“အဖော်ရှာမယ် အဖော်ပါတယ် ကြော်ငြာမယ် ဆိုတဲ့………………….2011သင်္ကြန်”

“အဖော်ရှာမယ် အဖော်ပါတယ် ကြော်ငြာမယ် ဆိုတဲ့………………….2011သင်္ကြန်”

မခေါ်ဘဲနဲ့လဲ အချိန်မှန်လာ၊
မနှင်ဘဲနဲ့လဲ သုံးရက်ပြည့်တာနဲ့ ဇွတ်ပြန် ၊
အဲဒါသင်္ကြန်ပေါ့။

တစ်ခါတစ်ရံတော့
အဆစ်ပေးသလို လေးရက်
ပျော်အောင်လဲ နေပေးပါတယ်။

ဟိုအရင်ကပေါ့
သင်္ကြန်နီးပြီဆိုတာနဲ့
တစ်နှစ်ကူးဘို့ ပုရစ်ဖူးလေးတွေက
အရင်ဝေပြပါတယ်။
သူဝေပြီဆိုတာနဲ့ ဥဩက တွန်ပါတယ်။
ဥဩတွန်တာနဲ့
နွေမှုံမှုံ လေမှုံမှုံ
လွမ်းရိပ်ဆင်ပြီဆိုရင်
သင်္ကြန်မိုးပြေးလေးက
ရွှေပိတောက်ကို အပြေးအလွှားကြိုသလို
မန်းလေးသားကိုကိုတွေကလဲ
စည်တိုခေါက်လို့ တူးပို့ သံလွင်
မဏ္ဍပ်တွေဆင်လို့ သင်္ကြန်အတွက်ပြင်ကြပါတယ်။

ဘယ်အယူအဆကြောင့်ဘဲ
ဖြစ်လာလာ။
ဘယ်သူ့ခေါင်းဘဲလက်ပြောင်းပြောင်း၊
ဒီအချိန်ရောက်တိုင်းတော့
မန္တလေးသူ မန္တလေးသား
သင်္ကြန်သွေးကြွ ကြ တာ အများတကာထက်
ပိုကို ပိုပါတယ်။

ဟိုရှေးရာဇဝင်မှာ နာကျင်စေခဲ့တဲ့အဖြစ်က
နရသီဟပတေ့ နဲ့စောလုံ
သင်္ကြန်မှာ အကြည်စားသန်မိလို့
တစ်ယောက်က အသက်ဆုံး
တစ်ယောက်ကအချစ်ဆုံးပါး
နောင်တ တရားတွေအပြည့်နဲ့
သနားစရာ့ ဇာတ်လမ်းလေးပေါ့။

တစ်နှစ်နဲ့တစ်နှစ်အပြောင်းမှာ
နှစ်ဟောင်းက မကောင်းခဲ့တာကို
သင်္ကြန်ရေနဲ့ဆေး
အေးလဲအေးသန့်လဲသန့်…………..
ရှေးအစကတော့ သပြေခက်နဲ့ရေပက်၊
နောက်တဆင့်တက်တော့ ငွေဖလားနဲ့ရေကစား၊
အခုခေတ်တွေမတော့ အလန်းဇယားတွေဖွင့်လို့
ခပ်ကြမ်းကြမ်းလေးရေကစားမယ်။

အခု2011 သင်္ကြန်
ရေပက်မဏ္ဍပ်ကလည်းခပ်နည်းနည်း
တူးပို့ ဆိုတဲ့ ဒိုးသံကိုလဲ အဝေးမှာ ဝဲ ထားလိုက်ပြီ။
မန်းလေးသားတွေကတော့ အိုင်စီလာမယ့်
မြန်မာဘီယာနဲ့ ပဲ သင်္ကြန်ကို နွှဲလို့ ကဲမယ်။
ရေချိုတွေရှားမှာစိုးလို့ တဲ့
အတာရေအေးအေးကိုခဏနားဘီယာနဲ့ဘဲရေကစားမယ်။

