိုက် ကုသနည်းမှာ အထူးကျော်ကြားလျက် အမေရိကန်၊ ဂျပန် စသော နိုင်ငံကြီးများမှ ဆေးပညာ အဖွဲ့များမှ လာရောက် လေ့လာခဲ့ကြပါသည်။

ရွှေပြည်ဟိန်း ကျန်းမာရေးယာဉ် အလှူလုပ်ငန်း မှလည်း ၂၀၀၁ခုနှစ်မှ စတင်ခဲ့သော ကျန်းမာရေးယာဉ် အလှူလုပ်ငန်းဖြင့် မမာမကျန်း ဖြစ်နေသူများအား သင့်တော်ရာ ဆေးရုံဆေးခန်း များသို့ အခမဲ့ ပို့ဆောင်ခြင်း လုပ်ငန်းကိုု လူမျိုးမရွေး ဘာသာမရွေး ကူညီပံ့ပိုုး ပေးလျှက် ရှိပါသည်။ စတင် ဖွင့်လှစ်သည့်နေ့မှစ၍ ယနေ့အထိ လူနာပေါင်း နှစ်သိန်းးကျော်ကို ရွှေပြည်ဟိန်း ကုသိုလ်ဖြစ် ဆေးခန်းမှ ကုသမှုပေးခဲ့ပြီး ဖြစ်ပါသည်။ တစ်လအတွက် ဆေးနှင့် ဆေးပစ္စည်း ကုန်ကျမှုမှာ ကျပ်(၄၇)သိန်း၊ အခြားဝန်ဆောင်မှု ကျပ်(၁၅)သိန်း၊ ဝန်ထမ်းနှင့် မော်တော်ယာဉ်စရိတ် ကျပ်(၂၅)သိန်း ဖြစ်၍ စုစုပေါင်း လစဉ်ကုန် ကျငွေ ကျပ်သိန်း(၉၀) ခန့်ရှိပါသည်။

ငါဘုရားကို ချစ်ကြည်ညို၍ ပြုစုလိုငြား အိုချစ်သားတို့၊ ကြင်နာယုယ ဂီလာနိကို ငါအားနည်းတူ ဖေးမ ကူကာ ပြုစုပါလော ဟူသော ရှင်တော် ဗုဒ္ဓ၏ မိန့်မှာချက်နှင့်အညီ-ရွှေပြည်ဟိန်း ဆရာတော်၏ အခြေခံလူတန်းစားတို့အတွက် ကျန်းမာရေး လိုအပ်ချက်ကို စွမ်းနိုင်သမျှ ဖြည့်ဆည်း ပေးနေသည့် ဤအလှူတော် လုပ်ငန်းအား တတပ်တအား ပံ့ပိုးကူညီ နိုင်ကြပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

ရွှေပြည်ဟိန်းကျောင်း၊
ပြည်သာယာဘောက်ထော်၊
ရန်ကင်းမြို့နယ်၊ရန်ကုန်မြို့။
(ကျိုက္ကဆံစူပါဝမ်း၊ တာမွေလေးသံလမ်းအနီး)
ဖုန်း -၅၄၁ ၄၉၃၊
၉၅၁ဝ ၂၁၉၇

http://www.dhammadownload.com အီးမေးလ်မှ ထပ်ဆင့်ဖော်ပြ ပါသည်။