ကိုးကွယ်ခြင်းနှင့် ဘာသာတရား (၂) ။ (Religion and Buddhism)

BayoteApril 29, 20101min1464

ဒီနေ့ ကမ္ဘာတွင် အလွန် ထင်ရှားသော ကိုးကွယ်ရာ ဘာသာကြီး လေးခုဖြစ်သော (၁) ဟိန္ဒူ ဘာသာ (၂) ဗုဒ္ဓ ဘာသာ (၃) ခရစ်ယန် ဘာသာ(၄) အစ္စလမ် ဘာသာ တို့အနက် ဘာသာတရား အားလုံးလိုလို သည် အရှေ့တိုင်း မှာပဲ ပေါ်ပေါက် ခဲ့ကြပါသည်။ အနောက် တိုင်းတွင် ဘယ်သာသာ မှ စတင်မမွေး ဖွားခဲ့ပါဘူး။
၁။ Hinduism actually has no single founder.

ဟိန္ဒူဘာသာကို-တည်ထောင်သူနှင့် တည်ထောင်သည့် သက္ကရာဇ် ဖွေရှာလို့ မရနိုင်ခဲ့ပါ။ အလွန်စော လွန်း သောကြောင့် ဖြစ်ပါသည်။ ထိုဝါဒကို တည်ထောင်တဲ့ တည်ထောင်သူ ရယ်လို့ သီးသန့် မရှိခြင်းကြောင့် သက္ကရာဇ် မဖော်ထုတ် နိုင်ခြင်း ဖြစ်ပါသည်။ တည်ထောင်တဲ့ ပုဂ္ဂိုလ်ရှိရင် တည်ထောင် သူရဲ့ သက္ကရာဇ်ကို ကြိုးစား ရှာလို့ သိနိုင်ပါတယ်။ ထို့ကြောင့် ဗုဒ္ဓဝါဒသည် ဟိန္ဒူဝါဒ ၏ နောက် ဘယ်လောက် ကြာတယ်ဆိုတာ ပြောလိုမဖြစ်တော့ ပါဘူး၊ ဟိန္ဒူဝါဒရဲ့ သက္ကရာဇ် မရှိခြင်းကြောင့် ဖြစ် ပါတယ်။
၂။ The founder of Buddhism Siddhartha Gautama was born in Lumbini.

ဗုဒ္ဓ ဘာသာ- တည်ထောင်သူမှာ သိဒ္ဓတ္ထ၊ ဂေါတမ ဖြစ်ပြီး ခရစ်တော်၏ရှေ့ (Before Christ, BC -၆၂၃ခုနှစ်) စော၍ ပေါ်ပေါက် ခဲ့ပါသည်။ မြတ်ဗုဒ္ဓကို မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့်နေ့ သောကြာနေ့တွင် အိနိ္ဒယနိုင်ငံ လုမ္ဗိနီ၌ မွေးဖွားခဲ့ပါသည်။
၃။ The founder of Christianity Jesus Christ, was born in Jerusalem.

ခရစ်ယန် ဘာသာ-တည်ထောင်သူမှာ ဂျီးဆက်ခရိုက် ဖြစ်ပြီး- မြတ်ဗုဒ္ဓ၏နောက် ၆၂၃ခုနှစ် နောက်ကျ ပေါ်ပေါက်ပြီး၊ ယေရူခရစ်ကို ဂျေရူစလင်မှာ မွေးဖွားခဲ့ပါသည်။
၄။ The founder of Islamism, Muhammad was born in Mecca, Saudi Arabia.

အစ္စလာမ် ဘာသာ-တည်ထောင်သူမှာ မိုဟာမက် ဖြစ်ပြီး ဗုဒ္ဓ၏နောက် ၁၁၉၄ခုနှစ် နောက်ကျပေါ်ပေါက်၊ ခဲ့ပါသည်။ ခရစ်တော် ကွယ်ပြီးနောက် အေဒီ ၅၇၁တွင် မိုဟာမက်ကို မက်ကာမှာ မွေးဖွားခဲ့ပါသည်။

