ဘာရယ်မဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာအတွက်..တိတိကျကျဆိုရန် မြန်မာထေရ၀ါဒဗုဒ္ဓဘာသာအတွက် ဒီလပိုင်း အင်တာနက်ကနေ ရထာတာလေးတွေကြည့်ပြီး အတွေးလေးတွေစီကာ ဆင့်ကာ ပေါ်လာတာမို့ ပါ။
အဲဒါနဲ့ တခြားသူတို့ ဆင်လို့ ရအောင် အကွက်ချပေးလိုက်တဲ့ “ဆင်စရာ မုန်တိုင်းများ” ရယ်ပါပဲ.
ဦးဏှောက်အတွက်ပေါ့..

အောက်က ပုံ(၁) က အီးမေးလ်ကနေရာတာပါ။ ဗီဒီယိုဖိုင်တွဲပေးလိုက်တာတွေ့ပါတယ်။ အဲဒီပုံက..
ဧရာဝတီတိုင်း လပွတ္တာမြို. နယ်နားက ရှင်စောမြတ်စေတီ ရဲ.ထီးတော် ရောင်ခြည်တော်ကွန်.မြူးနေတဲ့ ပုံတဲ့။  အဲဒီစိန်ဖူးတော်က နာဂစ်မုန်တိုင်းနဲ့ မြေခ သွားခဲ့ပြီး တတိယအကြိမ် ပြန်တင်ထားတာပါတဲ့။ ရောင်ခြည်ကွန့်မြူးနေတာတွေကိ အောက်က လင့်ကနေကြည့်နိုင်ပါတယ်။ ပုံနဲ့ ဗီဒီယိုဖိုင်ကတော့ ဒီအောက်မှာပါ။

ShinSawMyatZayDiX.avi


ပုံ(၁)

နောက်ပုံတခု ပုံ(၂)ကတော့ အီးမေးလ်ကရလာတဲ့ စာတစောင်ကို ဓါတ်ပုံရိုက်ထားတာပါ။ ဒါက ရှေးတုံးက ကောသလမင်းအိပ်မက် (၁၆)ချက်တို့ ။ တောင်ပုလုဆရာတော်အိပ်မက် တို့ လို စာပါပဲ။ ကျုပ်တို့ ငယ်ငယ်က ဒုက္ခပေးခြင်းကောင်းကောင်းခံရဖူးတဲ့ ပုံစံပါပဲ။ အဲဒီတုံးက အင်တာနက်မရှိတော့ တကဲ့စာတွေနဲ့ တံဆိပ်ခေါင်းအကုန်ခံပြီး အမေက လုပ်ခိုင်းလို့ လုပ်ပေးဖူးတာတွေပါ။ အခု အင်တာနက်ခေတ်ဆိုတော့ အခုလိုပေါ့..။ ခေတ်ပြောင်းပြီး ပျံလွန်တော်မူသွားပြီဖြစ်တဲ့ သာမညတောင်ဆရာတော်နာမည်သုံးထားပါတယ်။
ဖတ်ကြည့်ကြပါဦး..။

ပုံ(၂)

နောက်ဆုံးတခုကတော့ အများသိပြီးဖြစ်ကြတဲ့ ပန်းသီးကွန်ပျုတာက ဒီဇိုင်နာ လုပ်ထားတဲ့ပုံပါ။ တကယ်က ပန်းသီး( Apple)ကွန်ပျုတာကြော်ငြာတွေမှာ မသုံးခဲ့ပါဘူး၊ သူတို့ ထဲကတယောက်ယောက်က နောက်ချင်လို့ လုပ်ထားတဲ့ပုံပါ။ ဂေါတမဗုဒ္ဓ ဓမ္မစကြာဟောနေတဲ့ပုံကို ပြက်ချော်ထားတယ်ထင်တာပါပဲ။ အဲဒါကို ရဲ့ စီအီးအိုဖြစ်တဲ့ စတိဘ်ဂျော့ steve jobs ကလည်းကန့်ကွက်တယ်မကြားလိုက်ရပါဘူး၊ စကားစပ်မိလို့ ပြောရရင် ဂျော့က ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပါတယ်။

ဟုတ်ကဲ့..
အဲဒါပါပဲ။
ဘယ်ပုံက ဘယ်လိုတွေ လူတွေကို အကျိုးသက်ရောက်စေသလည်း၊ ဘာသာသာသနာအတွက် ဘယ်လိုအဖြစ်တွေ၊ ဖြစ်သွားစေသလည်း၊ ဘာသာခြားတွေအမြင်ဘယ်လိုရှိနိုင်မလည်း၊ သာသနာပြန့် ပွားရေးအတွက် သာသနာပြုကိစ္စတွေမှာ ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ စသဖြင့် ဦးဏှောက်အတွက် မုန်တိုင်းလေးတွေ ဆင်ကြစေချင်တာပါပဲ။

ကောင်းသော ခရစ်စမတ်နဲ့ နှစ်သစ်ကူးဖြစ်ပါစေ..။

ဧရာဝတီတိုင်း လပွတ်တာ မြို. နယ်နားက ရှင်စောမြတ်စေတီ ရဲ.ထီးတော် ရောင်ခြည်တော်ကွန်.မြူး
နေတဲ. ပုံကို တင်ပေးလိုက်တယ်နော် ၊ ဒီရောင်ခြည်တော် ကွန်. မြူး တာကို ဘူမိဗေဒ ပညာရှင်တွေ
က နေရောင် ကြောင်. ဟုတ်မဟုတ် ဆိုတာကို လေ့လာခဲ့ပြီး နေရောင်ကြောင်. မဟုတ်ကြောင်း အ
တည်ပြု ပေးခဲ. တယ်၊ ဒီ စိန်ဖူးတော်က နာဂစ်တုန်းက မြေခ သွားပြီး တတိယအကြိမ် ပြန်တင်ထား
ခြင်းဖြစ်ပါတယ်၊ အခုတင်ပေးလိုက်တဲ့ ပုံတွေကတော့ ရှင်စောမြတ် ခေါ်ပြည်လုံး ချမ်းသာစေတီရဲ. ထီးတော်ကို ဦးစီးပြီးတင်လှူပေးခဲ. တဲ. ဆရာတော်ဘုရားရဲ. ဒကာတစ်ယောက် ဆီက ရလာတဲ.
ဗွီဒီယို ခွေထဲ ကနေ စိန်ဖူးတော်ရဲ. ရောင်ခြည်တော် ကွန်.မြူး နေတဲ. ပုံကို ရွေးပြီး တင်ပေးလိုက်တာ
ဖြစ်ပါတယ်။

kai

About kai

Kai has written 936 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.