ပို့ကုန်၊ သွင်းကုန်ကိစ္စရပ်များ အွန်လိုင်းမှ အချိန်တိုအတွင်းဖြေကြားပေးမည်

klnApril 29, 20101min550

ပို့ကုန်၊ သွင်းကုန်ကိစ္စရပ်မေးမြန်းချက်များ အွန်လိုင်းမှ အချိန်တိုအတွင်း ဖြေကြားပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်မှူးဝင်းမြင့်က မြန်မာအင်ဖိုတက်၌ ကျင်းပသော Challenges and Opportunity ဟောပြောဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဆောင်ရွက်ချက်များ၊ လှုပ်ရှားမှုများ၊ သတင်းထုတ်ပြန်ချက်များ အစရှိသည်များကို အများပြည်သူ သိရှိစေရန် ဝက်ဘ်ဆိုက်တင်ထားပြီး ၎င်းဝက်ဘ်ဆိုက်များမှာ www.commerce.gov.mm နှင့် www.myanmartradenet.com တို့ဖြစ်ကြောင်း၊ ဝက်ဘ်ဆိုက်များတွင်ဖော်ပြထားသောသတင်းနှင့် လှုပ်ရှားမှုများကို ကြည့်ရှုတာသိလိုသမျှ အွန်လိုင်းမှ မေးမြန်းနိုင်ကြောင်း သိရသည်။ “ myanmartradenet.com ကနေပြီး ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားခြင်းကိစ္စတွေ၊ သိလိုသမျှတွေမေးမြန်းနိုင်ပါတယ်။ အချိန်တိုအတွင်းပြန်လည်ဖြေကြားပေးမှာဖြစ်တယ်။ အလွန်ဆုံးကြာရင် ၄၈နာရီပဲကြာမှာပါ။ အွန်လိုင်းပေါ်ကရေးသားမေးမြန်းခြင်းမဟုတ်ဘဲဖုန်းနဲ့ဆက်သွယ်မေးမြန်းလို့ရအောင်လည်း ဝက်ဘ်ဆိုက်မှာ ဖုန်းတွေထည့်ထားပေးပါတယ်” ဟု၎င်းကပြောပြသည်။ ကုန်သွယ်မှုအပိုင်းမသိမသာ ပြောင်းလဲလာခြင်းမှာယခင်ကထက် အတော်များများကွာခြားသွားပြီးဖြစ်ပြီးထိုကဲ့သို့ အွန်လိုင်းမှ အလွယ်တကူ မေးမြန်းခြင်း၊ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခြင်းတို့အတွက် ဝက်ဘ်ဆိုက်တွင် member ဝင်ရောက်ရမည်ဖြစ်ကြောင်းဖော်ပြထားပါသည်။ khitlunge.org.mm