ဧပြီ ၁၅ရက်နေ့က ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်ကန်တော်ကြီးကန်ပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်ရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဆေးရုံအသီးသီးတို့၌ ဆေးကုသမှုခံယူလျက်ရှိသောဒဏ်ရာရလူနာ ၁၇၀ အနက် လူနာအများစုမှာ ဆေးရုံမှ ဆင်းသွားနိုင်ခဲ့ပြီး အမျိုးသား ၄၂ဦး၊ အမျိုးသမီး၁၈ဦးစုစုပေါင်း ၆၀သာဆက်လက်ဆေးကုသမှုခံယူလျက်ရှိကြောင်းသတင်းများ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယခုအခါ အဆိုပါ ဆေးကုသမှုခံယူလျက်ရှိသော လက်ကျန် ဒဏ်ရာရလူနာများအနက် သက်သာပျောက်ကင်းသူများ ဆေးရုံမှ ထပ်မံဆင်းသွားနိုင်ခဲ့ပြီး ဧပြီ ၂၈ရက်နေ့အထိ အမျိုးသား ၁၉ဦး၊ အမျိုးသမီး ၁၃ဦးစုစုပေါင်း ၃၂ဦးသာဆေးကုသမှု ဆက်လက်ခံယူလျက်ရှိပါသည်။ khitlunge.org.mm

About kln

k ln has written 409 post in this Website..