သံတွဲခရိုင် လ.ဝ.က မှုး ကတော့ လုပ်ချလိုက်ပြန်ပြီ ဗျို့

နိုင်ငံတော် သမ္မတ ကြီး ဦးသိန်းစိန် ၏ လာဘ်စားသူများအားပြင်းထံစွာအရေးယူ
မည် ဟု ကြေငြာချက်ထွက်ပေါ်လာပီးများမကြာမီ ၎င်း ခရိုင်လ.ဝ.က မှုးမှနေရပ်ပြန် မွတ်စ် များထံတွင် တစ်ဦးလျှင် ၅၀၀ဝိ/ (ငါးထောင်) ကျပ်နှုံးစီ ဖြင့် အတင်းတောင်းယူကောက်ခံလျှက်ရှိနေပါသည်ခင်ဗျား….။
သင်္ကြန်ပိတ်ရက် အနားမယူ ရုံးမပိတ်ဘဲ နံနက်ချိန်မှစ၍ နေဝင်သည်အထိ
ရုံးရော နေအိမ်ပါမကျန် ပိတ်ရက်မရှိ ကြိုးကြိုးစားစား အလုပ်လုပ်လျှက်ရှိနေ
ပါသည်ခင်ဗျား…။
ယ္ခုသော်ကြားသိရသည့် သတင်းအရ ကောက်ခံရရှိပါသောလာဘ်ငွေများမှာ
၁၀၀၀၀၀ဝိ/(ဆယ်သိန်း) မပြည့်ပါသေး၍ များစွာစိတ်ဆင်းရဲ ကိုယ်ဆင်းရဲ
ဖြစ်နေရပါသည်ခင်ဗျား…။

15 comments

  • zippo

    April 15, 2011 at 7:45 pm

    ဟုတ်လားဂျ—-
    ဒီလူတွေကတော့ သေရင်းနဲ့စား စားရင်းနဲ့သေ မဲ့ လောက်ကောင်လို ပါဘဲဂျာ—-
    ငိုစားရယ်စား လုပ်ပီးရတဲ့လာဘ်ငွေ နဲ့သံသရာ မှာတွေ့ရမဲ့ဒုက္ခကိုမသိဘူးလားဂျ———
    ဒီလိုလုပ်ရင်ဟိုလိုဖြစ်မယ်ဆိုတာ ပြောပြပေးလိုက်ကြပါဂျာ———:PP

  • winkyawaung

    April 16, 2011 at 4:49 am

    အစိုးရသစ်လည်း လာဘ်စားတာကို နိုင်အောင်ထိမ်းနိုင်မယ် မထင်ပါဘူး။ မူပြောင်းတယ်ပြောပြီး လူတွေက ဒီလူးတွေပဲဆိုတော့ ဘာထူးကြမှာလဲ။

  • Mee2

    April 16, 2011 at 7:16 am

    ဟောတော့ လာပြန်ပါပြီ ။ဒါဒီမသာတွေမျိ ုဖို ့ဆို ့ဖို ့တောင်းစားနေတာဘဲ။သူများမျက်ရည်ပေါက်ကြီးငယ်စားသောက်လို ့ပျော်ဘဲပျော်နိုင်တယ် ခွေးမျိ ုးတွေဘဲ။အစိုးရသစ်ခမျာတွေလဲဘာမှကိုအကောင်အထည်ဖော်ခွင့်မရ။ဒီအတိုင်းဘဲဆက်သွား၊အရင်ထက်ပိုဆိုးလာ။ဒီအတိုင်းဆိုရင်ဒီမသာအိမ်မီးရှို ့ပြီးသင်ခန်းစာပေးလိုက်ကြစို ့။

  • thanmyint84

    April 16, 2011 at 9:12 am

    အစိုးရသစ်ကြီးရေ လာဘ်စားတာလေးတွေကို အတတ်နိုင်ဆုံးထိမ်သိမ်းပေးတော်မူကြပါရှင်….
    လုံးဝကြီးမပပျောက်နိုင်ရင်တောင် လျော့ပေါ့သွားစေလိုပါတယ်…..

