Shwedagon fullmoon night and New year Wishes

antimoeApril 18, 20111min1123

မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့တွင်း နံနက်စောစောကတည်းက သံဃာတော်များက ဘတ်စကားများဖြင့် လှည့်လည်၍ ပရိတ်နှင့် ပဌာန်းများ ရွတ်ဖတ်ပူဇော်ခဲ့ကြတာ တွေ့ရပါတယ်။

ဒီမှာဟိုမှာ အလှူတွေပေးနေကြတာ မြင်ရတာ အားရစရာပါပဲ။

ရွှေတိဂုံစေတီတော်ကြီးကို ညရှုခင်းမှာ ဖူးမျှော်ခဲ့ရတာပါ။ လပြည့်ဝန်းနဲ့ ပနံသင့်နေတာ ဖူးတွေ့ရတော့ အဝေးရောက် ရွာသားများကို သတိရပြီး မျှဝေလိုတာနဲ့ တင်ပေးလိုက်ပါတယ်။

နှစ်သစ်မှာ လူသားအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြပါစေ။

လူသားတွေ သဘာဝဘေးအန္တရာယ်ကြီးတွေနဲ့ကြုံခဲ့ရတာကို ပြန်လည်သုံးသပ် ဆင်ခြင်ကြပြီး နိုင်ငံရေးလှည့်ကွက်တွေနဲ့ ဒုက္ခရောက်စေနေခြင်းကို ရပ်တန်းကရပ်ကြစေလိုပါတယ်။

လူသားတွေကို လူ့ပယောဂနဲ့တော့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ မဖြစ်စေသင့်တော့ပါဘူး။

လူသားတွေ သဘာဝကြီးနဲ့ သဟဇာတဖြစ်ပြီး ငြိမ်းချမ်းကြပါစေ။

3 comments

  • ဆူး

    April 18, 2011 at 1:36 pm

    အန်တီ မိုး ဆုတောင်း သလိုပါဘဲ.. သတ္တဝါတွေအားလုံး အေးအေးချမ်းချမ်းနဲ့ အဆင်ပြေစေချင်ပါတယ်။ သဘာဝ ဘေးဆိုး ကပ်ဆိုးတွေနဲ့လည်း ကင်းဝေးစေချင်ပါတယ်။

    • antimoe

      April 18, 2011 at 4:12 pm

      ဓာတ်ပုံတင်ပေးတာကျေးဇူးပါ။

  • မမလေး

    April 25, 2011 at 12:40 pm

    ဒီနှစ်က တနင်္ဂနွေဆန်းလို့တော်သေးတယ်တဲ့ စနေဆန်းရင် မီးဘေးရှိတတ်တယ်လို့ ပြောသံကြားတယ် …

Leave a Reply