မြန်မာကုထုံး နဲ့ အနောက်တိုင်းကုထုံး

fattyApril 25, 20111min34159

မိုးရာသီရောက်လာပြီဆိုရင်တော့ …
တနွေလုံးပူထားတာကနေ မိုးလေးတဖျောက်စနှစ်ဖျောက် ကျပါပြီ ..။
လူတွေလဲဖျားကြနာကြတယ် … တုပ်ကွေး ခေါ်တာပေါ့နော ..။

အဲဒီတုပ်ကွေး ဖြစ်ပြီဆိုရင် မြန်မာကျေးလက်မှာတော့ ကွမ်းရွက်ပုံဆေးစား ..
ချွေးပြိုက်ပြိုက်ကျအောင် လုပ်ပြီး ပျောက်သွားတာဘဲ …။ ချွေးငုတ်သွားတယ်
လို့လဲပြောကြပါတယ် ..။

အနောက်တိုင်းဆေးကတော့ ပိုးသတ်ဆေး ပေးလိုက်တာဘဲ …။
အခုဆို flumox ဆိုတဲ့ ဖလူး နဲ့ အမောက်စလင် ရောထားတဲ့ဆေးပေးနေပြီ ..။

နှစ်နည်းစလုံးပျောက်တာဘဲဗျ။ ဘာကွာခြားနေသလဲ …? ?
ကျနော့အထင်တော့ … အနောက်တိူင်းဆေးက ပိုးရှိလို့ ပိုးသတ်ဆေးပေးတာဖြစ်တယ်။
မြန်မာဆေးက ကော … ဘာကြောင့်ပျောက်တာလဲ .. စဉ်းစားစရာဘဲ ..။
ကျနော်စဉ်းစားမိတာက .. မြန်မာ တိုင်းရင်းဆေးက ပိုးကိုတော့ တိုက်ရိုက်မသတ်ဘူး
ပိုးမနေနိုင်အောင် … မရှင်သန်နိုင်အောင် ခန္ဓာကိုယ်တွင်းမှာ အပူအအေးညှိပြီး
ကိုယ်တွင်းရာသီဥတု ကိုပြောင်းလဲပြစ်တာလို့ထင်တယ် ..။

ဘယ်လိုထင်ကြလဲဗျာ …..။

59 comments

  • nozomi

    June 12, 2011 at 1:06 pm

    ကိုကြီးကျောက်ရဲ့ ဘလော့လေးကိုအရင်က ဖတ်ဖူးပြီး သဘောကျနေခဲ့တာပါ အရေးအသား ဗဟုသုတ အကုန်ပါပဲ

    အကြောင်းကြောင်း ကြောင့် မဖတ်ဖြစ်တာ ကြာသွားတယ် ဒီပို့စ် ထဲမှာ မရွှေနီ မန်းထားတာလေးမြင်မှ သတိရပြီး ပြန်ဝင်ဖြစ် ပြန်ဖတ်ဖြစ်ခဲ့တယ်

    အဲဒီနောက်ပိုင်း တစ်ခါတစ်လေ ဝင်ဖြစ်ပေမဲ့ အသစ်မတွေ့တော့ မအားလို့မရေးဖြစ်တာလို့ထင်နေတာပါ
    ဒီနေ့သူ့ဘလော့လေးထဲ ထပ်ရောက်သွားတော့မှ သူဆုံးသွားတယ်ဆိုတာသိရပြီး အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ် ဒီရွာထဲက သူ့ပရိသတ်တွေ မသိသေးသူများရှိရင် သိအောင်ပြောပြတာပါ ဘာကြောင့် ဆုံးသွားရတယ်ဆိုတာ သိတဲ့သူများရှိရင်လဲ ပြောပြပေးကြပါဦးနော်