  • Gipsy

    April 16, 2011 at 6:51 pm

    အား…ဟုတ်ကဲ့ဗျ…အစိုးရသစ်ကတော့ ကျိုုးကြေနေတဲ့ မူလဝန်ထမ်းတွေရဲ့ ခေါက်ရိုးကို အရင် ဆန့်ဖို့
    လိုအပ်တယ်လို့ထင်မိပါတယ်…
    လူ့အခွင့်အရေးတွေ ဆုံးရှုံးနေရတဲ့ မျက်နှာမွဲ..လူတန်းစားတွေအတွက် ..အတိုင်းအတာတစ်ခု ချမှတ်ပြီး
    ဆောက်ရွက်ပေးနိုင်ရင်ဘဲ..တော်လှပါပီဗျာ…စိတ်မောတယ်…

  • Foreign Resident

    April 17, 2011 at 3:18 am

    ှနေရပ်ပြန် မွတ်စ် များ
    What is this ???
    Please explain thoroughly.

  • i love this

    April 17, 2011 at 5:26 am

    နေရပ်ပြန်မွတ်စ် များဆိုသည်မှာ အနယ်နယ်အရပ်ရပ်မှ ငပလီကမ်းခြေသို့လာ
    ရောက်ကြသည့် အစ္စလာမ် ဘာသာဝင်များ ကိုဆိုလိုခြင်းဖြစ်ပါသည်ရှင့်……
    ဥပမာပြောရသော် ရန်ကုန် ၊ မန ္တလေး တိုင်းဒေသကြီးများမှ မွတ်စ် များသည်
    ရခိုင်ပြည်နယ်အတွင်းသို့ ရောက်ရှိလာပါက အပြန်ခရီးစဉ်အတွက် သက်ဆိုင်ရာ
    လ.ဝ.က မှုးများထံမှ နေရပ်ပြန် ဗီဇာ လုပ်ကြရပါသည်၊ အကယ်၍ မလုပ်ဘဲ
    သွားကြသောအပြန်ခရီးသည်များအား လမ်းခုလတ် ၌ရှိသော လ.ဝ.က ဂိတ်
    များတွင် ကားပေါ်မှ ဆွဲချ ခံရခြင်း၊ ကားစတင်ထွက်ရာမြို့သို့ ပြန်လည်ပို့
    ဆောင်ခြင်းများ စသည်ဖြင့် နိုုင်ထက်စီးနင်းလုပ်ခံကြရပါသည်ရှင့်၊
    နိုင်ငံသားကဒ်တွင် ကိုးကွယ်သည့်ဘာသာ အစ္စလာမ် ဟုပါရှိသောလူများမှာ
    လူ့အခွင့်အရေးလွန်စွာဆုံးရှုံး နေရပါကြောင်းရင်နာစွာဖြင့် တင်ပြလိုက်ရပါ
    တယ်ရှင်…။

  • mzm

    August 1, 2011 at 1:18 pm

    စမ်းချောင်း မယကအုပ်ချုပ်ရေးမှုူးဦးတင့်လွင်ကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သက်သေအထောက်အထား ခိုင်လှုံမှုမရှိဘဲ တစ်ရပ်ကွက်ကု်ိ အားကစားထောက်ပံ့ကြေးဆိုပြီးကျပ်ငွေ
    (၈၀၀၀၀)စီတောင်းခံနေတယ်လို့သတင်းရရှိပါသည်ခင်များ………….
    ပြောချင်တော့ဘူးဗျာ….

