Capture of Laurent Gbagbo sent a stong message to dictators across the globe

timothyApril 11, 20111min831

လစ်ဗျားအရေးမှာကုလသမဂ်ဂရဲ့လူသားများကိုအစိုးရဆိုးမိုက်များသတ်ဖြတ်မှုမှကာကွယ်ပေးရေး

မူအရလွတ်လပ်သောကမ္ဘာနိုင်ငံကြီးများဝင်ရောက်တိုက်ခိုက်နေတယ်။

အရှေ့အလယ်ပိုင်းတိုင်းပြည်များမှာလဲအာဏာရှင်များကိုလူထုအင်အားပြမှုများစွာနဲ့တိုက်နေကြပြီ။

အခုတခါအနောက်အာဖရိကနိုင်ငံ၊အိုင်ဗရီကို့စ်မှာရွေးကောက်ပွဲအနိုင်ရသွားတဲ့ အလာစိန်းအိုတာရာကိုကုလသမဂ်ဂ

ကအသိအမှတ်ပြုထားတယ်။

ဒါကိုရှုံးထားတဲ့ လော်ရင့်ဂါဘ်ဘိုကလက်မခံဘဲ၊ကိုလိုနီမာစတာပြင်သစ်ကသူ့နိုင်ငံအရေးမှာဝင်စွက်တယ်လို့စွပ်စွဲတယ်။

နောက်ဆုံးအာဏာရှင်များထုံးစံအတိုင်းပြည်သူလူထုကိုရန်သူလို့သဘောထားပြီး၊

လက်နက်ကြီးများနဲ့ပြစ်တော့တာဘဲ။

ဒီမှာလဲပြည်သူလူထုကိုမင်းဆိုးမင်းညစ်ကပြစ်သတ်မှုမှကာကွယ်ရေးမူကိုသုံးပြီး၊

ကုလသမဂ်ဂကပြင်သစ်နဲ့လက်တွဲပြီးအာဏာရှင်ကိုချေမှုံးရေးစစ်ဆင်နွှဲတယ်။

ဒီနေ့ဘဲ ပုန်ကန်သောင်းကျန်းနေတဲ့လော်ရင့်ဂါဘ်ဘိုကိုပြင်သစ်တပ်များရဲ့အကူအညီနဲ့၊

သူပုန်းအောင်းနေတဲ့မြေအောက်တိုက်ခမ်းထဲကဖမ်းဆီးရမိတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမစ္စစ်ကလင်တန်ကဒီဂါဘ်ဘိုအာဏာရှင်ဇာတ်သိမ်းပုံကိုနမူနာပေးပြီး၊

ဒါဟာအကမ္ဘာလုံးမှာရှိတဲ့အာဏာရှင်အားလုံးကိုပြင်းထန်တဲ့သတိပေးချက်ဘဲလို့ပြောသွားတယ်။

ပြည်သူလူထုရဲ့သဘောဆန္ဒကိုစစ်ဘိနပ်နဲ့နင်းခြေပြီးအမြှောက်နဲ့ပြစ်ခတ်ချေမှုံးတဲ့ဗိုလ်သန်းရွှေလိုအာဏာရှင်တွေအတွက်၊

wake up call, အိပ်ယာနှိုးသတိပေးတဲ့နှိုးစက်ခလောက်သံပါဘဲ။

Response to Protect, အတိုခေါက် R2P ပြည်သူလူထုကိုမင်းဆိုးမင်းညစ်ရန်မှကာကွယ်ရေးမူဟာ၊

ကမ္ဘာမှာအခုရေပန်းစားလာပြီး၊ကမ္ဘာ့အရေးအခင်းများမှာလူသားခြင်းကာကွယ်ရေးကိစ္စများမှာသုံးတဲ့လက်နက်၊

အဖြစ်အသုံးတွင်ကြယ်လာပါကြောင်းတင်ပြလိုက်ပါတယ်။