Zoology လက်တွေ့ခန်းထဲရောက်သွားတဲ့ နှလုံးသားတစ်စုံ

naywoon niDecember 9, 20111min895

ကော်ရစ်တာအကွယ်ရိပ်က
ချောင်းကြည့်ပြုံးပြန်ကောင်လေးတစ်ယောက်ပေမို့
သူမ, မသိအောင် စာလွှာရေးခဲ့ရ
ဪ……ငါ့ဘဝ …………။
ဒီလိုနဲ့ပဲ
တမာပင်တန်းရိပ်မှာ
အရက်ဖြူတစ်ခွက်
ဆေးပေါ့လိပ်တစ်လိပ်နဲ့
ရင်ထဲကပူလောင်မှုကို ချော့သိပ်နေပေမဲ့
နှလုံးသားက အိပ်မပျော်ခဲ့ဖူးလေ………။
အိပ်မက်ခဲ့ဖူးတဲ့
ကုက္ကိုရိပ်အကြော်ဆိုင်လေးက
ငြိမ်းချမ်းရေးနယ်မြေပေါ့….။
(ဒီကနေ့)
ရေနီမြောင်းရေစီးသံဟာ
နွေရာသီမှာ ခြောက်သွေ့စွာညည်းငြူ
မငြူဆူရက်တော့ပါ……။
မန္တလေးပေါ်ကလ
တိမ်မဲကွန်ထဲမှာမှိန်ပျောက်
အရာရာဟာခြောက်ကပ်နေပေါ့…….။
နာရီစက်သံများမြိုချ
အမုန်းများကြားမှာ
စမ်းရည်အစစ်ဟာ
အေးမြနိုင်ပါဦးမတဲ့လား…….။
“ခိုင်”
ခြေလှမ်းတွေယိုင်နဲ့ခဲ့တယ်
ပြိုင်ပွဲမှာလည်ရှူံးခဲ့တယ်….
အပြုံးတုများ
ယုယထားနိုင်သေးသလား……..။
ပြောပြချင်သေးတယ်
နောက်မဆုတ်နိုင်ဘူးရယ်လို့
တုန်ရီလှိုက်မောစွာ
သတ္တိတွေခြောက်ကပ်စွာနဲ့
ဒုတိယလူရဲ့
ပျားရည်ချိုဒုက္ခခံစားမှုများ
သောက်လိုက်တိုင်းမူးရစ်ရီဝေစါာနဲ့…….။
လမ်းအကွေ့များစွာ
မကြာခဏအတွေ့မှာ
ပြင်းထန်စွာရိုက်ခတ်
အချစ်ချိုအရက်ခါး ပုံဆောင်ဖြစ်တည်မှု
ကုသမဲ့ဆေးဝါး အလကားဖြစ်သွားခဲ့ရတယ်…။
အဲဒိလိုနဲ့
တို့ရဲ့ မြိုသပ်တဲ့ကြိတ်ပြုံးလေးတွေဟာ
မြုံးထဲကငါးကလေးတွေလိုပါပဲ
မြုံးထဲက ငါးကလေးတွေလိုပါပဲ……
မြုံးမိတဲ့ ငါးကလေးတွေလိုပါပဲ……….အချစ်ရယ်……….။

နေဝန်းနီ

5 comments

  • small cat

    December 10, 2011 at 7:50 am

    ကိုနေဝန်းနီ ငယ်ငယ်က စာတွေပြန်ဖော်ထုတ်နေတာတော်တော်များပြီ

  • windtalker

    December 10, 2011 at 11:53 am

    အခုတော့ အဝေးကနေဘဲ
    တမ်းတ မှန်းဆ လွမ်းလှ လျှက်ပေါ့ ခိုင်….
    (ပုံ ဘီနို)

  • kokoover

    December 10, 2011 at 9:40 pm

    အရက်ဖြူတစ်ခွက်
    ဆေးပေါ့လိပ်တစ်လိပ်နဲ့အချစ်ချိုအရက်ခါး
    သောက်လိုက်တိုင်းမူးရစ်ရီဝေ
    ဖတ်လိုကောင်းပါတယ်
    လျော့တော့သောက်နော်

  • မြုံးထဲက ငါးကလေးတွေလိုပါပဲ……
    မြုံးမိတဲ့ ငါးကလေးတွေလိုပါပဲ……….အချစ်
    အဘနီလွဲသွားပြီ
    မင်းရဲ့ခွဲစိတ်ခုံပေါ်က ဖားကလေးတွေလိုပါဘဲ
    မင်းရဲ့ခွဲစိတ်ခုံပေါ်က ဖားကလေးတွေလိုပါဘဲ
    မင်းရဲ့ခွဲစိတ်ခုံပေါ်က ဖားကလေးတွေလိုပါဘဲ
    အချစ်ရယ်……………………….လို့ရေးမှ ခေါင်းစဉ်နဲ့ကိုက်မှာလေ

  • pooch

    December 10, 2011 at 11:47 pm

    “ခိုင်”တဲ့လား အဘနီရယ် …..

    အချစ်ဦးရဲ့ ဖီလင်ကြောင့်တော့ အသဲကို အရက်နဲ့ မစိမ်ပါနဲ့လေ…
    ရသကဗျာ စာလေးတွေနဲ့ ပဲ စိမ်လိုက်ပါလေ……
    အဘနီရဲ့ နှလုံးသားဒဏ်ရာကို အရက်ဖြူနဲ့ရောလို့ကတော့ ကျွမ်းသွားလိမ့်မယ်နော်….

Leave a Reply