    • kai

      June 13, 2011 at 7:10 am

      Anonymous said…

      အမေရိကန်ဆရာဝန်တွေ မှန်းခဲ့တဲ့ ၆လပြည့်ချိန် အေပရယ်လ၃၀-၂၀၁၁ နေ့လည်၁နာရီမှာ ဘလော့ဂါ ကိုကျောက် တကယ်သေဆုံးခဲ့ပါပြီ။
      သူ့နောက်ဆုံးပို့စ်ကို မသေခင် ၆ရက်အလိုမှာ တင်သွားခဲ့ပါတယ်။မသေခင်တပတ်အလိုက ရိုက်ထားတဲ့ပုံတွေဟာ လူမမာရုပ်ပေါက်နေပါပြီ။
      ကိုကြီးကျောက်ကို လူကိုလည်း မသိပါဘူး. ဘလော့ကိုလည်း မသိခဲ့ဘူး.. ဖေ့ဘွတ်မှာ နာရေးသတင်းတွေ့မှ လင်ခ့်ကနေလာကြည့်တာ.. စာတွေဖတ်ကြည့်တာ ဘလော့ကနေ ပြန်မထွက်ချင်လောက်တဲ့အထိ စာရေးကောင်းပါတယ်
      ကျန်ရစ်သူဆွေမျိုးများနှင့်ထပ်တူ မဟုတ်တောင် စာရေးကောင်းသူတယောက်ဆုံးရှုံးသွားတာကို ဝမ်းနည်းစိတ်မကောင်းတာ အမှန်ပါ။း-(
      အိုးဘားမား
      May 1, 2011 11:08 PM

      ===============
      Nay Lin said…

      ကိုကြီးကျောက်ရဲ့ funeral service ကို
      May 04, 2011 နေ့လည်၁နာရီကနေ ညနေ၄နာရီထိ
      Advent Funeral & Cremation Service မှာ လုပ်မယ်လို့ သူ့ မိတ်ဆွေ ကိုစိန်ငှေးကပြောပါတယ်…Washington DC, Maryland & Virginia မှ တက်ရောက်နိုင်တဲ့မိတ်ဆွေများကို ကြွရောက်ပါရန်….
      http://www.adventfuneral.com/
      May 3, 2011 9:47 PM

      ==========

      အပေါ်က.. မန်းထားတာ၂ခုကို.. အထောက်အထားအတွက်.. အောက်ကဘလောက်လင့်ကယူပါတယ်..။
      http://penai22.blogspot.com/2011/04/blog-post_24.html?showComment=1307757397844#comment-c5288936890038306043

      သူက..ဘဝနဲ့ရင်းပြီးပေးသွားတဲ့.. Message ကို ရွာသားများရယူနိုင်ကြပါစေလို့.. ။

  • nozomi

    June 13, 2011 at 9:51 am

    ဖတ်ရတာ စိတ်မကောင်းဖြစ်ရပါတယ် သူ့ဘလော့ထဲ ဝင်ကြည့်တော့ ပိုင်ရှင်မရှိတော့တဲ့ အိမ်လေးထဲဝင်နေရသလိုပေါ့ သူ့ကိုချစ်တဲ့သူတွေ လာလည်နေတာနဲ့ ဘလော့လေးက အသက်ရှိနေတုန်းပါ

    အဲ မပြောကောင်း မဆိုကောင်း သူကြီးများတစ်ခုခုဆို ဘယ်လိုများ စီစဉ်ထားတုန်း..

    (လူတိုင်း ဒီကိစ္စကြုံရမှာပဲလေး သူကြီးချစ်တဲ့သူတွေ သူတို့သူကြီးကို ဒီလိုပြောရကောင်းလား ရန်တွေ့မနေကြနဲ့ဦး)