    • etone

      August 1, 2011 at 2:12 pm

      ပြောရလျှင် မိုးလင်းသွားမယ် … မပြောတော့ဘူး 🙄

  • Mee2

    August 1, 2011 at 1:57 pm

    အင်းအခုတော့ အားလုံးစိတ်ချမ်းသာရပါပီ။နှစ်နှစ်ဆယ်ကြာလောက်ရှိပီဖြစ်တဲ့ အခွင့်အရေးကို ပြန်ခံစားကြရတော့မှာပါ။ဒေသနေအများပြည်သူမွတ်စလင်မ်များရော၊အလည်အပတ်လာရောက်လိုကြတဲ့ပြည်မမှ မွတ်စလင်မ်များပါ မည်သူတဦးတယောက်ကိုမျှ တစိုးလက်ဆောင်ပေးရန်မလိုဘဲ လွတ်လပ်စွာ သွားလာနိုင်ကြပါပီ။ဘယ်သူ တွေဘဲ ဒီအခွင့်အရေးကို ရအောင်လုပ်ပေးခဲ့ကြပါသည်. ဖြစ်ပါစေ. ကျွန်မတို ့ကတော့ ကြိ ုဆိုပါတယ်။အားပေးပါတယ်။တခြားသွားလို ့မရသေးတဲ့ သူတွေကိုလဲ လွတ်လပ်စွာသွားခွင့်ရစေချင်ပါတယ်။သူတို ့လဲ လူသားတွေပါဘဲ။ဖျက်လိုဖျက်ရပြောနေဆိုနေကြတာတွေတော့ကြားနေရတာ စိတ်မကောင်းစရာပါ။သံတွဲမြိ ု့ကို လာမယ့်နေရပ်ပြန်တွေရော၊ဧည့်သည်များပါ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ ့ခရီးသွားနိုင်ကြပါပီ။ဒီအခွင့်အရေးလေးရေရှည်တည်မြဲအောင်ဝိုင်းဝန်းကြိုးစားကြရမှာပါ။ဘာလို ့လဲ ဆိုတော့ အကျင့်ပျက်ခြစားနေတဲ့အောက်ခြေက ဝန်ထမ်းတွေ၊အပေါ်ကအရာရှိတွေကို မယုံရလို ့ပါ။ကျွန်မတို ့သံတွဲမြိ ု့မှာကလဲ အဲလို ခြစားနေတဲ့ အပုပ်အပွကို ခါးပိုက်ထဲထည်ုပြီး“ငါ့ကွတွေ ့တယ် မလား ဘယ်သူ ့ကိုပိုင်တာ ငါပြောရင်ပြီးတယ်”“ဘယ်အကောင်ကြီးကဖြင့်ငါ့အိတ်ထဲကဖား. ဘယ်ချိန်ထုတ်ရိုက်ရိုက်ပါ”ဆိုပြီး. လက်ရှိအာဏာပိုင်တွေကို ပုလင်းတူဗူးဆို ့လုပ်ထားသူတွေကလဲရှိတယ်လေ။အရင်ကတော့ သူတို ့မွတ်စ်လင်မ်တွေခမျာမှာ လ.ဝ.က ကိုငွေပေးဗီဇာယူ၊တောင်းတဲ့ငွေ မပေးရင် ဗီဇာ မပေး။ခရီးသွားရင်းလမ်းမှာ အဖေအရွယ် အကိုရွယ် အမေရွယ် မှန်းမသိ အော်ငေါက်ရိုင်းပျချက်ကကမ်းကုန်ပါတယ်ရှင်။ခုတော့ တကယ် သန် ့ရှင်းတဲ့အစိုးရသစ်တရပ်ပေါ်ထွန်းဖို ့ကြိ ုးစားနေတဲ့အတွက် ဝမ်းသာစရာပါ။အားလုံးသောငွေမက်၊အာဏာမက်တွေတော့ ဒုက္ခနဲ ့လှလှကြီးတွေ ့ပါတော့မယ်။ဘယ်အရာရှိမှမယုံပါနဲ ့တော့လို ့ အရာရှိကြီးများဆီတွင် -င်ခံမတတ်ပေါင်းနေသူများကိုသတိပေးချင်ပါတယ်။ရလာတဲ့ ယခုလို အခွင့်အရေးကို ရေရှည်တည်တံ့အောင်ကြိ ုးပမ်းထိန်းသိမ်းကြပါလို ့တိုက်တွန်းချင်ပါတယ်။

  • zawthulay

    August 1, 2011 at 2:06 pm

    အလကားပါဗျာ..အစိုးရသစ်လဲ ဒီပုတ်ထဲကဒီပဲဘဲ အထက်ကပြောချင်တာပြောသွား.. အောက်ကလုပ်ချင်တာလုပ်တွေချည်းပါဘဲ ဒီလိုပုံစံနဲ့ဆို နောင်နှစ်ပေါင်းကြာလည်း ဒီပုံစံပဲဖြစ်မှာပါဘဲ

