မလေးရှားရောက် ရွှေမြန်မာမလေးများအရေး ရင်အေးစေချင်လို့ပါနော်

mickylayApril 29, 20101min1468

ကဲ သူငယ်ချင်းတို့ရေ ဟန်နီဒီနေ့တော့
အကြံပေးဆွေးနွေးလို့ကောင်းမယ့် ပို့စ်အသစ်လေးတင်မယ်နော်…. အားလုံးဘဲ
ဒီပို့စ်လေးကိုဖတ်ပြီး ဝေဖန်ဆွေးနွေးပေးကြပါဦးနော်……(အထူးသဖြင့်
မလေးရောက် ညီအကိုမောင်နှမများပေါ့)

ဟန်နီ မလေးကိုရောက်တာ သိပ်မကြာသေးပါဘူး……ဟန်နီ့ထက် ဝါရင့် သဘာရင့် အကိုတွေအမတွေအများကြီးပါဘဲ….ဟန်နီရေးတဲ့ပို့စ်က
မှားတာတွေရှိမယ်…..လွန်တာတွေရှိမယ်ဆိုရင်
ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်….ကြိုပြီးတော့တောင်းပန်ပါတယ်နော်……

ဟန်နီ ဆွေးနွေးချင်တာက ဒီလိုပါ….

မလေးရှားက မကောင်းဘူးလို့ပြောကြတယ်…..အထူးသဖြင့် မိန်းကလေးတွေအတွက်
မကောင်းဘူးလို့ပြောကြပါတယ်….မှန်ပါတယ်….အခုအချိန်မှာ
မလေးရှားနိုင်ငံမှတင် မဟုတ်ပါဘူး…နိုင်ငံတော်တော်များများမှာပါ
အလုပ်အကိုင် အခြေအနေယိမ်းယိုင်နေတာပါ….. စီးပွားပျက်ကပ်ဆိုက်နေချိန်မှာ
ဘယ်နိုင်ငံမှာမှ အလုပ်အကိုင်အခွင့်အရေး
မကောင်းပါဘူး….အားလုံးသိပြီးသားပါ…..
ဒါကြောင့် မလေးရှားမကောင်းဘုူးလို့ပြောလို့ရသလို…..လုံးဝကြီးမကောင်းတာလည်း
မဟုတ်တော့ အဲ့လိုပြောလို့မရ ပါဘူး…… မိန်းကလေးတွေအတွက် မလေးရှားက
မကောင်းဘူးလို့ပြောတဲ့အချက်ကို ဆွေးနွေးကြရအောင်နော်…..
မိန်းကလေးတွေအတွက် (အထူးသဖြင့် မြန်မာမလေးတွေအတွက်) မလေးရှားမှ မဟုတ်ပါဘူး…ဘယ်နိုင်ငံမှာမဆို နေတတ်မှ
လုံခြုံအဆင်ပြေမှာပါ……..မနေတတ်ဘုူး…..ကိုယ့်ဂုဏ်သိက္ခာကို
မထိန်းသိမ်းနိုင်ဘူးဆိုရင်…..ကိုယ့့်အိမ်မှာဘဲ
ကိုယ်နေတာတောင်မလုံခြုံပါဘူး….အဲ့ဒါ မြန်မာတွေအတွက်
သီးသန့်မဟုတ်ဘူးနော်……မိန်းကလေးအားလုံးအတွက်ပါ…..

