CDMA 450-MHz ဖုန်းလိုင်းကျပ်မှုများကြုံတွေ့နေရ

royalstarApril 17, 20111min1021

ကမ်းရိုးတန်း CDMA 450 MHz ဖုန်း အမျိုးအစား များကို အလုံးရေ ငါးသိန်းခန့် အထိ ချထား ပေးမည်ဖြစ် ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သတင်းအ ချက် အလက်နှင့် နည်းပညာ ဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“လျှောက်ထားလိုတဲ့ အရေအတွက်ပေါ် မူတည် ပြီး ချထား ပေးနေတယ်။ အလုံးရေ ငါးသိန်း လောက် အထိ ချထား ပေးပါမယ်။ ပြည်နယ် နဲ့ တိုင်း ဒေသကြီး နေရာ တော်တော် များများမှာ ချထား ပေးပါမယ်” ဟု ဆိုသည်။ ထို့ပြင် လက်ရှိ အချိန်အထိ အဆိုပါ ဖုန်းကို အလုံးရေ တစ်သိန်းခွဲကျော် အထိ ချထား ပေးပြီးဖြစ် ကြောင်း၊ CDMA 450 MHz ဖုန်း အမျိုးအစား မှာ မြန်မာ ပြည် အတွင်း၌ အကျယ်ပြန့် ဆုံး network ဖြစ်လာဦး မည်ဖြစ်ကြောင်း၊ ယခင်က အဆိုပါ ဖုန်းများကို နေပြည် တော် တွင်လျှောက် ထား၍ တစ်နိုင်ငံလုံး တွင် သယ်ယူ အသုံးပြု နိုင်သော်လည်း ယခုအခါ အခြား ဒေသ များတွင် လျှောက်ထားခြင်း ဖြင့်လည်း နယ်မြေ ကန့်သတ်ချက် ကျော်လွန်၍ သယ်ဆောင် အသုံးပြုနိုင်ရန် လိုင်းဖွင့် ပေး ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်း ဒေသကြီး ပြည်မြို့ အတွင်း ကျပ်ငါးသိန်းတန် CDMA 450 MHz မိုဘိုင်းဖုန်းများ အသုံးပြုပါက တာဝါတိုင်ငယ် ထောင်ကာ အသုံးပြုမှ လိုင်းဆွဲအား ပိုမိုကောင်းမွန်မည် ဖြစ်ကြောင်း မိုဘိုင်းဖုန်းဆိုင်ရာ ပညာရှင်များက ၄-၁-၂၀၁၁ ရက်တွင်ပြောသည်။ထိုသို့ အသုံးပြုရာတွင် လိုင်းကျပ်မှု ပြဿနာ လိုင်းကျပ်မှု ပြဿနာ အနည်းငယ်ရှိလာ၍ တာဝါတိုင်ငယ်ထောင်ကာ အသုံးပြုပါက လိုင်းအား ပိုကောင်းလာမည် ဖြစ်ကြောင်း သိရသည်။

တစ် နိုင်ငံ လုံး အတိုင်း အတာ ဖြင့် သုံးစွဲ လျက်ရှ CDMA 450 MHz ဟန်းဆက် များမှာ ပြည်မြို့ တွင်း၌ သုံးစွဲ ရာတွင် လိုင်းကျပ် မှုများ ကြုံတွေ့ နေရ ကြောင်း အဆို ပါဖုန်း အသုံးပြု နေသူများ ထံမှ သိရ သည်။ “အခုတလော ပြည်မြို့မှာ CDMA 450 MHZ ဟန်းဆက် တွေ ဖုန်းခေါ်လိုက်ရင် ဆက်သွယ်မှု ဧရိယာပြင်ပရောက်နေတာတွေများပါ တယ်။  ပြည်မှာတော့ ဖုန်းလိုင်း တော်တော်ကျပ်ပါတယ်”ဟု CDMA 450 MHz ဖုန်းကိုင်ဆောင်သူတစ်ဦးကပြောသည်။ ယခု ကဲ့သို CDMA 450 MHz ဖုန်းလိုင်းကျပ်ခြင်းမှာ ယင်းဖုန်း များ ယခင်ကထက်လိုင်းများလာခြင်း နှင့် ဖုန်းလိုင်းများ၏ Frequency မှာ အဆောက်အအုံများကို ထိုးဖောက် နိုင်မှုမရှိခြင်းကြောင့် ယခု ကဲ့သို ့ ဖြစ် ပေါ်နေခြင်းဖြစ်ကြောင်း ၎င်းကပြော သည်။

လိုင်းကျပ်တဲ့ အချိန်များကတော့ မနက် 8း00 မှ မနက် 10း00 လောက် နှင့် ညပိုင်း 7း00 အချိန်များမှာလိုင်းအကျပ်ဆုံးဖြစ်တယ် ဟု ပြည်မြို့ တွင်း အဆို ပါဖုန်း အသုံးပြု နေသူများ ထံမှ သိရ သည်။အဓိက,ကတော့ ဒီမှာကဖုန်း သုံးစွဲသူဦးရေများလာလို ့ ဖြစ်မှာပါ” ၎င်းကပြောသည်။ အဆိုပါ CDMA 450 MHZ ဖုန်းများကို ၂၀၁ဝ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ ့မှ စပြီး မြန်မာတစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် အသုံးပြုခွင့် ရခဲ့ခြင်းဖြစ်ပြီး CDMA 450 MHZ စနစ်အတွက် ရေဒီယိုစခန်း (၁၅)ခု နှင့် ဖုန်း အလုံး ရေ (၅၄၅၆၅၀)ကျော် ချထား ပေးပြီး ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း၏ တရားဝင်ထုတ် ပြန်ချက်များအရသိရသည်။

One comment

  • parlayar46

    April 17, 2011 at 5:11 pm

    ဖုံးကလေး အဆင်ပြေပြေပြောရဘို့လောက်ကို တမျိုးမဟုတ်တမျိုး ပြဿနာဖြစ်နေတာ တာဝန်ရှိသူတွေအနေနဲ့ သူများနိုင်ငံတွေကိုကြည့်ပြီး ရှက်တတ်ဘို့ကောင်းတယ်။

Leave a Reply