ကိုရင်လေးတွေ ရေကစား

bigbirdApril 15, 20111min15318


တစ်နှစ်မှ တစ်ခါဆိုတော့ ထိုင်းမှာရှိတဲ့ ကိုရင်လေးတွေ မနေနိုင်ဘူးဗျို့။
ဘုန်းကြီးကျောင်းရှေ့မှာ ရေ ထွက်ကစားနေကြပါတယ်။

18 comments

  • ဆူး

    April 15, 2011 at 4:26 am

    မျက်နှာတွေ ဘာလို့ ဖြူတာလဲ..
    ဆပ်ပြာတွေလား

  • ဆူး

    April 15, 2011 at 4:30 am

    ဘယ်ကျောင်းက ကိုရင်တွေလဲ ရွာဦးကျောင်းက ဘဒ္ဒန ္တအောင်ပု ကျောင်းကလား။
    အကြည်ညိုပျက်ရင်တော့ ဘဒ္ဒန ္တအောင်ပု ကျောင်းကို ဆွမ်းမပို့တော့ဘူး။
    ဒါဘဲ။

  • kai

    April 15, 2011 at 4:54 am

    ပေါင်ဒါတွေလို့ထင်တာပဲ..။
    သင်္ကြန်ရဲ့ မူလဇာတိ..အိနိ္ဒယမှာ.. ဆေးရောင်စုံမှုန် ့တွေနဲ့.. ပက်နေကြတာမို ့… ပေါင်ဒါမှုန့်နဲ့ လုပ်လည်း သဘာဝကျတာပါပဲ..။

    မြန်မာရွာဓလေ့မှာတော့ ..အိုးမည်းသုတ်တာ ရှိသေးသလား သိချင်သား..။

    • ဆူး

      April 15, 2011 at 4:58 am

      အိုးမဲ သုတ်တာ မသုတ်တာတော့ မသိဘူး.. လွန်ခဲ့တဲ့ ၅နှစ် ၆နှစ်လောက်ကတော့ ဆပ်ပြာစပရေးတွေ တော်တော် ခေတ်စားတယ် မှုတ်လိုက်ပြီး ပွတ်လိုက်ရင် အမြုပ်တွေ ထတာ အားကြီးဘဲ.. အခုတော့ မသိဘူး။ အိမ်တွင်းပုန်းနေလို့။

    • ငှက်ကြီး

      April 15, 2011 at 5:33 am

      သဂျီးပြောတာမှန်ပါတယ် ..ပေါင်ဒါတွေပါ။ အချင်းချင်းပေါင်တာတွေနဲ့သုတ်ကစားကြပါတယ်။

  • ဆူး

    April 15, 2011 at 4:56 am

    ငါးခူချဉ်ဆီပြန်
    ဝက်သားလုံးကြော်
    ပုဇွန်ကင်
    ကဏန်းချဉ်စပ်
    ချဉ်ပေါင် မြှစ်ချဉ် ကြော်
    ဗူးညွန့်ဟင်းခါး
    ကြက်တောင်တောင်
    အသီးအရွက်စုံကြော်..
    အချိုပွဲ ရွှေရင်အေး+ဒူးရင်းသီး ၊အုန်းနို့ ကျောက်ကျော၊ သာကူ၊ မုန့်လုံးရေပေါ် ကောက်ညှင်းစနွင်းမကင်း၊ ရွှေကြည်၊ ငှက်ပျောပေါင်း၊ ပင်ပွားကျောက်ကျော အအေး။

    ဟင်းတွေ အချိုပွဲတွေကတော့ အများကြီးချက်ထားပြီးပြီ.. ဘယ်ကျောင်းကို သွားပို့ရပါ့မလဲ။

    ဟီးဟီး..

    • kai

      April 15, 2011 at 8:28 am

      အောင်မြလေး…။ သေပါပြီဗျာ..။ 🙁

      • ဆူး

        April 15, 2011 at 8:45 am

        သဂျီး ဘာလို့ သေတာလဲ.. ဒီကိုရင်တွေ ဘဒ္ဒန ္တသဂျီး ကျောင်းကလား။

  • weiwei

    April 15, 2011 at 5:24 am

    မမလေး သီလရှင်ဝတ်နေတဲ့ ကျောင်းကို ပို့လိုက်ပါကွယ် … ဈေးနှုန်းလေးတွေပါ ချိတ်ဆွဲပေးလိုက် … သူက တဆင့် ကြော်ငြာပေးပါလိမ့်မယ် ..