    • kai

      June 13, 2011 at 6:17 pm

      သူကြီးသေရင်…

      – သရဲ၊ဝိဉာဉ်၊တစ္ဆေယုံတဲ့သူဆိုရင်…. အဲဒီကောင်တွေအဖြစ်နဲ့အကြွေးရှိရင်.. လာပေးမယ်..။
      – ရှေ့ဘဝ..နောက်ဘဝ..ဘေးဘဝ..ဘဝဆက်တွေဖြစ်နေတဲ့..ဘဝသံသရာကိုယုံတဲ့သူကို.. သံတရာတကွေ့ကွေ့ ..ကြုံတဲ့အခါဆပ်ပေးမယ်…။
      – အဲဒီအပေါ်က အယူတွေမယူတဲ့သူဆိုရင်.. ဘယ်လိုလုပ်သင့်.. စီစဉ်သင့်သလည်းကို..စဉ်းစားချရေးပေးပါ။ ကျုပ်လည်း.. ဝိုင်းစဉ်းစားပြီးအဖြေရှာပေးမယ်..။ 🙂

      • nozomi

        June 13, 2011 at 6:26 pm

        ွှအဲဒီလိုတွေ မပြောပါနဲ့သူကြီးရယ် တွေးကြည့်ရတာနဲ့ စိတ်မကောင်းစရာ 🙁

        အမြတ်တနိုးနဲ့ စုထားရတာမို့လို့ ကျွန်တော့် ပွိုင့် ၆၀၀ဝ လေးကို ပေးပါမယ် ဆိုတာလေးတော့ သေတမ်းစာ ထဲ ထည့်ရေးပေးသွားပါဗျာ 😀

        • nozomi

          June 13, 2011 at 9:38 pm

          သူကြီး ရာထူးကတော့ အများကသဘောတူရင် ကိုကြောင်ကြီးက သူတာဝန်ယူပါ့မယ်တဲ့…

        • nature

          June 14, 2011 at 3:49 am

          ဒီလိုရာထူးကိုလွယ်လွယ်လွဲလို့ ဘယ်ရမလဲ။ ရွေးကောက်ပွဲလုပ်ရမှာပေါ့။ 🙂

  • MaMa

    June 13, 2011 at 12:03 pm

    nozomi ပြောမှပဲ သင်္ခ ါရတရားကို ဆင်ခြင်မိတော့တယ်။ တကယ်ပဲ စိတ်မကောင်းစရာပါ/

  • Big Defender

    June 13, 2011 at 1:25 pm

    မြန်မာဆေးကတော့အပင်အရွက်တွေက်ိုဆေးလုပ်ထားတာ
    အနောက်တိုင်းဆေးကတော့အနောက်မှာပေါ်တဲ့chemicalတွေကို
    ဆေးလုပ်ထားတာပါ။ဟုတ်တယ်မလား

  • fatty

    June 13, 2011 at 2:48 pm

    မဟုတ်သေးဘူးထင်တယ် ဒီကဆေး ဆိုင် တဆိုင်မှာ LIVE UP ဆိုတဲ့ အသည်းအားဆေးဗူးကို
    ခဏယူကြည့်ပါလား …။

  • ဆူး

    June 14, 2011 at 9:09 am

    ပရိုတက် လို့ ထင်တယ် နာမည်တောင် ခပ်မေ့မေ့ ရယ်..
    အဲဒီ ဆေးက အသည်း အားရှိအောင် သောက်ရတယ်။ သပျစ်သီး အစေ့က ဆေးအဖြစ် ထုတ်တယ် ပြောတာ ကြားဖူးတယ်။

  • weRone

    June 14, 2011 at 12:22 pm

    တစ်ခုသတိထားမိတယ် English ဆေးတွေမှာ အီးပေါက်တဲ့ ဆေး မတွေမိသလိုပဲ..
    မြန်မာ ဆေးတွေ တော့ အီးပေါက်တာရှိတယ်…:D

    • etone

      June 18, 2011 at 5:14 am

      Omeprazole Capsule လေးတွေရှိတယ် … ဆေးနာမည်ကတော့ အများကြီးရှိတယ် … ။ သောက်ပြီး နာရီဝက်ပဲ စောင့် … မော်တော်လေးများသွားသလို ဖြစ်နေဦးမယ် … ။ 😛 😛

  • nature

    June 17, 2011 at 7:07 pm

    တိုင်းရင်းဆေးသင်တန်း ကောင်းကောင်းလေးများမရှိကြဘူးလား။

Leave a Reply