ကြိုဆိုပါတယ်

unclegyi1974June 14, 20111min1207

မြန်မာနိုင်ငံရွေးကောက်ပွဲပြီးလို့
အစိုးရတရပ်ပေါ်ပေါက်လာပါပြီ
ပေါ်ပေါက်လာတဲ့အစိုးရသစ်ကအာဏာလွှဲယူပြီး မကြာဖူး
ပြည်သူတွေမထင်တဲ့ထူးခြားမှုတွေဆက်တိုက်ပြုလုပ်လာပါတယ်

စားအုန်းဆီ
မြန်မာနိုင်ငံမှာစားအုန်းဆီကိုနဝတလက်ထက်
ဘယ်အကြောင်းကြောင့်မသိတဦးတည်းတင်သွင်းခွင့်ပြုပြီး
ဈေးကွက်လက်ဝါးကြီးအုပ်ထားတာအားလုံးအသိပါပဲ
နိုင်ငံခြားကနေမြန်မာနိုင်ငံအရောက် ၁ ပိသာ ၂၀၀ဝ မကျော်တဲ့
ပစ္စည်းကို ၁ပိသာ ၂၈၀ဝ ၃၀၀ဝ ရောက်အောင်ရောင်းပြီး
ဝေစားဝါးစေလုပ်ခဲ့ကြတာ..
ဦးသိန်းစိန်အစိုးရလည်းတက်လာရော
ဘယ်သူမှမထင်ထားတဲ့တဦးတည်းကိုယ်စားလှယ်ကိုဖြုတ်ပြီး
လွတ်လပ်စွာတင်သွင်းခွင့်ပြုလိုက်သည် အသံကြားပြီးကတည်းက
တဖြည်းဖြည်းကျလာလိုက်တာ အားလုံးမျက်မြင်ပါပဲ

လမ်းကြေးတံတားကြေး
နဝတလက်ထက်လမ်းကြေးတံတားကြေးက ကားနဲ့ခရီးသွားဖူးသူတိုင်း
ကားနဲ့လုပ်ကိုင်စားသောက်သူတိုင်းသိကြပါတယ်
လေလံပစ်တာဘယ်လိုပစ်သလဲမသိပေမဲ့
လမ်းကြေးတံတားကြေးကောက်ရာမှာကောက်သူရဲ့ပါးစပ်ထဲရှိ
တဲ့ကြေးပေးခဲ့ရတာအားလုံးအသိပါ မကြေနပ်လည်းပေးခဲ့ရတာပါပဲ
ဦးသိန်းစိန်အစိုးရလည်းတက်လာရော
လမ်းကြေးတံတားကြေးတွေကောက်ခံမှုပြောင်းလဲဖို့လုပ်ဆောင်လာပါတယ်
ကောက်ခံရမည့်ကြေးကိုဆိုင်းဘုတ်နဲ့ထောင်ပြီးပိုတောင်းရင်အရေးယူမှု
တွေလုပ်လာလို့လမ်းကြေးတံတားကြေးတွေပုံမှန်ဖြစ်ပြီး
ကားဆရာတွေအတော်စိတ်ချမ်းသာနေကြပါတယ်
မချမ်းသာနေရော
အရင်မိုးကုတ်မိုးမိတ်ကကုန်ကားတွေမန်းတလေးလာရင်လမ်းကြေးချည်း
အသွားအပြန် ၅သိန်း ၆သိန်းကုန်ပါသတဲ့ ဘယ်လိုနှုံတွေနဲ့ကောက်သလဲ
မသိဖူးနော်
အခုအသွားအပြန် ၁သိန်းခွဲလောက်ပဲကုန်ကျပါသတဲ့ဗျာ
ကျွန်တော်ကိုယ်တိုင်မန်းတလေးကနေ၂၂မိုင်လောက်ဝေးတဲ့
မတ္တရာကိုဒိုင်နာစီးပြီးသွားဖူးပါတယ်
ဂိတ်မှာ၈၀၀ဝတောင်းလို့ကုန်ကားဆရာနဲ့ဂိတ်ကောက်တဲ့သူစကားများတာ
ိကိုယ်တွေ့ပါဗျာ