  • zawminoo

    August 15, 2011 at 11:37 pm

    ဒီအကြောင်းက စိတ်ဝင်စားစရာကောင်းတယ်….ကြာတော့ ကြာပြီ….ကျွန်တော်လည်း မွတ်စလင်ဘာသာဝင် တစ်ဦးပါ…
    ဒီသတင်းဖော်ပြပြီး ရက်အနည်းငယ်အကြာမှာ လူတစ်စုက ညအချိန်မတော်ကြီး လ.ဝ.က ဦးစီးမှုးအိမ် သွားပြီး ခဲတွေ ၊ တုတ်တွေနဲ့ ပေါက်တယ်….သံတွဲ မြို့သူ ၊ မြို့သားတွေလည်းသိကြပါတယ်….ဘယ်သူတွေဆိုတာ…..ကျွန်တော်အထင်တော့ ဒါဟာ တရားနည်းလမ်းကျတဲ့ ဖြေရှင်းမှု တစ်ခု မဟုတ်ပါဘူး…..ဒီလိုလုပ်လိုက်တဲ့ အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်လာတယ်..ဒါတွေကတော့ အခု ကျွန်တော်တို့ ခရီးသွားလာရေးပိုမို တင်းကျပ်လာတယ်……ယခင်ကဆို လ.ဝ.က ဦးစီးမှူးလက်မှတ်တစ်ခုတည်း ဖြင့် ခရီးသွားခွင့်ရှိတယ်…..ယခုဆိုလျှင် အထက်အထက် လူကြီးများ၏ လက်မှတ်များကိုပါ စောင့်နေရသည့်အတွက် အချိန်ပိုမို ကြာမြင့်ပါတယ်……ကျွန်တော်တို့ အနေနဲ့ တစ်ခုခုကို ပြောင်းလဲဖို့ ကြိုးစားတဲ့ နေရာမှာ ဖုတ်ပူမီးတိုက် မဆုံးဖြတ်မလုပ်ကိုင်သင့်ပါဘူး….သတင်းရေးသားသူအနေနဲ့လည်း ကိုယ့်သတင်းအပေါ်မှ မည်သည့် အကျိုးဆက်ဖြစ်လာနိုင်တယ်ဆိုတာကို တွေးခေါ်စဉ်းစားရေးသားသင့်ပါတယ်……

  • မီးမီး သော်

    August 15, 2011 at 11:48 pm

    ကိုဇော်မင်းဦး ရေ အသေအချာစဉ်းစားပြီးမှဝေဖန်ပါဦး။ဒီသတင်းရေးတာနဲ ့ဘဲ အိမ်ခဲနဲ ့ပေါက်တာ မဆိုင်ဘးးနဲ ့တူပါတယ်။စာရေးသူ ကတရားခံလား၊ခဲနဲ ့ပေါက်သူကတရားခံလား။သတင်း တို ့မည်သည် အမှားကို အမှန်လုပ်မတင်သရွေ ့သတင်းဟာသတင်းပါဘဲ အတင်းမဖြစ်လောက်ပါဘူး။ခရီးသွားလာ ခွင့်လဲ ခုဆို အားလုံးအဆင်ပြေသွားပီ လို ့ဖတ်လိုက်ရပါတယ်။အဲဒါ မဟုတ်ဘူးလား။အတင်းများလား။

  • Gipsy

    August 16, 2011 at 12:07 am

    အရာရာအားလုံးဟာ…ထိုင်စောင့်နေလို့က ဖြစ်မလာဘူးဗျ…ဖိုးလမင်းကြီးဆီက ထမင်းဆီဆမ်းတဲ့ရွှေ
    လင်ပန်း ပေးပါလို့ဆုတောင်းပါ… ဖြစ်ချင်ဖြစ်လာလိမ့်မယ်…
    ကိုဇော်မင်းဦးရေ… နောက်များ လိုအပ်တာလေးတွေ ကြုံကြိုက်ခဲ့ရင်ပေါ့…ဟိုလိုမလုပ်ပါနဲ့…ဒီလိုလုပ်ပါ
    လို့် စာရေးသူကို အကြံလေးများပေးသနားလိုက်ပါဗျာ…

  • i love this

    August 16, 2011 at 12:15 am

    ကိုဇော်မင်းဦး ရေ
    ခုမှ အိပ်မက်က လန့်နိုးလာပါသလား ၊ ဘယ်နားသွားအိပ်ပျော်နေတာလဲ၊ ခုမှ ဝင်လာတာ ဒါပြောချင်လို့
    လား၊ နောက်ကျသွားပါပြီ၊ လွန်သွားပါပြီ၊ အထက်လူကြီးလက်မှတ်ကိုစောင့်ပေါ့၊
    လူ့အလိုကို နတ် တွေတောင် မလိုုက်နိုင်ဘူးတဲ့၊ အေးအေးဆေးဆေး ဆက်သာအိပ်နေပါတော့။

Leave a Reply