မြတ်ဗုဒ္ဓ ပွင့်တော်မမူ သေးမှီက လူတို့သည် ဘေးအန္တာရယ် အမျိုးမျိုးတို့ဖြင့် ခြောက်လှန့်ခံရ သောကြောင့် ကိုးကွယ်ရာ အမျိုးမျိုးကို ရှာဖွေခဲ့ ကြပါသည်။ ကိုးကွယ်ကြရာတွင် တစ်ချို့က တော၊ တောင်၊ ရေ၊ မြေ၊ နေ၊ လ၊ နက္ခတ်၊ တာရာ၊ သစ်ပင်၊ ဥယျာဉ် ၊စေတီ စသည် တို့ကိုို ကိုးကွယ်ခဲ့ ကြပါသည်။ (စေတီ ဆိုသည်မှာ မြတ်ဗုဒ္ဓ မပွင့်မှီက အိနိ္ဒယနိုင်ငံ ဝေသာလီပြည်တွင် နတ်ဘီလူးများ ၏ နတ်ကွန်းများကို စေတီ လို့ခေါ်ဝေါသမုတ် ခဲ့ကြပါသည်။)

အမှန်စစ်စစ် စေတီဆိုသည်မှာ မြတ်ဗုဒ္ဓ ပေါ်မှသာ ပေါ်ရတာမျိုး ဖြစ်ပါတယ်။ ဗုဒ္ဓမပေါ်ခင် စေတီမရှိနိုင် ပါဘူး။ ဗုဒ္ဓဘာသာဝင် အများ သိထားတဲ့ ဓာတုစေတီ၊ ဓမ္မစေတီ၊ ပရိဘောဂစေတီ၊ ဥဒ္ဒိဿစေတီ၊ ဆိုသည်မှာ မြတ်ဗုဒ္ဓ ပေါ်သော အခါမှ ပေါ်ကြရမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်

ဓာတုစေတီ ဆိုသည်မှာ မြတ်ဗုဒ္ဓ၏ ရုပ်ပိုင်းက ဖြစ်သော ဓတ်တော်၊ အသွေးအသား၊ ဆံတော်၊ မွေးညှင်းတော် စသည်တို ့ဖြစ်ပါသည်။

ဓမ္မစေတီ ဆိုသည်မှာ မြတ်ဗုဒ္ဓ၏ ဥဏ်တော်က ဖြစ်သော ဓမ္မခန္ဓာ ပိဋိကတ် သုံးပုံ တရားတော် စသည်တို့ ဖြစ်ပါသည် ။

ပရိဘောဂ စေတီ ဆိုသည်မှာ မြတ်ဗုဒ္ဓ၏ အသုံးအဆောင် သပိတ်၊ သင်္ကန်း၊ ဇေတဝန်ကျောင်း၊ ဗောဓိပင် စသည်တို့ ဖြစ်ကြပါသည်။

ဥဒိဿစေတီ ဆိုသည်မှာ မြတ်ဗုဒ္ဓ၏ ကိုယ်စား ၊ ဗုဒ္ဓကို ရည်ညွန်းပြီး ပုံတူထုထားတဲ့ ရုပ်တုတော် ၊ ဆင်းတုတော် စသည် တို့ဖြစ်ပါသည်။

ဘုရား ပရိနိဗ္ဗန် မစံသေးပဲနဲ့ ဓာတုစေတီမရှိနိုင်ပါ။ မြတ်ဗုဒ္ဓ တရားတလုံးမှ မဟောသေးပဲနဲ့ ဓမ္မစေတီ မရှိနိုင်ပါဘူး၊ ဗုဒ္ဓရဲ့ဗောဓိပင် မပေါက်သေးသမျှ ကာလပတ်လုံး ပရိဘောဂစေတီ မရှိနိုင်ပါဘူး။ ရုပ်တုဆင်းတု မပေါ်သေးသမျှ ဥဒိဿစေတီ မပေါ်ပေါက်နိုင်ပါဘူး။