အခု ဟန်နီ မလေးရှားကိုရောက်ပြီးသိပ်မကြာခင်မှာ ကြားရ၊တွေ့ရတာတွေက စိတ်မချမ်းသာစရာတွေပါဘဲ…..
အခု
အလုပ်အကိုင်အဆင်မပြေတော့……အဆင်ပြေရာရည်းစားတွေထားကြတယ်……သူတို့ရဲ့
အထောက်အပံ့တွေနဲ့ အိမ်ကို ထောက်ပံ့ကြတယ်….အိမ်က မိဘတွေကတော့ ငါ့သမီးလေး
သိတတ်လိုက်တာ…မိဘကို အလုပ်အကျွေးပြုနေတဲ့သူဆိုပြီး
ပီတိတွေဖြစ်နေကြရတာလေ….
ဒီမှာ သမီးလုပ်သူက မြန်မာ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ (living Together) နေထိုင်မှုပူံစံနဲ့နေပြီး ထောက်ပံ့ကြေးများများပေးတဲ့သူဆီကို
ရေဝတ်လဲသလိုလဲနေရင်း ကိုယ့်ကိုယ်ကို ဘာဖြစ်မှန်းမသိဘဲ ဖြစ်နေတဲ့ဘဝကို
ဘယ်မိဘညီအစ်ကိုမောင်နှမကမှ သိမှာမဟုတ်ဘူးလေ….

ပိုက်ဆံရှာချင်လို့ ဒီကိုလာတာမှန်ပါတယ်….ဒါပေမယ့် ကိုယ့်သိက္ခာကိုတော့ အစွန်းထင်မခံသင့်ဘူးလို့ထင်ပါတယ်နော်….
ထောက်ပံ့ကြေးရမှ အိမ်ကိုကြည့်ခွင့်ရမယ်ဆိုရင် ဒီလိုမျိုးတော့
မလုပ်သင့်ဘုူးပေါ့နော်…..
အဆင်မပြေရင် မြန်မာပြည်ကိုပြန်ပါ……ကိုယ့်နိုင်ငံမှာ အဆင်ပြေအောင်နေထိုင်လို့ရမယ့် နည်းလမ်းကောင်းတွေကို
ရှာဖွေကြည့်သင့်ပါတယ်…..


တစ်ချို့က ဘဝပေးအခြေအနေကြောင့် ကိုယ်ဘာဖြစ်မှန်းမသိကြပေမယ့်….


တစ်ချို့ကြပြန်တော့…..အပျော်ရှာရင်း ပျက်နေကြရတာတွေ့ရပြန်တယ်……

အဲ့ နောက်ထပ်……အယုံလွယ်တဲ့သူတွေလည်းရှိသေးတယ်…..

အပျော်ရှာတယ်ဆိုတာကို ဆွေးနွေးရအောင်နော်….
မိန်းကလေးအများစုက အိမ်နဲ့ဝေးတာနဲ့ စိတ်ကွယ်ရာဆိုပြီး
ထင်တိုင်းကျဲကြတော့တာဘဲ…..ကိုယ်လုပ်တာ ဘယ်သူသိတာမှတ်လို့ဆိုတဲ့စိတ်တဲ့
လွယ်လွယ်နဲ့ ရည်းစားထားတယ်…..လွယ်လွယ်နဲ့
အတူနေကြတယ်….”လက်ထပ်ခြင်းထိမ်းမြားခြင်း”ဆိုတဲ့ မင်္ဂလာတရားကို “Living
Together”ဆိုတဲ့ အမင်္ဂလာနဲ့ ချေမှုန်းပြစ်ကြတယ်…..အဆင်ပြေရင် အတူနေကြပြီး
သဘောထားမတိုက်ဆိုင်တာနဲ့ဘဲ “ငါတို့က လက်ထပ်ထားတာမှမဟုတ်တာဘဲ၊ ရပါတယ်ကွာ”
ဆိုတဲ့စိတ်နဲ့ လွယ်လွယ်တွေးပြီး စိတ်ကြည်ရာ နောင်တစ်ယောက်ကို
ပြောင်းကြပြန်ရော……မင်္ဂလာမရှိတဲ့ အလုပ်ကိုလွယ်လွယ်လုပ်နေတော့ ကျက်သရေဆို
ဘယ်မှာလာရှိတော့မှာလည်းနော်…..