သင်္ကြန်ဆိုမှတော့ ပျော်စရာတွေဘဲလာမှာပေါ့ဆိုပြီး
ကောင်မလေးတွေကလည်း အဖော်ရှာသလို၊
ကောင်လေးတွေမှာလည်းအဖော်တွေပါမယ်။
(နောက်ကြောင်းအေးဘို့ဆိုပြီး တော့ပေါ့)

ကြော်ငြာချင်တဲ့စီးပွားရေးသမားများကလဲ
သင်္ကြန်ရက်မှာတောင်မနားဘဲ
ဗွီနိုင်းတွေခပ်ကြမ်းကြမ်း ခပ်လန်းလန်းလေးတွေကို
နေရာလပ်မထားဘဲကပ်မယ်။

ပျော်ချင်သူကလဲအပျော်ရှာ
အဖော်မပါသူကလဲ အဖော်ရှာ
ကြော်ငြာချင်သူကလဲ ကြော်ငြာ
ဘာလာလာအကုန်ဖြစ်တဲ့
ရတနာပုံရွှေမန္တလေးရဲ့နှစ်သစ်
ကဲ………. အပ်ချလောင်း
ပြောင်းလိုက်မယ်
နေခဲ့တော့ နှစ်ဟောင်းရေ……………………………………

(ကိုပေါက်နှစ်သစ်လက်ဆောင် အတွေးပါးပါးလေး)
15-4-2011

9 comments

  • naywoonni

    April 15, 2011 at 12:32 pm

    ဟုတ်ပဗျာ…ဒီနှစ်တော့ ဥဩသံလေးတောင် မကြားလိုက်ရဘူး …ဥဩဘယ်မှာလဲ?

  • ဆူး

    April 15, 2011 at 12:35 pm

    ရန်ကုန် သင်္ကြန် မလည်တော့ မပြောတတ်ပါဘူး။
    အိမ်မှာနေတဲ့ ဖီလင်ကတော့ တော်တော် အဆင်ပြေတယ်။
    စားချိန်တန်စား.. အိပ်ချိန်တန်အိပ်..
    ဘာမှ လုပ်စရာကို မလိုဘူး။
    မိုက်တယ်။

  • eros

    April 15, 2011 at 2:01 pm

    မြနန္ဒာ…… ရေညိုညိုရစ်ခါသန်းတဲ့………….. ရွှေမန်းတောင်ထိပ်…………… တူတူပျော်မယ်…………..ခင်ပျိုမေရယ်……………….. မျှော်ခင်းလေးသာပါဘိတယ်…………….နိမိတ်ကောင်းချိန်ဝယ်………………နှစ်ဦးသင်္ကြန်တော်ဝယ်………….

    ဂျဂါးမချပ် မဒမ်ပေါက် က မန္တလာသူလားဟင်။

  • kopauk mandalay

    April 15, 2011 at 3:16 pm

    မဒမ်ပေါက် က မေမြို့လို့အရင်က ခေါ်တဲ့ ပြင်ဦးလွင်သူစစ်စစ်
    မန်လေးတက္ကသို်လ်မှာကျောင်းတက်ရင်း………………………………………………………..
    ဒိန် ဒိန့်ဒိန် သွားတာ

  • eros

    April 15, 2011 at 3:18 pm

    လတ်စသတ်တော့ မေမြို့မိုးက မန်းလေးမှာ ရွာသွားတာကိုး။

  • eros

    April 15, 2011 at 3:32 pm

    ဦးပေါက်က မယ်တို့ ချယ်ရီမြေဇာတ်ကားရိုက်သွားတာကိုး။

  • kopauk mandalay

    April 16, 2011 at 3:46 pm

    အတိတ်အကြောင်းများ ပြန်တွေးရင် လွမ်းစရာကြီးနော်……………………….

    • eros

      April 17, 2011 at 8:31 am

      အတိတ်အကြောင်းပြန်တွေးပြီး စာလေးများချရေးရင် တပုဒ် ၈ဝ နော် ဦးပေါက်။

  • kopauk mandalay

    April 17, 2011 at 8:46 am

    တစ်ခါတစ်လေတော့ လဲ ဒီလိုကြံဖန်ပြီးလုပ်စားရတာဘဲလေ

Leave a Reply