အိန္ဒယနိုင်ငံမှာရှိတဲ့ စေတီများကို မြတ်ဗုဒ္ဓပွင့်ပြီး သောအခါတွင ်မြတ်ဗုဒ္ဓ၏ စေတီ (၄) ဆူနဲ့ခွဲခြား၍ မြတ်စွာ ဘုရားက အထက်ပါ အတိုင်းခွဲခြား သိစေရန် ဟောကြား တော်မူခဲ့ပါသည်။ အိနိ္ဒယ ပြည်ကြီး၏ သမိုင်းကို လေ့လာကြည့်ပါက အိန္ဒုမြစ်ဝှမ်းကနေ အိနိ္ဒယ ယဉ်ကျေးမူ့ စတင်တယ်ဆိုတာ တွေ့ရပါသည်။ အိန္ဒူ မြစ်ဝှမ်းက အာရိယန် လူမျိုးတွေရဲ့ အကြောင်းကို သမိုင်းမှာ ရှာလျှင် တွေ့နိုင်ပါတယ်။ အရိယန် ကနေအရိယာ၊ အာရိယန် ဆိုတဲ့ပုဒ်ကို မြန်မာသံ ပီပီသသ ပါဠိလို အသံထွက်လျင် အရိယာ ဆိုတဲ့ပုဒ်က အရိယန် ဖြစ်ပါတယ် ။ အဲဒီ အရိယန်ကနေ နောက်ပိုင်း နှစ်ပေါင်းများစွာ ကြာလာသောအခါ တဖြည်းဖြည်း ပြောင်းလဲ လာပြီးနောက် (Asian) ဖြစ်သွား ပုံရပါတယ်လို့ တွေးနိုင်ပါတယ်။

အာရှ(Asian ) တိုက်ကြီး တစ်ခုလုံးရဲ့ အဆက်အနွယ် တွေဟာ အရိယန် လူမျိုးတွေရဲ့ အဆက်အနွယ် ဖြစ်နိုင်တယ်လို့ ယူဆ နိုင်ပါတယ်။ အရိယာ ဆိုတဲ့စကားလုံးသည် လူမြတ် လို့အဓိပ္ပါယ် ရပါတယ်။ မြတ်သော လူမျိုးတို့၏ အဆက်အနွယ်ဟာ အာရှ(Asian) တိုက်သား တွေပဲလို့ ဒီလို တွေးခေါ်ယူဆ လို့ရနိုင်ပါတယ်။ ဒီအယူအဆကို မကြိုက်လို့ငြင်းမယ် ဆိုလည်း ငြင်းခွင့်ရှိပါတယ်။ ပယ်မယ် ဆိုလည်း ပယ်နိုင် ခွင့်ရှိပါတယ်။

အိနိ္ဒယပြည်ရဲ့ အနောက်မြောက်မှာ သိန္ဒုမြစ် သို့မဟုတ် အိန္ဒုမြစ်ကို ဗဟိုထားပြီး မြစ်ကြီး ငါးဆင်းနဲ့ အလွန် စိမ်းလမ်း လှပဆိုပြေ နေသော အရပ်ကို (Punjab) ပန်ကျ လို့ခေါ်ပါတယ်။ (Punjab means “land of five rivers”.) အဲဒါကို ကုလားတွေ ဖတ်တော့ ပန်ချပလို့ ပြောကြပြီး (Punjabi) လူမျိုးစုတွေ၏ ယဉ်ကျေးမူ့ ထွန်းကာရာ အရပ်ဖြစ်ပါတယ်။ မြန်မာတွေရဲ့ စကားသံကျတော့ ပန်ချာပီဆိုပြီး ဖြစ်လာ ပါတယ်။ အဲဒီအရပ်မှာ ရှိတဲ့ အိန္ဒူမြစ်ဝှမ်းက လူတွေ တွေးတွေးပြီးတော့ ပေါ်လာတဲ့ ဘာသာဟာ အိန္ဒူဘာသာ လို့ခေါ်ရင်းနဲ့ လိူက်လိူက် လှဲလှဲ ချက်ကနေ ထုတ်ယူလိုက်တဲ့ အသံကနေ ဟိန္ဒူလို့ ဖြစ်ပေါ် လာပုံရပါတယ်။ အဲဒီ အိန္ဒူမြစ်ဝှမ်းမှာ ကော်ကေးရှပ်တောင်တန်း ကြီး တစ်ဝိုက်က အာရိယန် လူမျိုးတွေ ဆင်းလာပြီး အခြေချပြီးတော့ တွေးတောခဲ့ကြပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသဆိုတော့ အလွန် လှပ စိမ်းဆိုနေပြီး မြေကလည်း ကောင်းတယ်။ ရေလျှံတဲ့ အတွက်ကြောင့် မြေလည်း ကောင်းတယ်။ စိုက်လို့ပျိုးလို့ ကောင်းတဲ့အတွက် သီးနှံတွေလည်း ဖြစ်ထွန်းတဲ့အရပ် ဖြစ်ပါတယ်။

