မြန်မာလူငယ်များ သေချာမှု ပျောက်ဆုံးနေခဲ့ပြီ

khunmyomyatApril 28, 20101min1398

လူငယ်သည် တိုင်းပြည်၏ အနာဂတ် ဖြစ်သည်။ “ ယနေ့လူငယ်…နောင်ဝယ် လူကြီး ” ဆိုသည့် မြန်မာ စကားပုံ ရှိသော်လည်း အသက်ကြီး၍သာ လူကြီး ဖြစ်သွားပြီး ပညာရင့်ကျက်ခြင်း ၊ စိတ်ထားပြည့်ဝခြင်း အစရှိသည့် အချက်အလက်များဖြင့် ပြည့်စုံလုံလောက်ခဲ့ခြင်း မရှိခဲ့ကြပါ။

တိုင်းပြည်၏ အနာဂတ်သည် လူငယ်များ၏ လက်ထဲတွင် မှီခိုနေသည်ဟု လူကြီးများက မည်သို့ပင် ပညာပေး ဆုံးမစေကာမှု..ကျွန်တော်တို့ မြန်မာလူငယ်များသည် အပျော်အပါးမပျက် ၊ အသောက်အစားမပျက် ရှိမြဲအတိုင်းသာ ရှိနေကြသည်။ မည်သူ့တွင် တာဝန်ရှိသနည်း။ အားလုံးတွင် တာဝန်ရှိပါသည်။ ၁ဝ တန်းအောင် ကျောင်းသား တစ်ယောက်အတွက် ကျောင်းများတက်ရောက်ရန် အခွင့်အလမ်း ရှိသော်လည်း ဘွဲ့ရ တစ်ယောက်အတွက်မှု အလုပ်အကိုင် ရရှိနိင်ရန် မြန်မာနိင်ငံ အနေဖြင့် ၁ဝ စုနှစ်ကျော်စွာ ရှားပါးနေခဲ့ပြီ ဖြစ်သည်။

ရှိနေသော အသက်အရွယ်နှင့် ရထားသော ဘွဲ့ပညာတို့သည် အမှန်တကယ် တက်မြောက်ပါရဲ့လား ၊ ထို ဘွဲ့ပညာ တို့အား အသုံးချရန် နေရာဌာန ရှိပါသလား ၊ ၎င်းဌာနတွင် တက်မြောက်ထားသည့် ပညာဖြင့် လုပ်ကိုင်၍ ရရှိလာသော ခံစားမှုသည် ထိုက်တန်ပါရဲ့လား ဟု ဆိုလျှင် ….အဖြေသည် “ နိး ” တခုထဲသာ ရှိနေပေသည်။ ထိုအခါ မရေရာ မသေချာမှု ဖြစ်နေသော အခြေအနေတွင် လူငယ်များ ကြိုးစားလိုသည့် စိတ်များ ကုန်ဆုံးနေခဲ့ကြပါသည်။ အခြေအနေအရ ၊ မိဘဆန္ဒအရ လိုက်ပါလုပ်ဆောင်နေရသော်လည်း အားကျိုးမာန်တက် ဆောင်ရွက်ခြင်း မရှိကြတော့ပါ။ တိုင်းပြည်၏ အဘက်ဘက်မှ အလုပ်အကိုင်ရှားပါးမှု ၊ စီးပွားရေး ကျပ်တည်းမှု ၊ ပြည်တွင်းသောင်းကျန်းမှု များဖြင့် အလုံးစုံ ရောပြွန်းနေသော ခေတ်ကြီးတွင် လူငယ်များ အလေအလွင့် များနေကြပါသည်။ အနာဂတ်အတွက် ရည်ရွယ်၍ လမ်းလျှောက်သူသည် အလေအလွင့် လူငယ်များထက် အဆမတန် နည်းပါးနေကြသည်ကို စိတ်မကောင်းစွာ တွေ့မြင်နေရပါတော့သည်။

ရွှင်လန်းချမ်းမြေ့ပါစေ

Zခွန်မျိုးမြတ်

8 comments

  • susunosuki

    April 28, 2010 at 3:29 pm

    သေချာမှု့ပျောက်တာဟုတ်တယ်
    ဒါပေမယ့်ပြင်ပေးရင်ရတယ်
    ရောမမြို့ကြီးတောင် တစ်ရက်တည်း တည်ဆောက်ခဲ့တာမဟုတ်ဘူးလေ

