ဆည်းဆာဖျော့ဖျော့အလွမ်းသော့သော့


ဆည်းဆာချိန်ရောက်တော့အလင်းရောင်လေးကလဲ ခပ်ဖျော့ဖျော့လေးဘဲရှိနေပါတယ်။
ပုထိုးတော်ကြီးဘုရားရဲ့မြောက်ဘက်ခြမ်းမှာတော့ ထန်းပင်ကောက်ကောက်လေးက မိုးကိုထောင်တက်လို့နေပါတယ်။
သူ့နံဘေးမှာကတော့ ခြုံနွယ်ပိတ်ပေါင်းတွေကြားကအနီရောင်ဘုရားအိုအိုလေးကိုတွေ့လို်က်ရတော့
ဘယ်ကိုလွမ်းရမှန်းမသိလွမ်းသလိုလို။
ဒါပေမယ့်လည်း အိမ်အပြန်လမ်းဆိုတော့လဲ ခပ်မြန်မြန်ကြည့် လက်သွက်သွက်နဲ့ကင်မရာခလုပ်ကိုနှိပ်လို့ ခပ်သော့သော့လေးဘဲ လွမ်းလိုက်ရပါတယ်။
အမြန်ခေတ်ကိုဗျ။