ဒီလောက် လှပတဲ့ကမာ္ဘမြေကို ဘယ်သူဖန်ဆင်းသလဲလို့ လူတွေတွေးကြတယ်။ အဲဒီအတွေးထဲမှာ ဖန်ဆင်းရှင်ကို ဖော်ထုတ်ရင်းနဲ့ ကမာ္ဘဦးအစ အမြတ်ဆုံးဖြစ်တဲ့ နတ်မင်း ကြီးသုံး ယောက်ဖြစ်တဲ့ Brahma, Vishnu and Shiva ဟာ သူတို့ရဲ့ ရတနာသုံးပါးလို့ ခေါ်ကြပါတယ်။ မြန်မာ လိုကတော့ ဗြဟ္မာ ၊ ဗိဿနိုး၊ သျှီဝ ဆိုပြီး အသံထွက်ပါတယ်။ သူတို့ကိုဘာကြောင့် ရတနာသုံးပါးလို့ ခေါ် လဲဆိုလျှင် ဗြဟ္မာ ကို ဖန်ဆင်းသူ(creator) ကမာ္ဘ လောကကြီးကို အစိုးရသူ၊ ပြုလုပ်သူ၊ လို့ယုံကြည်ကြတယ်။ ထို ယုံကြည်ခြင်းမျိုး ကို Believe in God or Supernatural Rolling power ( Religion) လို့ခေါ်ပါတယ်။

ကမာ္ဘကြီးရဲ့ အစ ဗြဟ္မာက ဆိုတဲ့ ဗြဟ္မဏဝါဒ သည် ဟိန္ဒူလူမျိုးတို့၏ ဝါဒ ဖြစ်ပြီးတော့ Brahma is a creator ဆိုပြီးပေါ်လာပါတယ်။
နောက် ဒီလောက်လှပတဲ့ ကမာ္ဘကို ဘယ်သူ ထိန်းသိမ်း စောင့်ရှောက်ကြမလဲ လို့တွေးရင်းနဲ့ ဗိဿနိုး၊ ကိုသွားတွေ့ တယ်။ Vishnu is a Maintainer ဆိုပြီးပေါ်လာပြန်ပါတယ်။

နောက်တစ်ခါ တစ်လေကျတော့ ရေလျှံလို့ပျက်ကုန်ပြီ။ တစ်ခါတစ်လေကျတော့ မီးလောင်လို့ပျက်ကုန်ပြီ၊ မုန်တိုင်းတိုက်လို့ ပျက်ကုန်ပြီဆိုတော့ ကမာ္ဘမြေကြီးကို ဘယ်သူဖျက်စီးတာလဲ ဆိုတာကို ရှာဖွေကြပြန်တော့ သျှီဝ ကိုသွားတွေ့တယ်။ Shiva is a Destroyer ဆိုပြီး ပေါ်လာ ပြန်ပါတယ်။

ကမာ္ဘကို ဖန်ဆင်းတာ ဗြဟ္မာ၊ ထိန်းသိမ်း စောင့်ရှောက်တာက ဗိဿနိုး၊ ဖျက်စီးတာက သျှီဝဆိုပြီး
တြိမုနိ အာဒိဒေဝတ္တာ ဆိုပြီး ကိုးကွယ် လာကြပါတယ်။

မြတ်ဗုဒ္ဓ တရားတော်မှာ ကတော့ လူသားတွေရဲ့ ဘဝကို ဖန်တီးတာက (create) လုပ်တာက၊ အဝိဇ္ဇာ၊ တဏှာ၊ကံ။ လူ့ဘဝကို (Maintain) လုပ်တာက ကံ၊ စိတ်၊ ဥတု၊ အဟာရ၊ လူ့ဘဝ ဖျက်စီးတာ (destroyer) က လောဘ၊ ဒေါသ နဲ့မောဟ၊ ဓမ္မသက်သက်ပါ။ အဲဒါကတော့(Buddhism) ဗုဒ္ဓရဲ့ ဓမ္မပါ။