ကညန
နောက်ထူးခြားမှုတခုကကညနလိုင်စင်ဝင်တဲ့ကိစ္စပါဗျာ
ကညနမှာကား ဆိုင်ကယ် လိုင်စင်ဝင်ရင်သိကြတဲ့အတိုင်း
အခွန်ကြေစာရွက် ကအလွန်ရေးကြီးပါတယ်
ယာဉ်ပိုင်ရှင် မှတ်ပုံတင်မူရင်းကလည်းအရေးကြီးပါတယ်
ယာဉ်နဲ့ပတ်သက်ပြီးအခွန်ဆောင်မှု ကိုအပိုင်ကိုင်ထားတာပါ
အခုအခွန်ကြေစာရွက်စိမ်း မလိုတော့ဖူးဗျာ
ဟိုရုံးပြေးဒီရုံးပြေးဒုက္ခငြိမ်းသွားတာပ
ကညနက လိုင်စင်ကိစ္စသီးသန့်ဆောင်ရွက်တာပါတဲ့
အခွန်ကိစ္စအခွန်ရုံးကဆောင်ရွက်ပါလိမ့်မတဲ့
အတော်ကောင်းတဲ့ထူးခြားမှုပါ

ဘယ်သူတွေဘာပြောပြောဒီလိုတကယ်ထူးခြားမှုတွေကို
ကျွန်တော်ကဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်

7 comments

  • captainamerica

    June 14, 2011 at 4:45 pm

    ကောင်းတာတွေကော ဆိုးတာတွေရောလူ ပတ်ဝန်းကျင်မှာအစုံရှိကြတာပဲ။အကောင်းမြင်ဝါဒသမားတွေများ
    လာရင်ပတ်ဝန်းကျင်ကြီးပိုသာယာလာမယ်လို.တော့ထင်တာပဲ……..အဆိုးမြင်တာနဲ.အကောင်းမြင်တာနဲ.
    ကိုဘယ်ဟာပိုကြိုက်ကြမယ်ထင်ကြသလဲ။???????

  • maythakhin

    June 14, 2011 at 4:55 pm

    အခွန်ကြေစာရွက်စိမ်း မလိုတော့ဘူးဆိုတာကိုတော့သိတယ်။ လုပ်ငန်းလိုင်စင်ကိစကိုတော့သေချာမကြားမိသေးဘူး ၊ဘာပဲဖြစ်ဖြစ် ကားသမားတွေအတွက် ဝမ်းမြောက်ဖွယ်သတင်းပါ။ မေတို့က တော့ ဝမ်းမြောက်စွာကြိူဆိုပါတယ်။ ကားလိုင်စင်ဝင်ရင် owmer ဆီက မှတ်ပုံတင်တောင်းရတဲ့(အခကြေးငွေပေးပြီးငှားရတဲ့ ဒုတ်ခက) လွတ်သွားတာပေါ့။

  • padonmar

    June 14, 2011 at 5:02 pm

    အဲဒီလိုကောင်းတာလေးတွေ များများလာမယ်ဆိုရင်တော့ ကျွန်မတို့ မသေခင် လှပတဲ့ တခေတ်ကိုမြင်ရမယ်လို့ မျှော်လင့်ပါတယ်။

  • shweminthar

    June 14, 2011 at 11:45 pm

    အခွန်ကြေစာရွတ်မလိုတော့တာ တကယ်လား…..
    မနေ့က ဆိုင်ပွဲစားတစ်ယောက်နဲ့ တွေ့ တယ်…
    သူ့အတွေ့အကြုံအရ ၂၀၀၄ လောက်တုန်းက အဲလို အသံထွတ်ပြီး.. အခွန်ဆောင်စရာ မလိုတော့လို့ လိုင်စင်တွေ သွားဝင်လိုက်ကြတာ နောက်နှစ်သက်တမ်းတိုးမှာ ဘယ်မှာလဲ အခွန်ကြေစာရွတ်ဆိုလို့..
    ပြန်ပြီးအခွန်ဆောင်ရတယ် ပြောတယ်.
    တကယ် မစောင်ရတော့ဘူး ဆိုရင် တော့ ဝမ်းမြောက်ပါကြောင်း…….
    ကြိုဆိုပါကြောင်း…….
    ကောင်းတာလေးတွေလဲ အသိအမှတ်ပြုပေးဖို့လိုတယ်လေ

  • weRone

    June 15, 2011 at 3:29 am

    ဥပဒေ အထက်မှာ ရှိတဲ့ လူတွေ ဥပဒေ အောက် ကို ဆင်ရင် ပိုကောင်းလာပါလိမ့်မယ်။…

  • Shwe Tike Soe

    June 15, 2011 at 4:55 am

    ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲတာထက်စာရင် ပြောင်လဲလာတာ ကြိုဆိုပါတယ်…
    ကောင်းသောပြောင်းလဲခြင်းတွေဖြစ်ပါစေ……….

  • unclegyi1974

    June 15, 2011 at 4:12 pm

    အခွန်ကြေစာရွက်စိမ်းမလိုဆိုတာ ကညန လိုင်စင်ဝင်ဖို့အတွက်ပါ
    အခွန်ကြေစာရွက်စိမ်းကနောက်ပိုင်းအခွန်ရုံးက သီးခြားပြန်လာဖို့များတယ်နော်

Leave a Reply