အယုံလွယ်တဲ့ မိန်းကလေးတွေကြတော့လည်း သနားဖို့ကောင်းပြန်ရော….အမိမြန်မာနိုင်င်္ငမှာနေတုန်းကတော့
ဘာမှမဖြစ်ခဲ့ကြပေမယ့်…ဒီရောက် ကိုကိုရွှေမြန်မာများရဲ့
ကောင်းမွန်ပြည့်စုံတဲ့ ဘဘောဖြူလေးတွေကို မနောခွေ့ပြီး ယူံလို့
ဘဝကိုပုံပေးလိူက်ကြရော….ပြဿနာက
အဲ့မှာစတွေ့တာပေါ့….သဘောကောင်းပါတယ်ဆိုတဲ့ ကိုကိုတွေ အိမ်ထောင်ကိုယ်စီနဲ့
ရတနာတွေပိုင်ဆိုင်ထားတဲ့ အချစ်သူဌေးတွေ ဖြစ်နေတာလေ…..ကိုယ်ကချစ်လို့
ယုံလိုက်ပေမယ့်…သူကတော့ ကိုယ့်ကို သနားလို့တဲ့
ကီပင်ရာထူးတိုးပေးလိုက်ရော…..
တော်တော်ကို စိတ်ပျက်ဖို့ကောင်းတဲ့အဖြစ်တွေပါ……အဲ့လို အဖြစ်တွေထဲမှာ
အိမ်ထောင်ရှိတဲ့ မမတွေ ပါ ပါသေးတယ်…. ယောကျင်္ားအသူံးမကျလို့
အလုပ်လာလုပ်တယ်ဆိုပေမယ့်….ကိုယ့်မှာ သားသမီးကျန်နေခဲ့တာကိုတော့
ထည့်တွေးသင့်တာပေါ့နော်….. ဘယ်သူ့မျက်နှာမှ မထောက်တောင်
ကိုယ့်သားသမီးမျက်နှာကိုတော့ ပြန်ငှဲ့သင့်တယ်လေ……

ပိုက်ဆံအတွက်ဘဲဖြစ်ဖြစ်၊ ပျော်ချင်လို့ဘဲဖြစ်ဖြစ်၊ ယုံမိလို့ဘဲဖြစ်ဖြစ်
ဒီအမှားတွေထဲမှာရောက်နေတယ်ဆိုရင်လည်း အမှားကိုသိပြီး အမှန်ကို ပြင်ဖို့
အချိန်တန်ပါပြီ…..


ကိုယ့်ကိုယ်ကို မထိန်းသိမ်းလို့ ပျက်စီးကြရတဲ့ မြန်မာမလေးတွေထဲမှာ ကိုယ့်တန်ဖိုးကို ကိုယ်မြှင့်ပြီး ယုံကြည်ချက်အပြည့်နဲ့
ဘဝပန်းတိုင်းတွေကိုကျော်ဖြတ်နေတဲ့ မြန်မမလေးတွေလည်း
အများကြီးပါဘဲ….အဲ့လို မိန်းကလေးတွေအတွက် မလေးရှားက
ကောင်းပါတယ်…..နေတတ်ရင်
ကျေနပ်စရာနေရာလေးပါ…အမြဲတမ်းအတွက်မဟုတ်ပေမယ့်….ဘဝပန်းတိုင်ရဲ့
မှတ်တိုင်စိုက်ထူရာနေရာလေးပါ…..

ဟန်နီ့အရေးအသားက တစ်စုံတစ်ယောက်ကို ထိခိုက်ခဲ့မယ်ဆိုရင် ခွင့်လွှတ်စေချင်ပါတယ်နော်… အခုတော့ ဒီလောက်နဲ့ဘဲ
ရပ်ထားလိုက်တော့မယ်နော်….နောက်မှ ထပ်ဆွေးနွေးတာပေါ့နော်……အားလုံး
အဆင်ပြေကြပါစေနော်….