အိန္ဒု မြစ်ဝှမ်းက လူတွေရဲ့ အတွေးကတော့ လူ့အပြင်ဘက် ရောက်သွားပါတယ်။ အဲဒီ ဗြဟ္မာ ၊ ဗိဿနိုး၊ သျှီဝ အလွန် အရေးကြီး တဲ့တန်ခိုးရှင် သုံးယောက်ကို အတိုချုံးပြီးတော့ ရှိခိုးဘို့ အသုံးပြုဘို့ လုပ်တဲ့အခါ ကျတော့။
ဗုဒ္ဓ ဘာသာဝင်တွေက ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ ကို ဗုဓံဿ ဆိုတာမျိုး ၊ ဟိန္ဒူတွေ ကလည်း အတိုချုံး သတ်မှတ်လိုက် သောအခါ-
ဗြဟ္မာ ဖန်ဆင်းရှင်ရဲ့ ကိုယ်စား နေရာကို” အ “ အက္ခရာနဲ့သတ်မှတ်တယ်။
ဗိဿနိုး စောင့်ရှောင့် ထိန်းသိမ်းတဲ့ နေရာကို “ ဥ “ အက္ခရာနဲ့သတ်မှတ်တယ်။
သျှီဝ ဖျက်စီးတဲ့ နေရာမှာတော့ “ မ “အက္ခရာနဲ့ သတ်မှတ်တယ်။
အဲဒီ အဥမ သုံးခုပေါင်းရင် “ ဥုံမ် “ဆိုပြီး ဖြစ်လာပါတယ်။

“ဥုံ”သည် ဟိန္ဒူ ဘာသာဝင်တို့ယုံကြည် အားထားသည့် ဗြဟ္မာကြီးနှင့်၊ ဗိဿနိုး၊ သျှီဝ တို့ကိုကိုယ်စား ပြုကာ သုံးစွဲသည့် စကားလုံး ဖြစ်သည် ။ထိုဟိန္ဒူတို့ သုံးစွဲသည့် ဥုံဆိုသည့် စကားလုံးမျိုးကို ဥုံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ စသည် ရွက်ဆိုခြင်းကို မပြုသင့်ပါ။
စစ်မှန်သော ဗုဒ္ဓဘာသာ သူတော်ကောင်း တို့သည် မြတ်ဗုဒ္ဓရဲ့ အဆုံးအမများ ၊ဂါထာများ နှင့် မြတ်စွာဘုရား၏ ဂုဏ်တော်များ၏ ရှေ့တွင် ဥုံ ကို ထည့်သွင်း မရွတ်ဆိုသင့်ပါ။ မြတ်စွာဘုရားလည်း”ဥုံ “ကို အရှေ့က ထားပြီး ဟောကြားခဲ့သည့် တရား မရှိခဲ့ဘူးပါ။
ဥုံ ကို ရှေ့ကခံ၍ ထည့်သွင်း ရွတ်ဆိုခြင်းသည် ဟိန္ဒူက နတ်ဘုရားတွေကို ပဏာမ ရှိခိုးနေတာနဲ့ တူနေပါတယ်။
လူတိုင်း လူတိုင်း၊ ကိုးကွယ်တဲ့ ဘာသာတရားကိုတော့ ဘယ်ဘာသာ ကိုမဆို လွတ်လပ်စွာ ကိုးကွယ် နိုင်ပါတယ်။

သန့်ရှင်းသော ထေရဝါဒ ဗုဒ္ဓဘာသာကို တည်ဆောက်မယ် ဆိုရင် သန့်သန့်ရှင်းရှင်း ဗုဒ္ဓဘာသာ လေးတော့ ဖြစ်စေ ချင်ပါတယ်။
ထို့ကြောင့် ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့ သန့်ရှင်းသော ထေရဝါဒ ဗုဒ္ဓဘာသာ သူတော်ကောင်းများ ဖြစ်ကြပါစေရန် ရည်ရွယ်၍ ပူဇော် အပ်ပါသည်။

(ကျေးဇူးတော်ရှင် သီတဂူ ဆရာတော် ဘုရားကြီး၏ ဗုဒ္ဓဘာသာ အခြေခံတရားတော် များမှ သန့်ရှင်း သော ဗုဒ္ဓဘာသာဝင်များ ဖြစ်စေရန် ရည်ရွယ်၍ ထုတ်နုတ် ပူဇော်ပါသည်။)
ရေးသားပြုစုသူ – မေစိုး

4 comments

  • susunosuki

    April 29, 2010 at 6:42 am

    I got a lot of knowledge from your blog post.
    Thanks so much!!

  • nyiminsatt

    June 5, 2010 at 3:01 pm

    good tal byar, ku ma thi tal , religion a sa twe ko. Thank you so much.Now i know the starting of all religions. But, I am pure Buddhist. 🙂

  • Yin Nyine Nway

    July 27, 2010 at 9:05 am

    ကျေးဇူးပါ
    ဒီလို ရှင်းရှင်းလင်းလင်းသိရလို့

Leave a Reply