ဆရာကျင်ဟာ ဆီဆုံတွေလုပ်ပြီးရောင်းတယ်။ တစ်ရက်တော့မြို့ပေါ်က မှာထားတဲ့ ဆီဆုံတစ်ခု ပို့လိုက်တယ်။ ဆီဆုံပို့ပြီး ငွေယူရအောင်သွားတော့ ဆီဆုံဝယ်တဲ့ မြို့ပေါ်က လင်မယားက မတန်တဆ ဈေးနှိမ်တယ်…ဒါကြောင့် ကတောက်ကဆ စကားပြောရတာပေါ့ ။ ဒါပေမဲ့ ဆရာကျင်ဘက်ကမှန်တော့ တန်ဘိုးအပြည့်အ၀ရတယ်။ ဗုဒ္ဓဘာသာတွေ ထုံးစံအတိုင်း ပိုက်ဆံရှင်းပြီးတော့ အိမ်ရှင်လင်မယားက ဆရာကျင်ကို ထမင်းကျွေးတယ်။ ဆရာကျင်ကလည်း ထုံးစံအတိုင်း သရဏဂုံလေးဆောက်တည်ပြီး ပထမထမင်းလုပ် ၀ါးပြီးမျိုချတယ် အဲဒီမှာတင် ထမင်းလုပ်ဟာ လည်ချောင်းဝမှာ တစ်နေတယ်။ ဒါအန္တရာယ်ပဲလို့ သူ့စိတ်က အလိုလိုသိတယ်။ ဒါနဲ့ အိမ်အပြင်သွားပြီးတော့ အာခေါင်ကို လက်နဲ့ လက်ညိုးထိုးအန်ချလိုက်တော့ ကြွက်အသေကောင်ကြီးထွက်လာတယ် ဒါစုန်းပညာနဲ့သူ့ကို သေအောင်သတ်တာပဲလို့သိလိုက်တယ်။ ဒါပေမဲ့ ဆရာကျင်ကမသေဘူးလေ။ အိမ်ရှင်လင်မယားကလည်း မျက်နှာပျက်နေတယ် သူတို့လုပ်ထားတာကို။ ဒါနဲ့ဆရာကျင်က ထမင်းဆက်မစားတော့ပဲ ရွာပြန်လာတယ်။ နောက်နေ့ကျတော့ အဲဒီအမျိုးသမီးက နောက်ကနေကန်တော့ပွဲနဲ့ လိုက်လာတယ်။ ကန်တော့တောင်းပန်တယ် ကျွန်မဟာမသင်ပဲနဲ့တတ်နေတဲ့ ၀မ်းတွင်းစုန်းပါ အခုဆိုးကျိုးတွေကိုသိလို့ ဘုရားရှင်ရှေ့မှာ ဒီပညာတွေ အပြီးတိုင်စွန့်လွှတ်လိုက်ပါပြီ။ ဘယ်တော့မှလည်း အသုံးမပြုတော့ပါဘူး။ ဆရာကျင်ကလည်း ခွင့်လွှတ်လိုက်ပါတယ်။ ခွင့်လွှတ်ရင် ကျွန်မတစ်ခုလောက်သိပါရစေ။ ကျွန်မမကျေနပ်တဲ့ပုဂ္ဂိုလ်တွေဆိုရင် ဒီနည်းနဲ့ သတ်တာ သေသွားကြတယ်။ ဦးကြီးကျမှ မသေဘူး ဦးကြီးဘာဂိုဏ်းတွေဝင်ထားလဲမေးတော့ ဦးကြီးက ဘာဂိုဏ်းမှလည်းမ၀င်ဘူး ဘာဆေးမှလည်းမထိုးဘူး ဦးကြီးဟာ ဆရာကောင်းသမားကောင်းတွေ သင်ပေးထားလို့ ငယ်ငယ်ကတည်းက အစာစားခါနီးတိုင်း သရဏဂုံရွတ်တယ် အဲလိုရွတ်ရင် အန္တရာယ်လည်းကင်းတယ် ဘေးလည်းရှင်းတယ်၊ သူများပြုစားလို့ မရဘူး ကုသိုလ်လည်းရတယ်။ သရဏဂုံရွတ်ရင် အနက်အဓိပ္ပါယ် သေချာသိဖို့လိုတယ်။ အစာစားခါနီးတိုင်း သရဏဂုံရွတ်ပြီးစားရင် အမျိုးသမီးတွေပိုပြီးကုသိုလ်ရမယ် ဘာဖြစ်လို့လဲဆိုတော့ သူတို့က ပါးစပ်နဲ့ အစားနဲ့ ပြတ်မှမပြတ်တာကို………

လူတလုံးတော့ ကြုံဖူးဘူး… ဒါပေမဲ့ ရှိမှန်းတော့ သိတယ်… ဗဟုသုတပေါ့ဗျာ… စားခါနီး သရဏဂုံရွတ်တာ အပန်းတော့ ကြီးပါဘူးနော့…

From: New World

About lu ta lone

lu ta lone has written 261 post in this Website..