မနုသတ္တ ဒုလ္လဘတဲ့ ….လား

naywoon niApril 13, 20111min1076

မနုသတ္တ ဒုလ္လဘတဲ့
အဲဒါဆိုရင်
မောင်ချောနွယ်နွယ်လည်း ဒုလ္လဘ တစ်ခုနဲ့ပဲတဲ့..။
ဟုတ်ပါ့ …ဆရာချောရေ
လူမှာလည်း ဒုလ္လဘနဲ့
နွားမှာလည်း ဒုလ္လဘနဲ့
ငါးမှလည်းဒုလ္လဘနဲ့ပေါ့လေ….။
နှစ်ဆန်းတစ်ရက်နေ့မှာ
ငါးသက်စေ့လွှတ်မယ်ဆိုတဲ့
ထင်ပေါ်ချင်တဲ့အတွေးနဲ့
ရေထဲက ငါးတွေ ဖမ်းဖမ်းနေကြတာ
တရားမလွန်ဘူးလားဗျာ..။
ပြီးတော့….
ရေထဲကငါးကိုဖမ်းပြီး
ရေထဲပြန်လွှတ်နဲ့
ပြန်မလွှတ်ခင်စပ်ကြားမှာ
ဈာန်လျောကုန်ရတဲ့ငါးတွေ….ငါးတွေ
ကုသိုလ် တစ်ပဲ ငရဲ တစ်ပိဿာဆိုတာ ဒါမျိုးလားဗျာ
စဉ်းစားကြည့်ကြပါဦး…။
ဒီလို ဓလေ့ စရိုက်ဆိုးကို
ရိုက်ပုတ်လို့ နှင်ထုတ်သင့်ပြီ…။

နေဝန်းနီ

6 comments

  • nigimi77

    April 13, 2011 at 10:06 am

    ငါးက ဘာ်လိုကြောင့် ဈန်လျောတာလဲဗျ

  • nigimi77

    April 13, 2011 at 10:07 am

    ငါးက ဘယ်လိုကြောင့် ဈန်လျောတာလဲဗျ

  • ငှက်ကြီး

    April 13, 2011 at 10:10 am

    မှန်လိုက်လေ..ဦးနီရာ…….ကျွန်တော်ဆိုတစ်ခါမှ ဝယ်မလွှတ်ဘူးး

    လွှတ်တဲ့သူရှိနေရင် ဖမ်းပြီးရောင်းစားတဲ့သူတွေရှိနေအုံးမှာပဲ။
    ကုသိုလ်လုပ်တာ အနောက်မှာ အကုသိုလ်ကို တိုက်ရိုက်အကျိုးပြုနေတယ်ဆိုတာ ဦးဏှောက်နဲ့ စဉ်းစားကြစေချင်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 13, 2011 at 2:06 pm

    ( ရေထဲကငါးကိုဖမ်းပြီး
    ရေထဲပြန်လွှတ် )

  • naywoonni

    April 13, 2011 at 2:29 pm

    ဈန်လျော တယ်ဆိုတာက သက်တမ်းမစေ့ဘဲ အသက်ထွက်သွားတာကိုပြောတာဗျ 77 ရ……။

  • unclegyi1974

    April 13, 2011 at 3:43 pm

    ဟိုးငယ်ငယ်တုန်းကငါးလွှတ်ရင်ဈေးက
    သတ်ပြီးရောင်းမဲ့ငါးကိုဝယ် လွှတ်တာပါ
    သေမယ့်သတ္တဝါမသေအောင်လို့ပါ
    ကိုနီပြောသလိုဆိုအခုကလွှတ်ဖို့အတွက်
    သက်သက်ဖမ်းတယ်လို့သိပါတယ်
    ဘယ်လိုပြောပြောလွှတ်တဲ့သူရဲ့စိတ်ကမူလ
    အရင်ခံလို့မြင်ပါကြောင်း

Leave a Reply