Forward Mail လေးကရတာပါ။ ပြန်မျှဝေပေးလိုက်ပါတယ်။

8 comments

  • etone

    April 29, 2010 at 9:36 am

    အင်း ဟုတ်တယ် ။ မြန်မာနိုင်ငံမှာတော့အနေအေးခဲ့ပေမဲ့ ဟိုရောက်သွားလို့အဆင်မပြေတဲ့အခါပြန်လာရမှာ သိက္ခာကျမှာစိုးလို့ ကြိတ်မှိတ်ပြီး sponsor ရှာနေတာတွေလည်း ကြားဖူးတယ် ။ အင်းလေ… ပြောရတတော့ခက်သားနော် ။ 😛

  • susunosuki

    April 29, 2010 at 3:03 pm

    ဒီပြန်လာတော့လည်း နိုင်ငံခြားပြန်ငွေကြေးတတ်နိုင်တယ်ဆိုပြီးတောက သူဌေးတစ်ယောက်ကတောင်တင်တောင်းနေတတ်တာပဲ

  • kopauk mandalay

    April 29, 2010 at 4:28 pm

    သည်လိုပြောပေးတာကိုကျေးဇူးတင်ရမယ်
    တော်တော်များများက နိုင်ငံခြားကိုထွက်လိုက်ရင်
    သူဌေးဖြစ်ပြီ အဆင်ပြေပြီမှတ်တာကိုး။

    ခုလို ပြောပြမှဆင်ခြင်နိုင်မယ်။

  • galaxyhtun

    April 29, 2010 at 5:29 pm

    not all but nearly 80% right becoz most of them are from village so how to say low education and and i also mandalian burmese i knew about our myanmar girls i m staying in penang island since 2003 +60174363183 anyway sorry for my letter becoz i love my all of my citizien

  • Rain girl

    April 30, 2010 at 4:26 am

    နိုင်ငံခြားမှာ အဆင်မပြေလည်းကွယ် အမိမြေကိုပြန်လာပြီး နေပေါ့ကွယ်။ ကိုယ့်ကြောင့် တခြားမြန်မာ မလေးတွေ သိက္ခာမကျအောင်တော့နေပေါ့။ မျိုးရိုးဂုဏ်ဆိုတာ ကိုယ်ကိုယ်တိုင် ထိန်သိမ်းရမှာ။ အမျိုးဂုဏ်က ဝေးပါသေးတယ် ကိုယ့်ဂုဏ်သိက္ခာလေးပဲ ကိုယ်တိုင်ထိန်သိမ်းကျပေ့ါကွယ်။

  • Shwemannmay

    May 5, 2010 at 8:50 am

    ကျားဖြစ်ဖြစ် မဖြစ်ဖြစ် ကမ္ဘာမြေကြီးပေါ်မှာမတ်မတ် ရပ်ပြီး လတ်ဆတ်တဲ ့လေကို ရဲ ရဲ ဝင့်ဝင့် ရှူရှိုက်နိုင်ဖို ့အတွက် အလိုအပ်ဆုံးအရာ ပာာ သိက္ခာတရားပဲဖြစ်ပါတယ်။
    ဘယ်နေရာရောက်ရောက် ဘယ်လိုအခက်အခဲပဲကြုံကြုံ ကိုယ့်သိက္ခာကို ကိုယ်ပြန်လေးစားနိုင်အောင် နေထိုင်ပြုမူသင့်ပါတယ်

  • eikay

    June 10, 2010 at 10:32 am

    hote par tal. ma phit thint par bu

  • osprey

    June 21, 2010 at 4:28 pm

    မြန်မာ က တချိူ့ မိသားစုတွေကပါ သိသိနဲ့ မိန်းစားနေကြတာတွေ့နေရတယ် ။ အဲဒါ ကိုယ်တွေ့ ။

Leave a Reply