  • kopauk mandalay

    April 28, 2010 at 3:51 pm

    ခွန်ရေ
    ဖွံ.ဖြိုးဆဲနိုင်ငံတိုင်းမှာ ကြုံနေကြပါ။
    ဘွဲ.ရတာနဲ.အလုပ်အကိုင်တစ်နေရာရတာကို ခွဲထားနိုင်မှအဆင်ပြေမယ် စိတ်သက်သာရာ ရပါမယ်။
    ကျနော်တို.က ဘွဲ.ရတယ် တကယ်မတတ်ဘူး အလုပ်လဲမရဘူးဆိုတာကိုစိတ်နာနေမယ်ဆိုရင်ကို်ယ်ဘဲနစ်နာပါတယ်။
    တန်တာမတန်တာ အပထားရသောအလုပ်တစ်ခုကိုဝင်လုပ်မယ်ဆိုရင် အတွေ.အကြုံကောင်းတွေရနိုင်ပါတယ်။
    လောက မှာ အတတ်ပညာနဲ.လုပ်စားနိုင်ရင်ဖြစ်ဖြစ် ကိုယ်ဝါသနာနဲ. ထမင်းရှာစားတဲ.အလုပ်ထပ်တူကြရင်အကောင်းဆုံးပေါ.။
    ကျနော်.အမြင်ကတော. ခေတ်ကို အပြစ်တင်နေမယ်.အစား စိတ်ညစ်နေမယ်.အစား လုပ်နိုင်တာလေးကိုဘဲအကောင်းဆုံးဖြစ်အောင်လုပ်ကြည်.စေချင်ပါတယ်နော်။

  • M. Nyunt

    April 28, 2010 at 5:45 pm

    ပိတ်ဆို့ခံထားလို့ဖြစ်မှန်းသိရင် အဲဒါကိုအရင်ဖောက်ထွက်သင့်တယ်။
    လုငယ်တွေဟာ ခေတ်နဲ့စံနစ်ကိုလည်း ပြင်ပေးနိုင်ပါတယ်။
    တည့်တည့်ပြောရရင် လူငယ်တွေပြင်ပေးမှပဲ မြန်မာပြည်အနာဂတ်ကောင်းစားမှာဖြစ်ပါတယ်

  • etone

    April 29, 2010 at 4:35 am

    မြန်မာလူငယ်တိုင်းသေချာမှုပျောက်ဆုံးနေတာတော့မဟုတ်ပါဘူး ။
    တချို့ကလည်း ကိုယ်လျှောက်မဲ့လမ်းအပေါ်ရွေးချယ်ခွင့်မရှိတာလည်းရှိတယ် ။ အခြေနေမပေးတာလည်းရှိတယ် ။ ဖြစ်ချင်တာမဖြစ်ရတဲ့ဘဝမှာ ဖြစ်သလိုပဲနေကြရင်းကနေ ပေတေလေလွင့်တဲ့လူများလာတာပါ ။

  • jjlay

    July 26, 2010 at 5:26 am

    It is not our fault…………..
    Because of stupid guys who treated us like prisoners.
    I am the student of University of Computer Studies Yangon, huh , that university is pretty like as the Insein Jail, if you don’t believe , come and see it , Always Welcome.

  • jjlay

    July 26, 2010 at 5:37 am

    The man who is good , that depends on him.
    The man who is bad , that depends on him.
    The followers are bad , that depend on leader.
    The leader is bad , that effects on the followers.

  • မန်း ရိပ်

    August 20, 2010 at 1:25 pm

    အကုန်လုံးပျောက်ဆုံးနေတာမဟုတ်ပါဘူးဗျာ
    ကိုယ်ကိုတိုင်က ပျောက်ဆုံးမယ်လမ်းတွေလျောက်နေကြတာ
    တချို့လဲ ဒီလိုအခြေအနေကနေ အောင်မြင်နေကြတာပဲ
    ဖွံ့ဖြိုးပြီးနိုင်ငံတွေလိုတော့ ဘယ်အခွင့်အရေးရှိမလဲ
    တနေ့ပေါဗျာ…………

  • fatty poak

    October 16, 2010 at 6:55 pm

    အဓိကကတော့….ပတ်ဝန်းကျင်ပေါ်မှာမူတည်တာပါပဲဗျာ……..ဒီကျောင်းသားတွေပဲ…..စကာင်္ပူမှာဆိုရင်….တိကျသေချာ….ထူးချွန်ထက်မြက်တဲ့…ကျောင်းသားတွေအဖြစ်ကို….ရောက်ကြမှာပါပဲ…..။

Leave a Reply