Road accidents during Khmer New Year

Zaw WonnaApril 18, 20111min1022
Photo: Reuters
ကမ္ဘောဒီးယား နိုင်ငံတွင် ပြီးခဲ့သော အပတ်က ဆင်နွှဲခဲ့ကြသည့် ခမာ နှစ်သစ်ကူးပွဲတော် ကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၅၈ ယောက် သေဆုံးခဲ့ကာ ၄၈၄ ယောက် ဒါဏ်ရာရရှိသွားကြောင်း သတင်းထုတ်ပြန်သည်။
ဧပြီလ ၁၃ ရက်မှ ၁ရ ရက်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၂၁၁ ခု ဖြစ်ပွားခဲ့ပြီး အရှိန်ပြင်းစွာ မောင်းနှင်ခြင်းကြောင့် ၃၃%၊ ပေါ့ဆမှုကြောင့် ၂၆%၊ အရက်သောက်ပြီး မောင်းနှင်ခြင်းကြောင့် ၂၀% နှင့် ကျန်အမှုများမှာ ယာဉ်စည်းကမ်း မလိုက်နာမှုကြောင့် ဖြစ်သည်။
ယမန်နှစ်က ခမာနှစ်သစ်ကူး ပွဲတော်ရက်အတွင်း လူပေါင်း ၄၉ ဦး သေဆုံးခဲ့ကာ ၅၃ဝ ဦးဒါဏ်ရာ ရရှိခဲ့ကြသည်။
ယာဉ်မတော်တဆမှုသည် ကမ္ဘောဒီးယားနိုင်ငံတွင် HIV/AIDS ပြီးနောက် ဒုတိယ အကြီးမားဆုံး အန္တရာယ်တစ်ခု ဖြစ်ပြီး ၂၀၁ဝ ခုနှစ်အတွင် ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၁၇၀၉ ဦး သေဆုံးခဲ့ရသည်။
Ref: news.xinhuanet.com

2 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 18, 2011 at 12:49 pm

    ဟားဟားဟား
    တွေ ့ဒယ်မလား
    ဒို ့အရက်သမားဒွေဟာ
    အသေအပျောက်မှုမှာ
    ပစ်စလတ်ခတ်တယ်မရှိလှဘူးဆိုတာ
    အပေါ်မှာလေ
    ၃၃
    ၂၆
    အရက်သမားတို ့ရဲ ့ဂုဏ်သိက္ခာကို စောင့်ထိန်းကြပါပေတယ်
    ဂွတ်ထ ဂွတ်ထ
    ဘဲရီးဂွတ်ထ

Leave a Reply