    • kai

      April 15, 2011 at 8:56 am

      စားချင်လို့ သေတာဟေ့..စားချင်လို့..။

      • ဆူး

        April 15, 2011 at 12:26 pm

        ရန်ကုန် ရောက်ရင် ဖိတ်မယ်.. ဆူး ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်တဲ့ နေ့နဲ့ ကြုံကြိုက်ရင်ပေါ့။
        ဘုန်းကြီးကျောင်းမှာ ဟိုလူက ချက်လာ ဒီလူက ချက်လာနဲ့.. အစားလျော့စားဖို့ စိတ်ကူးရှိလည်း စိတ်မထိန်းနိုင်ဘူး စားဖြစ်သွားတယ်။
        ဘုန်းကြီး ဆွမ်းကပ်ဖို့ ချင်တာ ဆိုပေမဲ့ ပိုပိုသာသာ ချက်ထားတာဆိုတော့ ပျော်ပွဲစားထွက်သလိုဘဲ။
        ဟိုလူက လာပြီး တတုံးထည့်လိုက်.. စားကြည့် သူချက်တာ.. ဒီလူက လာလိုက် စားကြည့် သူချက်တာ နဲ့.. ထမင်းမစားဘဲ ဟင်းကြိးဘဲ စားရင်တောင် ဗို်က်ပြည့်တယ်။ စားပြီးတော့ စားပွဲ တလုံး အပြည့်စာ အချိုပွဲတွေ ဩတိုက်နေတာဘဲ.. စားလို့ ကောင်းမှ ကောင်း။

  • kopauk mandalay

    April 15, 2011 at 9:16 am

    အိုးမဲသုတ်တဲ့ ဓလေ့ကတော့ မရှိလောက်တော့ ဘူးဗျာ

  • ငှက်ကြီး

    April 15, 2011 at 12:35 pm

    အန်တီဆူးက သဂျီးတစ်ယောက်ပဲ ဖိတ်တယ်..ကျန်တဲ့ရွာသူရွာသားတွေတော့ဖိတ်ဘူးဗျို့..

    • ဆူး

      April 15, 2011 at 12:39 pm

      အခု ထိပ်ဆုံးမှာ တက်နေတာ.. အခြေအနေအရ လာဒ်ထိုးသင့်ရင် ထိုးရမယ်လေ။ သိတယ်မလား.. အဟမ်း…
      နောက်တာပါ.. ကြုံရင်တော့ ဖိတ်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 15, 2011 at 1:08 pm

    ငယ်ငယ်တုန်းကတော့
    နှစ်ဆန်းတစ်ရက်နေ ့ဆို
    ညနေဘက်လောက်ရောက်ရင်
    အိုးမဲသုတ်တယ်ဗျ
    လူတိုင်းကိုတော့မဟုတ်ဘူး
    ကိုယ်နဲ ့အရမ်းခင်တဲ့လူအချင်းချင်း
    အရမ်းခင်လွန်းတဲ့ သောက်ဖော်သောက်ဖက်တွေဆို
    အိုးမဲကို ဆီ လူးပြီးသုတ်တယ်
    တစ်ချို ့ဆို
    အပျိုကြီးတွေကို အတင်းခေါ်ချ
    ဟိုလေ အိမ်ပေါ်မှာပုန်းနေတဲ့အပျိုဂျီးဒွေကို
    အိမ်အောက်ကို အတင်းခေါ်ဆင်းတာကိုပြောဒါ
    နောက်ပြီး လောင်ဒယ်
    လောင်းဒေါ့ ဆိုတွားတာပေါ့

  • nigimi77

    April 16, 2011 at 12:59 am

    ဗားကရာ တလျှောက်မှာ ကိုရင်တွေ ပွဲကြမ်းသဗျ။ ခွက်စောင်းခုတ်။

  • မမလေး

    April 25, 2011 at 1:24 pm

    ဟုတ်သားပဲ လာပို့လိုက်ပြီးရော … သီလရှင်တွေ ရေနဲ့ပက်လိမ့်မယ် 🙂 က ပြီးတော့တောင်စားမယ်ထင်တယ် … အဲ့ဒီမှာ ပုဇွန်မကျွေးဘူးထင်တယ် …

  • MaMa

    April 25, 2011 at 3:21 pm

    ငယ်ငယ်က သင်္ကြန်ဆို ဆွေမျိုးတွေစုပြီး ခရီးထွက်ကြတာ။ နှစ်ဆန်းတစ်ရက်နေ့အမှီ အတက်နေ့ညဘက်ကြီး ကို အရောက်ပြန်ကြတာ။ အတက်နေ့ညဆိုတော့ အကဲလွန် အသောက်လွန်တွေက ကားကို အတင်းတား ရေတွေပက်ပြီး နောက်ဆုံး ခေါင်းအုံးထဲထည့်တဲ့ လဲမှို့တွေထည့်ပေးလိုက်ရော။ ကားတစ်စီးလုံးကလူတွေလည်း မျောက်ဖြူတွေဖြစ်ကုန်ရော။ သူ့ငါကြည့် ငါ့သူကြည့်ပြီး ရီလိုက်ကြရတာ သတိရမိတယ်။

Leave a Reply