လနဲ့ တူတဲ့ လူ

ဆူးApril 16, 20111min866

လနဲ့ တူတဲ့လူ

ပင်ကိုကပင် ကြည်လင်အေးမြ

ဖြူဖွေးလှတဲ့ မေတ္တာ

အမုန်းမပါ ချစ်တာမရှိ

အပြစ်အနာ မကြည့်တဲ့ ကရုဏာ

မုဒိတာ အပြုံး

ဥပေက္ခာ နှလုံးသားနဲ့

အဆုံးမထားတဲ့ ခရီးစဉ်

တလူလူလွှင့်တင်

အပူနှင်လို့ အမှောင်ဖျက်

အလင်းပေးလျက် ငြိမ်းချမ်းစေ

မြင်သူတွေ ချစ်မြတ်နိုး

အဲဒါ လနဲ့တူတဲ့ လူမျိုး။

 

ဗုဒ္ဓေါရသ (မှော်ဘီ)

6 comments

  • thethtet87

    April 16, 2011 at 2:13 pm

    လနဲ့တူတဲလူမျိုးတစ်ယောက်အဖြစ်ဆူးဘဝတစ်လျှောက်မှာအမြဲဖြတ်သန်းနိုင်ပါစေလို့နှစ်သစ်မှာဆုတောင်းပေးလိုက်ပါတယ်။

  • MaMa

    April 18, 2011 at 4:56 am

    ပုံလေးကိုလည်း ကြိုက်တယ်။ ကဗျာလေးကိုလည်း ကြိုက်တယ်။ မြတ်စွာဘုရား လက်ထက် ရှင်မဟာကသပ (သကြီး မရေးတတ်လို့) ကို လမင်းအဖြစ်တင်စားတယ်။ အဝေးကနေပြီး အေးမြမှုကို ပေးနိုင်လို့တဲ့လေ။ စာတင်သူလည်း လမင်းလို အေးမြနိုင်ပါစေနော်။

  • manawphyulay

    April 18, 2011 at 6:06 am

    လမင်းလို အပူအပင်ကင်းမဲ့ပါစေနော်……… 🙂

  • Yin Nyine Nway

    April 18, 2011 at 10:59 am

    လနဲ့တူတာတော့ မျက်နှာမှာ ဝက်ခြံများနေတာပဲနေမှာ ဟီး 🙂

  • nature

    April 18, 2011 at 2:57 pm

    ခုခေတ်မှာမသိုးထမင်းမသိုးဟင်း နဲ့လိုက်ရှာရင်တောင်တွေ့ပါ့မလားမသိဘူး။

  • ဆူး

    April 19, 2011 at 5:36 am

    ထိုကဲသို့သော လူများ လူတွေနဲ့ ဝေးရာ အရပ်မှာဘဲ တပါးတည်း နေမယ်ထင်ပါတယ်။

Leave a Reply