မြန်မာနိုင်ငံရွေးကောက်ပွဲပြီးလို့
အစိုးရတရပ်ပေါ်ပေါက်လာပါပြီ
ပေါ်ပေါက်လာတဲ့အစိုးရသစ်ကအာဏာလွှဲယူပြီး မကြာဖူး
ပြည်သူတွေမထင်တဲ့ထူးခြားမှုတွေဆက်တိုက်ပြုလုပ်လာပါတယ်

စားအုန်းဆီ
မြန်မာနိုင်ငံမှာစားအုန်းဆီကိုန၀တလက်ထက်
ဘယ်အကြောင်းကြောင့်မသိတဦးတည်းတင်သွင်းခွင့်ပြုပြီး
ဈေးကွက်လက်ဝါးကြီးအုပ်ထားတာအားလုံးအသိပါပဲ
နိုင်ငံခြားကနေမြန်မာနိုင်ငံအေ၇ာက် ၁ ပိသာ ၂၀၀၀ မကျော်တဲ့
ပစ္စည်းကို ၁ပိသာ ၂၈၀၀ ၃၀၀၀ ရောက်အောင်ရောင်းပြီး
ဝေစားဝါးစေလုပ်ခဲ့ကြတာ..
ဦးသိန်းစိန်အစိုးရလည်းတက်လာရော
ဘယ်သူမှမထင်ထားတဲ့တဦးတည်းကိုယ်စားလှယ်ကိုဖြုတ်ပြီး
လွတ်လပ်စွာတင်သွင်းခွင့်ပြုလိုက်သည် အသံကြားပြီးကတည်းက
တဖြည်းဖြည်းကျလာလိုက်တာ အားလုံးမျက်မြင်ပါပဲ

လမ်းကြေးတံတားကြေး
န၀တလက်ထက်လမ်းကြေးတံတားကြေးက ကားနဲ့ခရီးသွားဖူးသူတိုင်း
ကားနဲ့လုပ်ကိုင်စားသောက်သူတိုင်းသိကြပါတယ်
လေလံပစ်တာဘယ်လိုပစ်သလဲမသိပေမဲ့
လမ်းကြေးတံတားကြေးကောက်ရာမှာကောက်သူရဲ့ပါးစပ်ထဲရှိ
တဲ့ကြေးပေးခဲ့ရတာအားလုံးအသိပါ မကြေနပ်လည်းပေးခဲ့ရတာပါပဲ
ဦးသိန်းစိန်အစိုးရလည်းတက်လာရော
လမ်းကြေးတံတားကြေးတွေကောက်ခံမှုပြောင်းလဲဖို့လုပ်ဆောင်လာပါတယ်
ကောက်ခံရမည့်ကြေးကိုဆိုင်းဘုတ်နဲ့ထောင်ပြီးပိုတောင်းရင်အရေးယူမှု
တွေလုပ်လာလို့လမ်းကြေးတံတားကြေးတွေပုံမှန်ဖြစ်ပြီး
ကားဆရာတွေအတော်စိတ်ချမ်းသာနေကြပါတယ်
မချမ်းသာနေရော
အရင်မိုးကုတ်မိုးမိတ်ကကုန်ကားတွေမန်းတလေးလာရင်လမ်းကြေးချည်း
အသွားအပြန် ၅သိန်း ၆သိန်းကုန်ပါသတဲ့ ဘယ်လိုနှုံတွေနဲ့ကောက်သလဲ
မသိဖူးနော်
အခုအသွားအပြန် ၁သိန်းခွဲလောက်ပဲကုန်ကျပါသတဲ့ဗျာ
ကျွန်တော်ကိုယ်တိုင်မန်းတလေးကနေ၂၂မိုင်လောက်ဝေးတဲ့
မတ္တရာကိုဒိုင်နာစီးပြီးသွားဖူးပါတယ်
ဂိတ်မှာ၈၀၀၀တောင်းလို့ကုန်ကားဆရာနဲ့ဂိတ်ကောက်တဲ့သူစကားများတာ
ိကိုယ်တွေ့ပါဗျာ

ကညန
နောက်ထူးခြားမှုတခုကကညနလိုင်စင်ဝင်တဲ့ကိစ္စပါဗျာ
ကညနမှာကား ဆိုင်ကယ် လိုင်စင်ဝင်ရင်သိကြတဲ့အတိုင်း
အခွန်ကြေစာရွက် ကအလွန်ရေးကြီးပါတယ်
ယာဉ်ပိုင်ရှင် မှတ်ပုံတင်မူရင်းကလည်းအရေးကြီးပါတယ်
ယာဉ်နဲ့ပတ်သက်ပြီးအခွန်ဆောင်မှု ကိုအပိုင်ကိုင်ထားတာပါ
အခုအခွန်ကြေစာရွက်စိမ်း မလိုတော့ဖူးဗျာ
ဟိုရုံးပြေးဒီရုံးပြေးဒုက္ခငြိမ်းသွားတာပ
ကညနက လိုင်စင်ကိစ္စသီးသန့်ဆောင်ရွက်တာပါတဲ့
အခွန်ကိစ္စအခွန်ရုံးကဆောင်ရွက်ပါလိမ့်မတဲ့
အတော်ကောင်းတဲ့ထူးခြားမှုပါ

ဘယ်သူတွေဘာပြောပြောဒီလိုတကယ်ထူးခြားမှုတွေကို
ကျွန်တော်က၀မ်းမြောက်ဝမ်းသာကြိုဆိုပါတယ်

About unclegyi1974

sun moon has written 27 post in this Website..

1974Ipass10st 1980IpassBSC(physc)